Wednesday, April 8, 2015

MNDAA ပြောရေးဆိုခွင့်ရှိသူ ထွန်းမြတ်လင်းအား မဟုတ်မမှန် သတင်းထုတ်လွှင့်မှုဖြင့် အမှုဖွင့်အရေးယူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ မီဒီယာများအား မဟုတ်မမှန် သတင်းထုတ်လွှင့်ခဲ့သည့် MNDAA ပြောရေးဆိုခွင့်ရှိသူ ထွန်းမြတ်လင်းအား ဧပြီ ၄ ရက်နေ့ တွင် လောက်ကိုင်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လောက်ကိုင်မြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျရဲအရာရှိတစ်ဦးက “ထွန်းမြတ်လင်းကို အမှုဖွင့်အရေးယူထားတယ်ဆိုတာမှန် ပါတယ်၊ လောက်ကိုင်တိုက်ပွဲတွေမှာ တပ်မတော်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို မဟုတ်မမှန်သတင်းတွေပေးခဲ့တာကြောင့်ပါ” ဟု ပြောကြားခဲ့သည်။

MNDAA ပြောရေးဆိုခွင့်ရှိသူ ထွန်းမြတ်လင်းသည် သူ့ကိုယ့်သူယင်းအဖွဲ့၏ အတွင်းရေးမှူးဖြစ်ကြောင်းနှင့် စစ်ပွဲကာလ အတွင်း တပ်မတော်မှကျဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၄၀၀ကျော် ရှိပြီဟု မမှန်မကန်သတင်း ထုတ်လွှင့်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကတော့ လုပ်ထုံးလုပ်နည်းတွေအရ လုပ်တာဖြစ်ပါတယ်၊ ထွန်းမြတ်လင်း ရဲ့မမှန်မကန်သတင်းထုတ်လွှင့်မှုတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့တပ်မတော်သားတွေကို စိတ်ဓာတ်ကျ ဆင်းအောင် ပြု လုပ်တယ်လို့ စိစစ်တွေ့ရှိရ တဲ့အတွက် အရေးယူပေးဖို့ တပ်မတော်က ပြည် ထဲရေးကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်းရဲ အရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကို ရယူ၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ထွန်မြတ်လင်း(ခ)ထွန်းလွင်(ခ)ဖုန်အားတီ၊ အမှတ်(၃၀)၊မြို့ပတ်လမ်း၊ ရပ်ကွက်ကြီး(၆)၊ ပြင်ဦးလွင်မြို့၊မန္တလေး တိုင်းဒေသကြီးနေသူအား ၁၉၅၀ ပြည့်နှစ်အရေးပေါ် စီမံအက်ဥပဒေပုဒ်မ ၅(က)/ ၅(င)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။
Shan‬ News

No comments:

Post a Comment