Tuesday, June 9, 2015

လာမယ့် ဆယ်နှစ်အတွင်း အိမ်ထောင်ပြုချင်တဲ့ ဘိုအာ

 ကေပေါ့ပ်ကြယ်ပွင့် ဘိုအာက လာမည့် ၁၀ နှစ် အတွင်း ကိုယ်ပိုင်မိသားစုတစ်စုထူထောင်ချင်သည်ဟု ဝန်ခံလိုက်သည်။ ဘိုအာသည် MBC ရေဒီယို Bae ChulSoo's Music Campအစီအစဉ်တွင် အထူးဧည့်သည်တော်အဖြစ်ပါဝင်စဉ် ယင်းသို့ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။


ယင်းအစီအစဉ်အတွင်း ဘိုအာထံပရိသတ်များ ပေးပို့သောစာလွှာများဖတ်ကြားပေးပြီး ပရိသတ်များကိုယ်စားမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။ အမျိုးသမီးပရိသတ်တစ်ဦးပေးပို့သောစာလွှာတွင် ‘‘ဘိုအာက သီချင်းဆိုတာလည်း အရမ်းကောင်းပြီး အကလည်း အရမ်းကောင်းပါတယ်။ ကျွန်မသိချင်တာက ဘိုအာဘယ်သူနဲ့ အိမ်ထောင်ပြုမလဲဆိုတာပါပဲ’’ဟု ဖော်ပြသည်။ အစီအစဉ်တင်ဆက်သူကလည်း ဘိုအာအနေဖြင့် မည်သည့် အချိန်တွင် အိမ်ထောင်ပြုရန် စဉ်းစားထားကြောင်း မေးမြန်းခဲ့ရာ လာမည့် ၁၀ နှစ်အတွင်း အိမ်ထောင်ပြုမည်ဟု ၎င်းက ပြန်လည်ပြောကြားသည်။

‘‘အိမ်ထောင်ပြုဖို့ဆိုရင် ချစ်သူရှိရမယ်မဟုတ်လား’’ဟု ဘယ် ချောဆူက မေးမြန်းခဲ့ရာ ‘‘ဟုတ်တယ်။ ရှိရမယ်။ ဒါပေမဲ့ အချိန်တွေကုန်သွား တာနဲ့အမျှ ရွေးစရာ တွေနည်းနည်းသွားတယ်လို့ ခံစားနေရ တယ်’’ဟု ဘိုအာက ပြန်လည်ဖြေကြားသည်။

‘‘ဒါပေမဲ့ ဘိုအာက အခုမှ အသက် (၂၀)ကျော်ဝန်းကျင်ပဲရှိ ပါသေးတယ်။ အခုခေတ်မှာက အသက် (၃၅)နှစ်လောက်မှာ အိမ်ထောင်ပြုကြတာများပါတယ်’’ဟု ပြောကြားခဲ့ရာ ‘‘ကျွန်မ အသက် (၄၀) မပြည့်ခင် အသက် (၃၅)နှစ်ဝန်း ကျင်လောက်မှာ အိမ်ထောင်ပြု ချင်ပါတယ်’’ ဟု ဘိုအာကပြောသည်။  
—Ref: Koreaboo

No comments:

Post a Comment