Thursday, May 21, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား မလေးရှားသို့ လှေဖြင့် ခေါ်ဆောင်လာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိပ်ကမ်းများမှတစ်ဆင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများသည် မလေး ရှားနိုင်ငံသို့ လှေစီးပြီးထွက်ခွာရာမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသဖြင့် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများသည် မလေးရှားသို့ သွား ရောက်ရန် ထွက်ခွာလာရာမှ လူပွဲ စားများအနေဖြင့် မလေးရှားသို့ပို့ရန် အဆင်မပြေတော့ ဟုဆိုကာ မြန်မာ နိုင်ငံဘက်အခြမ်းသို့ လာရောက်စွန့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့က ထွက်ဆိုခဲ့ပြီး အဆိုပါအဖွဲ့တွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၁၁ဦး ပါဝင် ကြောင်း သိရသည်။

ယင်းတို့သည် မေ ၁ရရက်နံနက် ပိုင်းက မောင်တောမြို့နယ် ဥဒေါင်း ရွာအနီးကို ရောက်ရှိနေကြောင်း ဒေသခံများက သတင်းပေးပို့သဖြင့် သွားရောက် စစ်ဆေးရာမှ ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရှင်းလင်းချက်အရ သိရသည်။
ယင်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ရေလမ်းကြောင်းဖြင့် ဝင်ရောက် လာသည့် အဆိုပါနိုင်ငံသားများကို မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိ သူများက စစ်ဆေးခဲ့ရာ ယင်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ ဆိပ်ကမ်းမှတစ်ဆင့် မလေးရှားနိုင်ငံ သို့ သွားရောက်မည့်စက်လှေဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အ ဆိုပါစက်လှေတွင် မလေးရှားသို့ သွားရောက်ရန် စောင့်ဆိုင်းနေစဉ် လူပွဲစားများက မလေးရှားသို့သွား ရောက်ရန် အဆင်မပြေတော့ကြောင်း၊ ထို့အတွက် ယင်းတို့ကို နေရပ်ပြန်ပို့ မည်ဆိုကာ စက်လှေပေါ်မှ စက်တပ် လှေငယ်အသေးစားဖြင့်တင်ဆောင် လာပြီး မြန်မာနိုင်ငံဘက်အခြမ်းတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ ကြောင်း သိရသည်။
''ညအချိန် စက်လှေမောင်း လာတယ်။ မောင်းလာပြီးတော့ ကျွန် တော်တို့ဘက်ခြမ်း အလယ်သံကျော် ချောင်းနားအရောက်မှာ မင်းတို့ ရောက်ပြီ ဆင်းဆိုပြီး ကန်ချခဲ့တယ် လို့ သိရတယ်။ ရေထဲရောက်တော့ သူတို့က ရေကူးပြီး ကမ်းပေါ်တက် လာတော့မှ သူတို့နိုင်ငံမဟုတ်မှန်း သိတယ်လို့ ထွက်ဆိုတယ်''ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
ယင်းတို့ကို နယ်မြေခံရဲတပ်ဖွဲ့ က မောင်တောခရိုင်လဝကထံသို့ပို့ ဆောင် လွှဲပြောင်းပေးခဲ့ရာ မောင် တောခရိုင်လဝကတာဝန်ရှိသူများက လိုအပ်သောစိစစ်မှုများ ထပ်မံပြု လုပ်ပြီး ယင်းတို့လာရောက်ရာလမ်း ကြောင်းအတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ရှင်းလင်းချက်အရ သိရသည်။
ယင်းကဲ့သို့ဖြစ်စဉ်ကြောင့် ယခု လတ်တလောတွင်ထိုင်းနိုင်ငံ၊ မလေး ရှားနိုင်ငံသို့ လှေဖြင့်သွားရောက်နေ သည့် လှေစီး ရွှေ့ပြောင်းဒုက္ခသည် များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပင်ဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင် သူများ မပါဝင်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများသည် ယခင် နှစ်ပေါင်း များစွာကပင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံများသို့ လူပွဲစားများထံမှတစ်ဆင့် စက်လှေဖြင့် ပင်လယ်ဖြတ်ကာ သွားရောက်လေ့ ရှိကြောင်း ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ သတင်းအချက် အလက်များအရ သိရသည်။
ယင်းသို့သွားရောက်လာခဲ့ရာ မှ ယင်းတို့ကို အလုပ်အကိုင်ရရှိမည် ဟု စုဆောင်း ခေါ်ဆောင်ထားသည့် လူမှောင်ခိုဂိုဏ်းများမှာ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံနယ်စပ်အနီးရှိ ဒေသများနှင့် ကျွန်းများတွင် ကြီး ထွားလာကြောင်း သိရသည်။
လူမှောင်ခို ဂိုဏ်းများသည် ယင်းတို့ထံတွင် စုဆောင်းထားသည့် လုပ်သားများအား ထိုင်းလုပ်ငန်းရှင် များထံတွင် ရောင်းချခြင်းများပြုလုပ် လျက်ရှိပြီး လုပ်ငန်းရှင်များက လုပ် သားများကို ငါးဖမ်းလုပ်ငန်းနှင့် စိုက် ပျိုးရေးလုပ်ငန်းများတွင် ငွေကုန် ကြေးကျသက်သာစွာဖြင့် အသုံးချ လေ့ရှိကြကြောင်း သိရသည်။
Democracytoday

No comments:

Post a Comment