ဘယ်လိုချောင်းဆိုးမှုမျိုးပဲ ဖြစ်ဖြစ် ချောင်းဆိုးပျောက်ဆေးရည်တွေ သောက်မယ့်အစား နာနတ်သီးဖျော်ရည်ကိုသာ သောက်ပေးလိုက်ပါ။ အကုန်အကျ ပိုနည်းတဲ့အပြင် ဓာတုအဆိပ်အတောက်တွေ မပါဝင်ဘဲ အအေးမိခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
နေစဉ်ပုံမှန် အစားအစာထဲ သကြားဓာတ်ပါဝင်မှု လျော့ချဖို့ လိုအပ်သူတွေအတွက် အထူးသင့်တော် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဗူးနဲ့ ထည့်ထားတဲ့ အချိုရည်မှာ အချိုဓာတ် ထပ်ပေါင်းထားတာမို့ သဘာဝ နာနတ်သီးဖျော်ရည် စစ်စစ်တစ်မျိုးတည်းသာ မှီဝဲသောက်သုံးပါ။
ဖျော်ပုံဖျော်နည်း
- သန့်ရှင်းလတ်ဆတ်တဲ့ နာနတ်သီးရည် (၁) ခွက်
- ချင်း (၁) စိပ်
- လတ်ဆတ်တဲ့ သံပုယိုရည် (၁/၄) ခွက်
- ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်း
- ပျားရည်စစ်စစ် ထမင်းစားဇွန်း (၁) ဇွန်း
အားလုံးရောစပ်၍ ၁/၄ ခွက်နဲ့ တစ်နေ့ ၂ မှ ၃ ကြိမ်အထိ သောက်ပေးရပါမယ်။
Ref:dailynutritionnews
Trend Myanmar
No comments:
Post a Comment