Thursday, April 9, 2015

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး ခေါင်းဆောင်များသဘောတူ

 ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထား သော ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်ရန် ဆွေးနွေးပွဲတွင်ပါဝင်သည့် ခေါင်း ဆောင်များအကြား တရားဝင်ညှိ နှိုင်းသဘောတူညီမှု ရရှိခဲ့ ကြောင်း သတင်းရရှိသည်။
ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်သည့် ထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တက် ရောက်သော ၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ခေါင်း ဆောင်များအကြား ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘တွေ့ဆုံပွဲအပြီး သူတို့အ ချင်းချင်း စကားရပ်ပြောပြီးတဲ့အ ချိန်မှာ အဲဒီသဘောတူညီချက် ရခဲ့တာပါ။ အစီအစဉ် အသေးစိတ်ကို ဘယ်လိုလုပ်သွားမယ်ဆိုတာ မသိရသေးဘူး။ သတင်းထုတ်ပြန် မှုလုပ်၊ မလုပ်ဆိုတာလည်း မပြော နိုင်သေးပါဘူး။ ၁၀ ရက်နေ့မှာ လုပ်မယ်ဆိုတာပဲ ပြောနိုင်ပါသေးတယ်’’ ဟု ဦးရဲထွဋ်က ပြောသည်။
အဆိုပါ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဧပြီ ၆ ရက်၌ ပြောကြားထား သော်လည်း ဖော်ပြပါ ဆွေးနွေးပွဲပြီးမှသာ ခေါင်းဆောင်များအကြား ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။
‘‘အခုဆို ကျွန်တော်တို့တွေ့ ဆုံတာ စတုတ္ထအကြိမ်မြောက် ဖြစ်ပါတယ်။ အခုဆို အသွင်ကူး ပြောင်းရေး ကာလဖြစ်တဲ့ အ လှည့်အပြောင်းကာလကို ရောက် ရှိနေပြီ ဖြစ်ပါတယ်။ ပြည်ထောင် စုလွှတ်တော်က အဆိုပြုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကိစ္စ ကိုလည်း မကြာမီ ပြုလုပ်သွားဖို့ ရှိပါတယ်’’ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အထက်ပါ ဆွေး နွေးပွဲအစတွင် ပြောကြားခဲ့သည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့်ပတ်သက်၍  ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ‘‘စောင့်ကြည့်ကြပါ။ စောင့်ကြည့်ပေါ့’’ဟု ဆွေးနွေးပွဲတက်ရောက်ရန် သမ္မတအိမ်တော်သို့ ရောက်ရှိစဉ် သတင်းထောက်များ အား ပြောကြားသည်။
ယခင် ၄၈ ပွင့်ဆိုင် ဆွေးနွေး ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်လေ့ရှိသော် လည်း ယခုအကြိမ်တွင် ရခိုင်ပြည် နယ်သို့ ခရီးလွန်နေသဖြင့် တက်ရောက်လာခြင်း မရှိဘဲ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သာ တက်ရောက်လာ သည်။
ထို့အပြင် ရှမ်းအမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန် ထွန်းဦး၊ ကချင်ပါတီခေါင်းဆောင် ဒေါက်တာမနမ်တူးဂျာနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဦးခင်ကြူးတို့မှာ ခရီးလွန်နေသဖြင့် တက်ရောက်လာခြင်း မရှိပေ။ နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့သည်။
ဖော်ပြပါ တွေ့ဆုံပွဲတွင်  မကြာမီက လက်မှတ်ရေးထိုးနိုင်ခဲ့ သော အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းကိစ္စနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ပြီး မကြာမီပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်များ အမြန်ချမှတ်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း ဦးရဲထွဋ်ကပြောသည်။
ယခုဆွေးနွေးပွဲ အပါအ၀င် ခြောက်ပွင့်ဆိုင်ကိစ္စနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မီဒီယာများက  မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
‘‘အခုက ငြိမ်းချမ်းရေးနဲ့ပတ် သက်တဲ့ မူကြမ်းစာချုပ်လည်း လက်မှတ်ထိုးနိုင်ပြီ။ ဒီလိုအားလုံး ပါဝင်တဲ့ တွေ့ဆုံပွဲတွေလည်း နှစ် ကြိမ်လုပ်ပြီးပြီ။ အခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း လွှတ်တော်က ပြင်ဆင်ပြီးပြီ။ ဒါကြောင့် ခြောက် ပွင့်ဆိုင်တွေ့ဖြစ်တာပါ။ ကျွန်တော်တို့က ခြောက်ပွင့်ဆိုင် ကို ငြင်းဆန်ထားတာ မဟုတ်ပါ ဘူး။ ဒီလိုတွေ့ဆုံ ပွဲတွေလုပ်တဲ့ အတွက် ခေါင်းဆောင်တွေအနေ နဲ့လည်း ခြောက်ပွင့်ဆိုင်မှာ ဆွေး နွေးနိုင်ဖို့ အချက်အလက်တွေ ပိုရ တာပေါ့’’ ဦးရဲထွဋ်က ဆိုသည်။
‘‘ခြောက်ပွင့်ဆိုင် တွေ့ဆုံ ရေးကတော့ ပြည်ထောင်စုလွှတ် တော်က ဆုံးဖြတ်ထားတာဖြစ်တဲ့ အတွက် ကျွန်တော်တို့က ငြင်းလို့ မရဘူးပေါ့ဗျာ။ ချည်ပြီး တုပ်ပြီးမှ လုပ်တဲ့သဘောပေါ့။ ဘယ်လို ရလဒ်တွေ ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ ဒီလိုတွေ့ မယ်ဆိုတော့ နိုင်ငံရေးတင်းမာမှု တော့ လျော့သွားတာပေါ့။ ဒီနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သမ္မတ အနေနဲ့ အရင်ကထက်ပိုပြီး ပျော့ ပြောင်းလာတာ တွေ့ရတယ်။ ဆွေးနွေးပွဲအပေါ်မှာ သိပ်ပြီး ကျေ နပ်အားရလှတယ်တော့ မဟုတ် ပါဘူး’’ ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောသည်။
ယခုကျင်းပခဲ့သော ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် ဆွေးနွေးပွဲ၌ ယခင်ဆွေးနွေးပွဲ များနည်းတူ သဘောတူညီချက် ရရှိခဲ့ခြင်း မရှိဘဲ သဘောထား ကြေညာချက်များ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။
7Day Daily

No comments:

Post a Comment