Sunday, June 14, 2015

LTE (4G) ကွန်ရက် မြန်မာနှင့် အာရှနိုင်ငံအများစုတွင်သုံးစွဲမှုမတွင်ကျယ်နိုင်သေး
Sunday, 14 June 2015
မြန်မာနိုင်ငံအပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံအများစုတွင် ၂၀၁၇ အထိ LTE (4G)  ကွန်ရက် အနည်းငယ်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းတွင် ဆက်သွယ်ရေးကွန်ရက်များတည်ဆောက်သည့် ၀န်ဆောင်မှုကို လုပ်ဆောင်နေသော Huawei စီးပွားရေးလုပ်ငန်းစုက သတင်းထုတ်ပြန်သည်။
 အရှေ့တောင်အာရှနိုင်ငံများ တွင် LTE ကွန်ရက်ဖွံ့ဖြိုးရန် အဆိုပါကွန်ရက်ကို ချိတ်ဆက်၍ အသုံးပြုနိုင်မည့် LTE စနစ်သုံးတန်ဖိုးနည်း ဟန်းဆက်များနှင့် Spectrum များ လိုအပ်မည်ဖြစ်၍ ၂၀၁၇ နောက်ပိုင်းမှသာ အနည်းငယ်အသုံးပြုနိုင်မည်ကို ခန့်မှန်းထားခြင်း ဖြစ်ကြောင်း Huawei က ဆိုသည်။

‘‘ပြည်ပအော်ပရေတာတွေ ကို လုပ်ခွင့်ပေးလိုက်လို့ ဆက် သွယ်ရေးကွန်ရက်က အရင်က ထက် ပိုကောင်းလာတယ်ဆိုပေ မယ့် ဥပဒေအရ ဆက်ပြီးတိုးတက် အောင် လုပ်ရမယ့် လုပ်ငန်းတွေနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေအ တွက် အများကြီးလုပ်ဖို့ ကျန်နေပါ သေးတယ်။ အဲဒါတွေကို ဟန်ချက် ညီအောင် ထိန်းနိုင်မှ အမြန်ဆုံးတိုး တက်အောင် လုပ်နိုင်မှာပါ’’ဟု ရန်ကုန်တိုင်းကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက သုံးသပ်သည်။

သုတေသနပြုချက်များအရ LTE ကွန်ရက်ကို အရှေ့တောင်အာရှနိုင်ငံအများစုတွင် ၂၀၁၆ မတိုင်မီအထိ မိတ်ဆက်နိုင်ဦးမည်မဟုတ်ဘဲ 3G မှ LTE သို့ ကွန်ရက်ပြောင်းလဲရန် ငါးနှစ်ခန့်အချိန်ယူရဦးမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
7 day

No comments:

Post a Comment