Thursday, May 21, 2015

လက်နက်ကြီးကျည်ကျရောက်မှု စုံစမ်းပေးရန် မြန်မာအစိုးရကို တရုတ်တောင်းဆို


လက်နက်ကြီးကျည်ကျရောက်ပြီးနောက် တရုတ်နယ်စပ်တွင် လုံခြုံရေးနှင့်သူနာပြုလုပ်ငန်းများ ဆောင်ရွက်နေစဉ်
မြန်မာနိုင်ငံဘက်မှ ပစ် ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက် ကွဲမှုအတွက် တိတိကျကျ အဖြေ ထွက်ပေါ်စေရေး စုံစမ်းစစ်ဆေး ပေးရန် တရုတ်အစိုးရက မေလ ၂၀ ရက်တွင် တောင်းဆိုလိုက် သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ အနောက်တောင် ပိုင်း ယူနန်ပြည်နယ်တွင် လက် နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲခဲ့ပြီး လူငါးဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း တရုတ် မီဒီ ယာများက ဖော်ပြခဲ့သည်။
သို့သော် မေလ ၁၈ ရက်က နေပြည်တော်တွင် မြန်မာ့တပ်မ တော် အကြီးအကဲများနှင့် တရုတ် နိုင်ငံ သံအမတ်ကြီး၊ တရုတ်စစ် သံမှူးတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲမှု များသည် မြန်မာ့တပ်မတော် စစ် ကြောင်းများ၏ ပစ်ခတ်မှု လုံးဝ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ရန်သူ့တောင်ကုန်း၏ အ နေအထား၊ မိမိတပ်များ၏ တိုက် ခိုက်မှု အရပ်မျက်နှာအနေအ ထား၊ လက်နက်ကြီးပစ်ခတ်မှု လမ်းကြောင်းအခြေအနေနှင့် အ ကွာဝေးတို့အရ တရုတ်အစိုးရမှအသိပေးအကြောင်းကြားလာ သည် နမ်စန်မြို့တွင်းသို့ ကျည်ကျ ရောက်မှုမှာ မိမိတပ်မတော်စစ် ကြောင်းများ၏ ပစ်ခတ်မှု လုံးဝ မဖြစ်နိုင်ပါကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် တရုတ်နယ်စပ် ဒေသတွင် အစိုးရစစ်တပ်နှင့် ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့များ ကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
‘‘မကြာသေးမီက မြန်မာ ဘက်က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်ပြည် သူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိစ္စအပေါ် အစိုးရအနေနဲ့ အလေးအနက်ထားပြီး ကိုင် တွယ်နေပါတယ်’’ ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရ အရာရှိ ဟောင်လီက က ဆိုသည်။
၎င်းက မြန်မာအစိုးရ အနေ ဖြင့် ဖြစ်ရပ်အတွက် တာဝန်ယူဖြေ ရှင်းရန် တောင်းဆိုခဲ့ပြီးနောက် ထပ်အလားတူ အခြေအနေမျိုး မှ ရှောင်လွှဲနိုင်ရန် လိုအပ်သော စံနှုန်းသတ်မှတ်ချက်များ လုပ် ဆောင်ရန် တိုက်တွန်းခဲ့သည်။
ပဋိပက္ခများအတွင်း လူ ပေါင်း ၆၀,၀၀၀ ခန့်သည် တရုတ် နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင် ခဲ့သော်လည်း ပြီးခဲ့သည့်လက နေရပ်သို့ အတော်များများ ပြန် လည် ရောက်ရှိလာကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းပတ် က မြန်မာဘက်မှ လက်နက်ကြီး ကျည်ဆန်များ နယ်စပ်ဖြတ်ကျော် ကျရောက်လာပြီး တရုတ်နိုင်ငံ သားများ ထိခိုက်ဒဏ်ရာရမှု အ ပေါ် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းနေ ကာ ရလဒ်ကို တရုတ်အစိုးရက စောင့်ဆိုင်းနေကြောင်း ဟောင်က ပြောကြားခဲ့သည်။
မတ်လ အတွင်းကလည်း ယူနန်တွင် လမ်းလွဲလာသည့် ဗုံးတစ်လုံး ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား ငါးဦး သေဆုံး ခဲ့မှုအတွက် တရုတ်အစိုးရက မြန်မာကို ပြင်းပြင်းထန်ထန် ဖိ အားပေး ကန့်ကွက်ခဲ့ဖူးသည်။
မေလ ၁၄ ရက်ကမူ မြို့ ငယ်လေးတစ်ခုဖြစ်သည့် လင် ကန်အနီးတွင် မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲရာ လူငါးဦး ဒဏ်ရာရ ပြီး အိမ်လေးလုံးနှင့် မော်တော် ယာဉ် သုံးစီး ထိခိုက်ပျက်စီးခဲ့ သည်။
တရုတ်အစိုးရက မြန်မာ စစ်တပ်၏ လက်နက်များ တရုတ် ဘက် ကျရောက်မှု မရှိအောင် ထိန်းသိမ်းရန် အစဉ်တစိုက် ဖိ အားပေး တောင်းဆိုနေသော် လည်း ကိုးကန့်တိမ်းရှောင် တပ် ဖွဲ့များ တရုတ်နယ်စပ်အနီး ခြေ ကုပ်ယူထားခြင်းက ပြဿနာတစ် ရပ် ဖြစ်နေသည်။
ဧပြီလတွင် မြန်မာပြန်ကြား ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့ များသည် နယ်နိမိတ် ဧရိယာနှင့် မီတာ ၅၀၀ မျှ အကွာထိ နီးနီးကပ် ကပ် ခြေကုပ်ယူထားကြောင်း သိရှိရသည်။
—Ref: Reuters

No comments:

Post a Comment