Thursday, May 7, 2015

တက္ကသိုလ်ပေါင်းစုံ နှီးနှောဖလှယ်ပွဲ မေလလယ်တွင် ပြုလုပ်မည်

လာမည့်ပညာသင်နှစ် တွင် စတင်မည့် တက္ကသိုလ်ဝင်ခွင့် ပုံစံ ရွေးချယ်မှုအပါအ၀င် အဆင့် မြင့် ပညာကဏ္ဍ  တက္ကသိုလ်ပေါင်း စုံ နှီးနှောဖလှယ်ပွဲကို မေလလယ် တွင် ရန်ကုန်မြို့ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သတင်းရရှိသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မှု ပုံစံများ၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည့်အ ခါ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မေ ၂၂ မှ ၂၅ ရက်အထိ လေးရက်ကြာ ဆွေး နွေးကြမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။



‘‘တက္ကသိုလ်ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကို မေလ ၂၂ ကနေ ၂၅ ရက်အထိ လုပ်ဖို့ရည်ရွယ်ထား တယ်။ ရန်ကုန်တက္ကသိုလ် စိန် ရတုခန်းမမှာပဲ လုပ်ဖြစ်မယ်။ တက္ကသိုလ်ဝင်ခွင့်တို့၊ Autonomy (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ရတဲ့အခါ ဘယ်လိုရှေ့ဆက်သွားမလဲဆို တာတွေကို ဆွေးနွေးကြမယ်’’ဟု အဆိုပါဌာန အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

တက္ကသိုလ်ပေါင်းစုံ နှီးနှော ဖလှယ်ပွဲတွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှု ပုံစံ ဆွေးနွေးကြမည် ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ ပြီး ပါက တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မည့်ပုံစံကို အတည်ပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင် သူက ပြောသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များတွင် လေ့လာသင် ယူနေသော ကျောင်းသူ၊ ကျောင်း သား လေးသန်းကျော်ရှိပြီး ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် နိုင်ငံခြား ဘာသာတက္ကသိုလ်များသို့ နှစ်စဉ် ၀င်ခွင့်ရသူ (နေ့တက်ကျောင်း သာ) ခြောက်သောင်းရှစ်ထောင် ကျော်နှင့် အဝေးသင်တက္ကသိုလ် များသို့ ၀င်ခွင့်ရသူခြောက်သောင်း ခန့် ရှိသည်။
7 day

No comments:

Post a Comment