Thursday, April 2, 2015

မွေးနေ့အမှတ်တရ နာမည်ကျန်နေရစ်အောင်လုပ်မယ့် ဖြူဖြူကျော်သိန်း

ကိုယ်ပိုင်သံစဉ်ရော့ခ် သီချင်းများပါဝင်သော ‘‘နာမည် ကျန်နေရစ်မယ်’’တစ်ကိုယ်တော် တေးစီးရီးကို ဧပြီ ၂၅ ရက်တွင် စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူ ကျော်သိန်းက ပြောသည်။
‘‘ဖြူဖြူ့မွေးနေ့က ဧပြီ ၂၂ ရက်ပါ။ နှစ်သစ်လည်းဖြစ်တယ်။ မွေးနေ့လည်း ရှိတဲ့အတွက် အမှတ်တရအနေနဲ့ ဖြန့်ဖို့စီစဉ် လိုက်တာပါ။ ပရိသတ်ကလည်း တောင်းဆိုနေတာ
ကြာပြီ။ နောက်လည်း ကျနေပြီဆိုတော့ ဒီအချိန်လေးမှာ အချိန်ကိုက်လေး ထွက်လိုက်ချင်တာပါ’’ဟု ၎င်းက ပြောသည်။
ယင်းအခွေတွင် ယခုနှစ် နှစ် ဆန်းပိုင်းက အွန်လိုင်းမှ ဖြန့်ချိ ပေးခဲ့သော စစ်သီချင်းလည်း ပါ ၀င်မည်ဖြစ်ပြီး ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်း ဆယ်ပုဒ်ပါဝင်မည် ဟု ဆိုသည်။
‘‘ပရိသတ်အတွက် တန်ဖိုးရှိ တဲ့ မက်ဆေ့ခ်ျလေးတွေပါတဲ့ သီချင်းစာသားတွေ များပါတယ်။ လူတိုင်းဖြတ်သန်းဖူးတဲ့ အ ကြောင်းအရာတွေ ၊ခွန်အားပေးတဲ့ အကြောင်းအရာတွေ များပါ တယ်’’ ဟု နာမည်ကျန်နေရစ်မယ် တေးစီးရီးနှင့်ပတ်သက်၍ ဖြူဖြူ ကျော်သိန်းကပြောသည်။
ယင်းအခွေတွင် ပါဝင်သည့် သီချင်းများကို The Scare Rock Band က ရေးပေးထားသည်ဟု သိရသည်။
သင်္ကြန်ဖျော်ဖြေရန် တာမွေမြို့နယ်ရှိ Polo Club Residence တွင် သင်္ကြန်လေးရက်စလုံးရှိမည် ဖြစ်ပြီး အတက်နေ့ည နှစ်သစ်ကြိုချိန်တွင် စကိုင်းနက်မဏ္ဍပ်၌ ဧည့်သည်အဆိုရှင်အဖြစ် ဖျော်ဖြေပေး မည်ဖြစ်သည်။
‘‘ဒီနှစ်ကတော့ သင်္ကြန်သီ ချင်းအသစ်ဖြစ်တဲ့ Water Party ရေပါတီထွက်ထားတယ်။ ပရိ သတ်တွေကလည်း ဒီသီချင်းလေး ကို အရမ်းကြိုက်ကြတယ်ဆိုတော့ ဒီသီချင်းလေးကို အများဆုံးဆို သွားဖို့ ရှိပါတယ်’’ဟု ဖြူဖြူကျော် သိန်းက သင်္ကြန်ဖျော်ဖြေရေးအ ကြောင်း ပြောသည်။
7Day Daily

No comments:

Post a Comment