Wednesday, April 8, 2015

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ပျံလွန်တော်မူခဲ့သော ဆရာတော်ကြီးနှင့် လွန်ခဲ့သော သုံးလက ပျံလွန်တော်မူခဲ့သည့် တပည့် ဆရာတော်၏ မပုပ်မသိုးကြွင်းကျန်ရစ်သော ရုပ်ကလာပ် များကို အများပြည်သူဖူးမြော်နိုင်ရန် သံတွဲမြို့နယ်၌ တစ်ပြိုင်နက်တည်း အပူဇော်ခံလျက်ရှိ

နှစ်ပေါင်းသုံးဆယ် ကျော်တိုင် မပုပ်မသိုးတည်ရှိနေသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်နှင့် လွန်ခဲ့သည့်သုံးလခန့်က ပျံလွန်တော် မူခဲ့သည့် ဆရာတော်ကြီး၏ တပည့် ဆရာတော်၏ ကြွင်းကျန်ရုပ်ကလာပ် မှာ ယနေ့ချိန်ထိ မပုပ်မသိုးတည်ရှိ နေသဖြင့် ထိုကြွင်းကျန် ရုပ်ကလာပ် များကို အများပြည်သူများဖူးမြော် နိုင်ရန် တစ်ပြိုင်နက်တည်းအပူဇော် ခံလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ဇလွန် (မဒေး)ကျေးရွာ တွင်တည်ရှိသည့် ဓမ္မသစ္စာကျောင်းထိုင်ဆရာတော် ကြီးဖြစ်သူ သက်တော် ၈ဝ ဝါတော် ၆ဝ ရှိ ဆရာတော်ကြီး ဦးသုဇာတ သည် ၁၉၈၄ ခုနှစ်တွင် ပျံလွန်တော် မူခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပျံလွန်တော်မူခဲ့သည့် အချိန်တွင် ဆရာတော်ကြီး၏ ကြွင်း ကျန်ခဲ့သည့် ရုပ်ကလာပ်မှာ တခြား သောရုပ်ကလာပ်များနှင့်မတူ၊ မပုပ် မသိုး အစရှိသည့် လက္ခဏာများဖြစ် ပေါ်လာသဖြင့် သက်ဆိုင်ရာသံဃာ တော်များ၊ တပည့်ဒါယကာများနှင့် တိုင်ပင်ကာ ယခုကဲ့သို့ အပူဇော်ခံ ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
''ဆရာတော်ကြီးကိုယ်တိုင် မပျံ လွန်ခဲ့စဉ်ကလဲ မိန့်ကြားဖူးတာရှိခဲ့ပါ တယ်။ အဲဒါကဘာလဲဆိုတော့ ဆရာ တော်ကြီးက ငါပျံလွန်ရင်မပုပ်မသိုး ဘူးလို့ ပြောခဲ့ဖူးပါတယ်။ တကယ်လဲ ဆရာတော်ကြီးပျံလွန်တော်မူတဲ့အ ခါမှာ ဆရာတော်ကြီး မိန့်ခဲ့တဲ့အတိုင်း လုံးဝပုပ်သိုးခြင်းမရှိဘဲ ယခုလိုနှစ်ပေါင်း များစွာ အပူဇော်ခံနေခြင်းဖြစ်ပါ တယ်''ဟု ဆရာတော်ကြီး၏တပည့် ဖြစ်သူ ဦးဝါယမက မိန့်ကြားသည်။
အဆိုပါကျောင်းတိုက်တွင် ဆ ရာတော်ကြီး၏တပည့်ဖြစ်သူ ဆရာ တော် ဦးကဝိနန္ဒမှာလဲ ဆရာတော် ကြီး ကျင့်ကြံအားထုတ်ခဲ့သည့် တရား များကို မှတ်သားနာယူကာ တရားဓမ္မ များကိုအားထုတ်ပြီး ယင်းကျောင်း တော်တွင် ဆက်လက် သီတင်းသုံး တော်မူခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဆရာတော်ကြီးနှစ် ပါး၏ကြွင်းကျန်ခဲ့သည့် ရုပ်ကလာပ် များ ထူးဆန်းစွာ မပုပ်မသိုးတည်ရှိနေ ခြင်းနှင့်ပတ်သက်ပြီး သံလျင် နတ်စင် တစ်ရာဆရာတော်ကြီးက
''ဒီလိုမျိုး ဖြစ်တည်ရတာက ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တွေအပြင် အရင်အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ သီလ၊ သမာဓိတွေဖြူ စင်မှန်ကန်ခဲ့လို့ဖြစ်တယ်။ ယခုဘဝ မှာလဲ ဆရာတော်ကြီးရဲ့ အကျင့် သီလ ကိုယ်ကျင့်တရားကောင်းမွန် ခဲ့ပြီး လောဘ၊ ဒေါသ၊ မောဟကို ချုပ်ငြိမ်းလိုက်တဲ့ ဆရာတော်ကြီး တွေဖြစ်ပါတယ်။ ဒီလိုဘဝမျိုး၊ ဒီလို ဖြစ်ရအောင် သူတို့တွေ မနည်းကျင့် ကြံကြိုးစားအားထုတ်ခဲ့ရတာဖြစ်ပါ တယ်။ အဲဒါကတော့ သူတော်စင်တွေ သွားတဲ့လမ်းပဲဖြစ်ပါတယ်။ အရ ဟတ္တဖိုလ် မြတ်နိဗ္ဗာန်ကို သွားဖို့ အတွက် ပထမခြေလှမ်းကို လှမ်း လိုက်တာလဲဖြစ်ပါတယ်။ ဒီလိုမျိုး ဆရာတော်တွေဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးပါတယ်။ ဒီလိုမျိုး ဆရာတော်တွေကို ဖူးမြော်ခွင့်ရတဲ့ သူတွေဟာလဲ ဒီဘဝမှာ ဘေးဒုက္ခ အန္တရာယ်တွေကင်းဝေးပြီး ကောင်း ကျိုးချမ်းသာကို ရရှိနိုင်တဲ့အတွက် ဒီလိုမျိုးဆရာတော်တွေကို သွား ရောက်ဖူးမြော်သင့်ပါတယ်'' ဟု ဆ ရာတော်ကြီးက မိန့်သည်။
ယင်းသို့ သီတင်း သုံးတော်မူ နေရာမှ သက်တော် ၈၈၊ ဝါတော် ၆၇ ဝါရှိသည့် ဆရာတော် ဦးကဝိနန္ဒမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ပျံလွန်တော် မူခဲ့ကြောင်း၊ ယင်းကဲ့သို့ ပျံလွန်တော်မူခဲ့သည့်နောက်တွင်လဲ ဆရာတော်မှာ ယခင်ဆရာတော်ကြီး နည်းတူ ကြွင်းကျန်ခဲ့သည့် ရုပ်ကလာပ် မှာ ထူးဆန်းစွာ မပုပ်မသိုးတည်ရှိ နေသဖြင့် ယခုကဲ့သို့ ဆရာတော်ကြီး အနီးတွင် အပူဇော်ခံထားရှိရခြင်းဖြစ် ကြောင်း သိရသည်။
''ဆရာတော်ကြီး ဦးကဝိနန္ဒက ဆရာတော်ကြီး ကျင့်ကြံအားထုတ်ခဲ့ တဲ့နည်းတွေအတိုင်း ကျင့်ကြံအား ထုတ် ခဲ့တာဖြစ်ပါတယ်။ အရင်ဆရာ တော်ကြီးကတော့ ထွန်ထောင်ဆရာ တော်ကြီးရဲ့ နည်းနာနိဿယတွေကို လေ့လာမှတ်သားပြီး ကျင့်ကြံအား ထုတ်ခဲ့သလို လွန်ခဲ့တဲ့သုံးလလောက် ကမှ ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဦးကဝိနန္ဒကလဲ ဆရာတော်ကြီးရဲ့ နည်းလမ်းအတိုင်းပဲ ကျင့်ကြံသွားတာ ဖြစ်ပါတယ်။ အရင်ဆရာတော်ကြီး နည်းတူပဲ မကြာခင်ကမှပျံလွန်တော် မူသွားတဲ့ ဆရာတော်ရဲ့ကြွင်းကျန် ရုပ်ကလာပ် ကလဲ မပုပ်မသိုးတည်ရှိ နေတဲ့အတွက် ဆရာတော်ကြီးတွေရဲ့ ထူးခြားတဲ့သီလသမာဓိဂုဏ်ကို အ များပြည်သူတွေ ဖူးမြော်နိုင်အောင် လို့ အခုလို ဆရာတော်ကြီးနဲ့အတူ အပူဇော်ခံထားရှိရတာဖြစ်ပါတယ်''ဟု ဆရာတော်ကြီး၏တပည့်ဖြစ်သူ က ဆက်လက်မိန့်ကြားသည်။
ယခုအခါ ခမည်းတော်ဦးတာ နီနှင့် မယ်တော်ဒေါ်စိမ်းတို့မှ ဖွားမြင် သန့်စင်သည့် ဆရာတော်ကြီး ဦးသု ဇာတနှင့် ခမည်းတော်ဦးစံကျော် နှင့် မယ်တော်ဒေါ်ငွေအင်တို့မှ မွေး ဖွားသန့်စင်ခဲ့သည့် ဆရာတော်ကြီး ဦးကဝိနန္ဒတို့၏ ကြွင်းကျန်ရုပ်က လာပ်များကို ယခုအခါ မြန်မာနိုင် ငံအနှံ့မှ ပြည်သူများက စိတ်ဝင်စား စွာ လာရောက်ဖူးမြော်လျက်ရှိနေ သည်သာမက ငပလီကမ်းခြေကို အ ပန်းဖြေလာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့်များက လည်း ဆရာတော်ကြီးကို လာရောက် ဖူးမြော်သူ ပိုမိုများပြားလာသည်။
''အန်တီတို့က တစ်ပါးပဲထင် တာ။ ဒီမှာ ဒီလိုထူးခြားအံ့အားသင့် ဖွယ်ကောင်းတဲ့ ဒီလို ဆရာတော်ကြီး နှစ်ပါး တစ်ပြိုင်နက်တည်းအပူဇော်ခံ နေတယ်ဆိုတာကို တကယ်မသိဘူး။ လာတာကလဲ ငပလီကိုအပန်းဖြေ ထွက်တာဆိုတော့ ဒီရောက်မှ ဒီမှာ တခြား ဘာတွေသွားလို့ရသေးတယ် ဆိုတာကို ပြောပြတော့မှ ဒီလိုမျိုး တန်ခိုးကြီးပြီး မပုပ်မသိုးတည်ရှိနေ တဲ့ ဆရာတော်ကြီးနှစ်ပါးက အပူ ဇော်ခံနေတာ သိလိုက်ရတာ။ အရမ်း အံ့အားသင့်ဖို့ ကောင်းပါတယ်''ဟု လာရောက်ဖူးမြော်နေသူ အမျိုးသ မီးတစ်ဦးက ပြောသည်။
အဆိုပါကျောင်းတွင် ပူဇော်ခံ နေသည့် ဆရာတော်ကြီးများနှင့်ပတ် သက်ပြီး သိလိုသည့်အကြောင်းအ ရာများကိုလည်း ဒါယကာများက ဘုရားဖူးများကို အသေးစိတ်ရှင်းပြလျက်ရှိနေကြောင်း၊ ဆရာတော်ကြီး ဦးသုဇာတ၏ သမိုင်းကိုလည်း စာ အုပ်အဖြစ်ရိုက်နှိပ်ထားကာ အလှူ ရှင်များကို လှူဒါန်းပေးလျက်ရှိနေ ကြောင်း သိရသည်။
''ဆရာတော်ကြီးနှစ်ပါးကို အုတ်နဲ့ တည်ဆောက်မယ့် စံကျောင်းတော်မှာ ထားရှိဖို့၊ အဲဒီစံ ကျောင်းပေါ်မှာ စေတီတည်ထားဖို့ အတွက် ငပလီကမ်းခြေမှာ လုပ်ကိုင် နေတဲ့ အောင်မြင်သောခြင်္သေ့ ကုမ္ပ ဏီကနေ တာဝန်ယူ တည်ဆောက် နေပါပြီ။ ဒီနှစ်အတွင်း အပြီးတည် ဆောက်သွားမှာပါ၊ အဲဒီအခါကျရင် ဒီထက်ပိုပြီး ခိုင်ခိုင်မာမာ ရှိလာတော့ မှာဖြစ်ပါတယ်'' ဟု ဆရာတော်ဦးဝါ ယမက ဆက်လက်မိန့်ကြားသည်။
ယင်းကဲ့သို့ မပုပ်မသိုး တည်ရှိ ရုံသာမက ဆံတော်များပါထွက်ရှိနေ သည့် ထူးခြားဖွယ်ရာ ဆရာတော်ကြီး ၏ ရုပ်ကလာပ်တော်တည်ရှိရာနေရာ သည် ငပလီကမ်းခြေနှင့် ၁ဝ မိုင်ခန့် အကွာတွင်တည်ရှိပြီး ယခုအခါ ဆရာတော်ကြီးနှစ်ပါး စံပယ်မည့် အ လျား ပေ ၄ဝ နှင့် အနံ ၃၅ ပေ ရှိ စံကျောင်းတော်ကို စတင်တည် ဆောက်နေပြီဖြစ်သည်။
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|

No comments:

Post a Comment