Thursday, May 7, 2015

ကန်ဒေါ်လာတန်ဖိုးမြင့်ချိန်တွင် ပုဂ္ဂလိကဘဏ်များ ဒေါ်လာထိန်းရောင်း

အမေရိကန်ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်တက်လာ ချိန်တွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များက လူတစ်ဦးချင်းအ လိုက် ဒေါ်လာရောင်းချမှုကို ပမာ ဏများစွာ လျှော့ချထားကြောင်း သတင်းရရှိသည်။
‘‘ဗဟိုဘဏ်က ခွင့်ပြုတဲ့ဈေး နဲ့အပြင်ဈေးက   အရမ်းကွာလာ တော့ ဘဏ်တွေက ထိန်းတဲ့သ ဘောပါ’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် မြန်မာနိုင်ငံဗဟို ဘဏ်သည် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို အမေရိကန်ဒေါ်လာ ကျပ်ငွေလဲနှုန်းအားဒေါ်လာတစ် ယူနစ်လျှင် ကျပ် ၁,၀၈၀ သာ သတ်မှတ်ပေးသည်။ ဗဟိုဘဏ် ၏ ခွင့်ပြုချက်တွင် သတ်မှတ်ထား သောနှုန်းထားမှ ရှစ်ကျပ်ခန့်အ တိုးအလျှော့လုပ်ခွင့်ပေးထားသ ဖြင့် ပုဂ္ဂလိကဘဏ်များမှ အများဆုံး ရောင်းချနိုင်သည့် ကန်တစ်ဒေါ်လာတန်ဖိုးမှာ ဈေး ၁,၀၈၈ ကျပ်ခန့်သာရှိသည်။


တရားမ၀င်ပြင်ပဈေးကွက် တွင်     ကန်ဒေါ်လာတန်ဖိုး တစ်ယူနစ်လျှင် ၁,၀၉၅ကျပ်ထိ ဈေးရှိနေသဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့်   ငွေကြေး အမြောက်မြားဝယ်ယူမှုများကို မရောင်းချပေးနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

‘‘၀ယ်လိုအား အရမ်းများနေ တော့ လက်ကျန်အခြေအနေ ကြည့်ပြီး ရောင်းနေရတယ်’’ ဟု Farmar Auto ငွေလဲကောင်တာ မှ မန်နေဂျင်းဒါရိုက်တာ ဒေါက် တာစိုးထွန်းက ပြောသည်။

ပြည်တွင်း၌ ငွေလဲနှုန်းသည် ယနေ့တွင် ကန်တစ်ဒေါ်လာလျှင် ၁,၁၀၂ ကျပ်ထိ   ဈေးမြင့်လာ ကြောင်း ငွေလွှဲလုပ်ငန်း လုပ်ကိုင် နေသူများက ပြောသည်။

‘‘ဒေါ်လာတက်တော့ သွင်း ကုန်တွေဈေးတက်တာပေါ့။ ကုန် သွယ်မှုလိုငွေဖြစ်နေချိန်မှာ သွင်း ကုန်ဈေးတက်တော့ ကုန်ဈေးနှုန်း ကြီးမှာပဲ’’ဟု လှိုင်သာယာစက်မှု ဇုန် ဥက္ကဋ္ဌဦးမြတ်သင်းအောင်က ပြောသည်။

၂၀၁၅ တွင်မြန်မာနိုင်ငံ၌ ကုန်သွယ်မှုလိုငွေများနေခြင်း၊ အ စိုးရ၏ အသုံးစရိတ်မှာ ၀င်ငွေထက်များနေခြင်း၊ ရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အတွက် နိုင်ငံတကာမှ   ရင်းနှီးမြှုပ်နှံမှုများက စောင့်ကြည့်နေခြင်းတို့ကြောင့် နိုင်ငံခြားငွေတန်ဖိုး     တက်ပြီး ပြည်တွင်းသုံးကျပ်ငွေတန်ဖိုးကျ ဆင်းမည်ကို စီးပွားရေးလုပ်ငန်း ရှင်ကြီးများက မျှော်လင့်ထားပြီး ယင်းအခြေအနေများက တိုင်းပြည်စီးပွားရေး အကျပ်အတည်း ဖြစ်လာမည်ဟုလည်း  ၎င်းတို့က ပြောသည်။

ယခုနှစ်တွင် ငွေလဲနှုန်းသည် အမေရိကန်ဒေါ်လာ တစ်ယူနစ် လျှင် ကျပ် ၁,၀၃၀ ခန့်ရှိရာမှ ကျောင်းသား သပိတ်အကြမ်း ဖက်ဖြိုခွင်းအပြီး နှစ်ရက်အကြာ မတ်လ၁၁ ရက်တွင် ကျပ် ၁,၀၇၀  သို့ ဈေးတက်လာသည်။ မတ်လ၁၁ရက်နောက်ပိုင်း အနည်းငယ်ဈေး ပြန်ကျခဲ့သော်လည်း မတ် ၁၉ ရက်မှစ၍ ဈေးပြန်မြင့်တက်ခဲ့ သည်။  ယင်းသို့ ဈေးနှုန်းမြင့်တက် မှုသည် မကြာမီတွင် ပြန်လည်ကျ ဆင်းမည်ဟု စီးပွားရေးသမားများ က မျှော်မှန်းထားသော်လည်း မတ်လ ၂၀ ရက်တွင် တစ်ဒေါ်လာ လျှင် ကျပ် ၁,၀၈၀ သို့ ဈေးတက် လာခြင်းဖြစ်သည်။ ယင်းနောက် ငွေလဲနှုန်းပြန်လည်အေးခဲ့ပြီး သင်္ကြန်ပိတ်ရက်များ၌ ပြန်လည် မြင့်တက်လာသည်။

ပြည်တွင်း၌ အမေရိကန်ဒေါ် လာတန်ဖိုးမြင့်တက်သကဲ့သို့ တရုတ်-မြန်မာနယ်စပ်တွင် လည်း ယွမ်ငွေတန်ဖိုးမှာ ဆက် တိုက်တက်လာသည်။ သင်္ကြန်မ တိုင်မီကမြန်မာကျပ်ငွေ ၁,၀၀၀ လျှင် တရုတ်ယွမ်ငွေ ၅ ဒသမ ၈၅ ရှိရာမှ ယနေ့တွင် မြန်မာကျပ်ငွေ ၁,၀၀၀ လျှင် ယွမ် ၅ ဒသမ ၆၉ အထိ မြင့်တက်လာသည်။ တရုတ်-မြန်မာ ငွေလဲနှုန်းသည် ရှေ့ဆက်၍ မြင့်တက်လာနိုင် ကြောင်း တရုတ်-မြန်မာ နယ်စပ် မှ ဆန်ကုန်သည် ဦးသောကြာက ပြောသည်။

No comments:

Post a Comment