Thursday, April 2, 2015

ကမ္ဘာ့ထိပ်တန်းငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်း VISA မှ ပြည်တွင်း၌ အွန်လိုင်းငွေပေးချေမှု e-Commerce လုပ်ငန်းလုပ်ကိုင်မည်


ကမ္ဘာ့ထိပ်တန်းငွေ ပေးချေရေးဝန်ဆောင်မှုလုပ်ငန်းတစ် ခုဖြစ်သည့် VISA မှ ပြည်တွင်း၌ အွန်လိုင်းငွေပေးချေမှု e-Commerceလုပ်ငန်းလုပ်ကိုင်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ VISA မှတစ်ဆင့် နိုင်ငံတကာမှ လေယာဉ်လက်မှတ် များ၊ ဟိုတယ်နှင့်ပညာရေးတို့ဖြင့် သက်ဆိုင်သည့်ငွေကြေးကိစ္စရပ်များ ကို အွန်လိုင်းမှငွေပေးချေနိုင်သည့် စနစ်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

VISA မြန်မာ၏ Country Manager ဖြစ်သူ Mr. Hiro Taylor က ''အခုဆိုမြန်မာနိုင်ငံမှာငွေသား ကိုင်ဖို့မလိုတော့ဘဲ အီလက်ထရွန် နစ်ငွေပေးချေရေးစနစ်တစ်ခုဖြစ်တဲ့ Visa ကတ်သုံးတဲ့သူတွေပိုပြီးရှိလာ တယ်၊ နောက်ပိုင်း Visa ကတ်ကိုင် ပြီး အွန်လိုင်းကနေငွေပေးချေမှုတွေ လုပ်လို့ ရအောင်စီစဉ်နေတယ်၊ နိုင်ငံ တကာမှာသုံးနေတဲ့ပုံစံအတိုင်း ဖေ့စ် ဘွတ်စ်၊ ဗိုက်ဗာတွေကို ငွေလှမ်းပေး ချေလို့ရမယ်''ဟု ပြောသည်။
လက်ရှိတွင် Visa မှ ပြည်တွင်း ၌ ကမ္ဘောဇဘဏ်၊ AGD ဘဏ်၊ ယူနိုက် တက် အမရဘဏ်၊ CB ဘဏ်၊ ဧရာ ဝတီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့ ရှေ့ဆောင် အစရှိသည့်ဘဏ်ရှစ်ခုတို့ဖြင့် ပူးပေါင်းလုပ်ဆောင်ရန် လိုင် စင်ရရှိထားပြီး ယင်းမှ ဘဏ်ငါးခု နှင့်နိုင်ငံတကာ ခရီးသွားငွေပေးချေမှု ကတ်အစီအစဉ်ကို စတင်ဝန်ဆောင် မှုပေးလျက် ရှိသည်ဟု သိရသည်။
''အွန်လိုင်းငွေပေးချေမှုတွေ သုံးစွဲဖို့ ဒီမှာလဲလိုလားနေတဲ့သူတွေ ရှိတယ်၊ နောက်ထပ်လဲငွေပေးချေမှု စနစ်နယ်ပယ်တိုးချဲ့မှုတွေကိုလဲ Visa ကွန်ရက်ကတစ်ဆင့် ဆက်ပြီးလုပ် သွားဖို့တွေရှိပါတယ်''ဟု Mr. Hiro Taylor က ထပ်မံပြောသည်။
ပြည်တွင်း၌အီလက်ထရွန်နစ် စနစ်သုံး၍ ငွေပေးချေရေးစနစ် များလက်ခံ အသုံးပြုနိုင်သည့်လက် လီအရောင်းဆိုင်ပေါင်း ၁၈ဝဝကျော် နှင့် ATM စက်ပေါင်း ၁၁၅ဝခန့်ရှိ ကြောင်း Visa မှ ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။
လက်ရှိအချိန်တွင် အွန်လိုင်း ဘဏ်စနစ်အသုံးပြုမှုများရှိလာ သော်လည်း ပြည်တွင်း၌ ဆက်သွယ် ရေးအခြေခံအဆောက်အအုံမပြည့် စုံမှုတို့ကြောင့် ယင်းဝန်ဆောင်မှုဖွံ့ဖြိုး သင့်သလောက်ဖွံ့ဖြိုးလာခြင်းမရှိသေး ကြောင်းကို နည်းပညာလုပ်ငန်းလုပ် ကိုင်နေသူဦးဇေယျက ပြောသည်။
ယင်းက''ပြည်တွင်းကိုနည်း ပညာကုမ္ပဏီတွေလာပြီး ဘဏ်တွေ နဲ့ချိတ်ဆက်တယ်၊ ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးလာတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ e-Commerce ဖွံ့ဖြိုးလာ ဖို့မပြောနဲ့ဦး၊ ATM မှာငွေထုတ်တာ တောင် အွန်လိုင်းကျသွားလို့လွဲမှား မှုဖြစ်တာတွေအရင် ပြည့်စုံအောင် လုပ်သင့်တယ်''ဟု ပြောသည်။
Visa မှ ဧပြီ ၁ရက် Park Royal Hotel တွင် Visa မြန်မာ နိုင်ငံရုံး ဖွင့်လှစ်ခြင်းနှင့် Mr.Hiro Taylor အား မြန်မာ၏ Country Manager အဖြစ် ခန့်အပ်ကြောင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

|─────----------------Yangon Media Group ----------──────-|

No comments:

Post a Comment