Thursday, April 9, 2015

အရက်၊ ဆေးလိပ်အခွန် တိုးကောက်မည့်ဥပဒေ လာမည့်နှစ် ပြဋ္ဌာန်းနိုင်

အရက်၊ ဆေးလိပ်အပါအဝင် အထူးကုန်သွယ်ခွင့်ဖြင့် ခွင့်ပြုထား သော ကုန်စည်များကို အခွန်ပိုတိုး ကောက်မည့် ဥပဒေကို လာမည့် နှစ်တွင် ပြဋ္ဌာန်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယခင်ပြဋ္ဌာန်းထားရှိခဲ့သော ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတွင် အရက်၊ ဆေးလိပ်၊ မော်တော် ကားနှင့် အခြားပစ္စည်းအချို့ကို ရောသွင်း ပြဋ္ဌာန်းထားပြီး သီးခြား ဥပဒေအဖြစ် မရှိကြောင်း၊ ထို့ ကြောင့် ပိုမိုကုန်သွယ်မှု မပြု လုပ်နိုင်ရန် အခွန်အခ တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ယင်းအ တွက် သီးသန့်ဖြစ်သော အထူး ကုန်သွယ်လုပ်ငန်းဥပဒေကို ပြ ဋ္ဌာန်းရခြင်းဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။


''ထိုင်းမှာဆိုရင် ဒီလို အရာ တွေကို သီးခြားယစ်မျိုးခွန်ဆိုပြီး လုပ်တယ်။ အသစ်ရေးဆွဲနေတဲ့ အထူးကုန်သွယ်လုပ်ငန်းခွန်ဥပဒေ မှာ ဒီအရာတွေကိုသီးခြား ပြဋ္ဌာန်း ပြီးအခွန်အခတိုးမြှင့်ကောက်ခံ သွားမှာပါ''ဟု ပြည် တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ယခုကဲ့သို့ အရက်၊ စီးကရက် တို့ကို သီးခြားဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ အခွန်စိစစ်ကြပ်မတ် ရေး ဘုတ်အဖွဲ့ခေါင်းဆောင် သူရ ဦးသောင်းလွင်က မြန်မာနိုင်ငံတွင် ပြည်သူများ မစားသုံး၊ မသုံးစွဲစေ ချင်သည့် ကျန်းမာရေးနှင့် မညီ သော ကိစ္စများကို အထူးအခွန်ဖြင့် တိုးမြှင့်ကောက်ခံတားမြစ်ခြင်းဖြစ် ကြောင်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပမှ အရက်စီးကရက် များကို တိုက်ရိုက်တင်သွင်းခွင့် မပြုထား သော်လည်းဟိုတယ်များနှင့် လေ ဆိပ်များမှ အကောက်ခွန် ကင်း လွတ်ခွင့် ရဆိုင်များကို တင်သွင်း ခွင့်ပေးထားသည်။ ''အခု ပြဋ္ဌာန်း မယ့် ဥပဒေမှာ ပြည်တွင်းက တရားဝင်ထုတ်လုပ်ဖြန့်ဖြူးခွင့် ပြု ထားတဲ့ အရက်၊ ဆေးလိပ်တွေ အားလုံး အကျုံးဝင်မှာပါ''ဟု သူရ ဦးသောင်းလွင်က ဆိုသည်။

ယင်းအထူး ကုန်သွယ်လုပ် ငန်းခွန် ဥပဒေရေးဆွဲပြီးပါက UMFCCI ကဲ့သို့သော ကုန်သည် များနှင့် တိုင်ပင် ဆွေးနွေး၍ အား လုံးနှင့် လိုက်လျောညီထွေဖြစ်နိုင် မည့် အခွန်နှုန်းထားများကို တိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း အခွန်ဌာနမှ သိရသည်။

ရဲလွင်
Popular Myanmar News Journal

No comments:

Post a Comment