Tuesday, June 9, 2015

မြန်မာလူငယ်များ၏အသံကို ထင်ဟပ်မည့် အခမဲ့ဂီတပွဲတော် ရန်ကုန်တွင် ပြုလုပ်မည်

 မြန်မာနိုင်ငံရှိ လူငယ် များ၏ မျှော်လင့်ချက်အိပ်မက် များ ဂီတဖြင့်ဖော်ထုတ်ပြသမည့် လူငယ်ဂီတပွဲတော်ကို ဇွန်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။
ကမ္ဘာတစ်ဝန်းရှိ ဖယ်ကြဉ်ခံ ထားရသည့် လူငယ်များ၏အသံ ကို ရုပ်ရှင်ဂီတ စသည့်အနုပညာ များဖြင့် တိုးချဲ့မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဂီတပွဲ တော် ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းအစီအစဉ်တွင်    ပါဝင်ကြမည့် လူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ရည်မှန်းချက် များကို ဂီတဖြင့်ဖော်ထုတ်ပြသနိုင် ရန် ဆောင်ရွက်ခြင်းဟု Turning Tables မှ မန်နေဂျာ မစ္စတာဒါကို က ပြောသည်။



‘‘မြန်မာနိုင်ငံရဲ့ အနာဂတ် ကို လူငယ်တွေအနေနဲ့ ဘယ်လို မျိုးမျှော်လင့်တောင့်တထားလဲဆို တာ ဂီတကနေတစ်ဆင့် ဆက် သွယ်ပေးတဲ့အစီအစဉ်လေးပါ။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိမယ်။ ဒါကတစ်ဆင့် ကမ္ဘာတစ်ဝန်းက လူငယ်တွေအချင်းချင်း ဆက် သွယ်လို့ရမယ့် ပလက်ဖောင်း လေးတစ်ခုကို ဖန်တီးပေးတာပါ’’ ဟု ၎င်းက ပြောကြားသည်။

အဆိုပါဂီတပွဲတော်ကို ဒိန်း မတ်အခြေစိုက်ရုပ်ရှင်ဂီတပံ့ပိုးကူ ညီရေးအဖွဲ့၊ Turning Tables၊ ဒိန်းမတ်သံရုံးနှင့် ပြင်သစ်ယဉ် ကျေးမှုဌာနတို့က ပူးပေါင်းစီစဉ် ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ နာမည်ရအဆိုတော်အဖွဲ့များနှင့် တိုင်းရင်းသားလူငယ်အဆိုတော် အဖွဲ့များအပါအဝင် ဂီတအဖွဲ့ ပေါင်း ၃၀ ကျော်ပါဝင်ဖျော်ဖြေ မည်ဖြစ်သည်။    အဆိုပါ    ဂီတပွဲတော်ကို   မည်သူမဆို   အခမဲ့ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ အဆိုပါ လူငယ်ဂီတပွဲတော်တွင် Side Effect, G-Tone၊,Cyclone, Nightmare၊ Kultur-eshock, No U-turn, MJN, Skunx, Y.A.K, The Myth, A Letter From Caesar, Suicide Plan, Darkest Tears From My Heart, P.B.D Hood, One Way, Fever 109 စသည့်မြန်မာနိုင်ငံမှ နာမည်ရအဖွဲ့များအပြင် ဒိန်းမတ် နိုင်ငံမှ DUNE နှင့် ပြင်သစ်နိုင်ငံမှ My Name is Nobody အဖွဲ့များ ပါဝင်ဖျော်ဖြေပေးမည်ဖြစ်ကြောင်းသိရသည်။
7 day

No comments:

Post a Comment