အိန္ဒိယသည် နှစ်ပေါင်း ၂၅ သန်းကျော်က ကျွန်းကြီးတခုဖြစ်ခဲ့သည်။ ထို့နောက် အာရှနှင့် လျှင်မြန်စွာ ပေါင်းစည်းလာခဲ့သည်။ တိုက် ၂ တိုက် ထိဆုံ တွန်းတိုက်ခဲ့ရာ တနှစ်လျှင် ၁ လက်မခွဲ မှ ၂ လက်မထိ တွန်းတိုက်ကြတော့သည်။ ထိုတွန်းတိုက်မှု ကြောင့် ကမ္ဘာ့အမြင့်ဆုံး ဟိမဝန္တာတောင်တန်းများ ပေါ်ထွက်လာပြီး ငလျင်ကြီးများ လှုပ်ရန် ဖန်တီးလာ ခဲ့တော့သည်။ အထက်ပါတိုက်ကြီး ၂ တိုက် တွန်းတိုက်မှုသည် မြန်မာပြည်သို့ပါ သက်ရောက်မှုရှိသည်။ မြောက်ဘက်သို့ သာမက အရှေ့ဘက်သို့ တွန်းတိုက်မှုကြောင့် အင်ဒို-မြန်မာ တောင်တန်းများ ထိုးထွက်လာခဲ့ပြီး ဘေးထွက် ရလဒ် စစ်ကိုင်းပြတ်ရွေ့ကြောကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ဘူမိဗေဒပညာရှင်တို့က ဆိုသည်။ ၁၅၀ဝ ကီလိုမီတာ ရှည်လျားသော စစ်ကိုင်း ပြတ်ရွေ့ကြောသည် နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေးမြို့များ အောက်နှင့် ရန်ကုန်အနီးမှ ဖြတ် သွားသည်။
ဧရာဝတီ
No comments:
Post a Comment