Sunday, June 14, 2015

ယခုနှစ်ငါးလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယခင်နှစ် ငါးလထက်သုံးဆခန့် များပြားနေ

ယခုနှစ် ပထမ ငါးလအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ယခင်နှစ်ငါးလထက် သုံးဆခန့် များ နေကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
 ဇန်န၀ါရီမှ မေလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၂၀၁၄ ဇန်န၀ါရီမှ မေလကုန်နှင့် နှိုင်းယှဉ်လျှင် သုံးဆခန့်မြင့်တက် နေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက် တာသန္တာလွင်ကပြောကြားသည်။
‘‘မနှစ်ကထက်စာရင် သုံးဆ လောက်ဖြစ်နေတယ်။ ပြီးတော့ အရင်ကစက်တင်ဘာနောက်ပိုင်း ဆို မဖြစ်တော့ဘူး။ အသက် ၁၅ နှစ်အောက်တွေမှာပဲ သွေးလွန် တုပ်ကွေးဖြစ်တာ။ အခုနောက် ပိုင်းကျတော့ အဲဒီလိုမဟုတ်တော့ ဘူး။ အသက်အရွယ်မရွေး၊ မြို့ ရွာမရွေး၊ ကျား၊မ မရွေးဖြစ်ပွား လာတယ်။ စီမံချက်အစီရင်ခံစာ တွေကို ကြည့်မယ်ဆိုရင်လည်း ဆယ်စုနှစ်အတွင်း တဖြည်းဖြည်း များပြားလာတယ်’’ဟု ၎င်းကပြော ကြားသည်။

ထိုကဲ့သို့ ဖြစ်ပွားရခြင်းမှာလူ ဦးရေသိပ်သည်းမှုများပြားလာ ခြင်း၊ ရေသိုလှောင်မှုနှင့်စွန့်ပစ် ပ စ္စည်းများလာခြင်း၊ ကူးသန်းသွား လာမှုများ များပြားလာခြင်းနှင့် သွေးလွန်တုပ်ကွေးကာကွယ်နှိမ် နင်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အားနည်းချက်များရှိနေ  သေးခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သွေးလွန်တုပ် ကွေးစီမံချက်များ ရေးဆွဲ၍ လာ မည့် ၂၀၂၀ တွင် ၂၀၁၀ ထက် သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း ၂၅ ရာခိုင်နှုန်းနှင့်သေဆုံးနှုန်း ၅၀ ရာ ခိုင်နှုန်းကို လျှော့ချရန်ရည်မှန်း ထားကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။

သွေးလွန်တုပ်ကွေးရောဂါ သည် ၂၀၁၃ က တိုင်းနှင့်ပြည်နယ်များတွင် ကပ်ရောဂါများအသွင်ဖြစ်ပွားခဲ့သည်။ ၂၀၁၄ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်သောင်းသုံးထောင်ကျော်ဖြစ်ပွားပြီး ၀ ဒသမ ၃၂၅ ရာခိုင်နှုန်း ခန့်သေဆုံးခဲ့သည်။
7 day

No comments:

Post a Comment