Tuesday, June 2, 2015

တစ်နိုင်ငံလုံးတွင် သက်သေခံကတ်မရှိသူ ၁၁ သန်းကျော်ရှိ

သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင် မည်သည့်သက်သေခံကတ် မှ ကိုင်ဆောင်မထားသူ လူဦးရေ ၁၁ သန်းကျော်ရှိပြီး အစိုးရသစ် လက်ထက်တွင် နိုင်ငံသားစိစစ် ရေးကတ်ပေါင်း ၅၇ သိန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
နိုင်ငံသားစိစစ်ရေးကတ်မရှိ သူများအား အစိုးရသစ်လက် ထက်တွင် မိုးပွင့်စီမံကိန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ လက် ရှိအချိန်ထိ ကတ်ပေါင်း ၅၇ သိန်း ကျော်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောသည်။
‘‘အခု မဲအတွက် ရည်ရွယ် ပြီး (၁၈)နှစ်အထက်တွေ မကျန် အောင်ဆိုပြီးတော့ ကွင်းဆင်းလုပ် ပေးတာ မေလ ၂၈ ရက်အထိ ၁၅ သိန်းကျော်ပြီးသွားပြီ။ ဒီအစိုး ရသစ်လက်ထက်မှာ မိုးပွင့်စီမံ ကိန်းအနေနဲ့ လုပ်ပေးတာက ၄၂ သိန်းပြီးသွားပြီ။ အားလုံးဆိုတော့ ကျွန်တော်တို့ ၅၇ သိန်းထုတ်ပေး  ပြီးသွားပြီ’’ဟု ဦးတင်ချယ်က ပြော သည်။

နိုင်ငံသားစိစစ်ရေးကတ်မရှိ သူများအား မိုးပွင့်စီမံကိန်းဖြင့် ကွင်းဆင်းကာ ကတ်များထုတ် ပေးနေပြီး မိုးပွင့်စီမံကိန်း အဆင့်(၁)မှ အဆင့်(၇)ထိ နိုင်ငံသားစိစစ် ရေးကတ်ပေါင်း ၅၇ သိန်းကျော် ထုတ်ပေးပြီး ဖြစ်ကြောင်း သိရ သည်။

ထို့အပြင် မိုးပွင့်စီမံကိန်းအ ဆင့်(၇)ပြီးဆုံးပြီးနောက် အသက် (၁၈)နှစ်အထက်များမကျန်ရှိဘဲ မဲပေးနိုင်ရေးအတွက် ၂၀၁၅ ဇန်န ဝါရီ ၁ မှ ဇွန်လ ၃၀ ရက် အထိ အထူးမိုးပွင့်အစီအစဉ်ဖြင့် သတ် မှတ်ကာ နိုင်ငံသားကတ်များကိုကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ  မေလ ၂၈ ရက်ထိ ကတ် ပေါင်း၁,၅၅၃,၁၁၂ ကတ်ထုတ် ပေး ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အရင်တုန်းကဆိုရင် ကျွန် တော်တို့က ကွင်းဆင်းတယ်။ ကွင်းဆင်းတဲ့အချိန်မှာ တချို့ လူတွေက ခရီးလွန်နေတာတွေ ရှိတယ်။ အဲဒီတော့ ရှိတဲ့လူနဲ့ပဲ လုပ်ပေးသွားရတယ်။ အခုကျ တော့ လုပ်ချင်ရင် စာရင်းသာ လာပေးထား။ ကွင်းဆင်းမယ့်ရက်ကို တစ်ပတ်ကြိုပြောမယ်။ ကွင်းဆင်း တဲ့အချိန်မှာ ခရီးမသွားနဲ့။ အဲဒီ အချိန်မှာ လာလုပ်။ အဓိက ကတော့ မှတ်ပုံတင်ရဖို့သည် လျှောက်ဖို့က အရေးကြီးတယ်။ ကျွန်တော်တို့လဝကကိုပဲ အပြစ် ပုံချလို့မရဘူး။ ကာယကံရှင်က လုပ်ချင်စိတ်ရှိဖို့က အဓိကပဲ။ လျှောက်လို့မှ မလုပ်ပေးရင် ကျွန် တော်တို့တာဝန်ပေါ့’’ဟု ဦးတင် ချယ်က ပြောသည်။

လက်ရှိသတ်မှတ်ထားသည့် အထူးမိုးပွင့်စီမံကိန်းကာလပြီးဆုံး သွားသော်လည်း ကတ်ထုတ်ပေး ရန် ကျန်ရှိနေပါက ဇူလိုင် တစ်လ ထပ်တိုးကာ ထုတ်ပေးမည်ဟု သိရသည်။

                 မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် နိုင် ငံသားစိစစ်ရေးကတ်ကိုင်ဆောင် သူ ၂၈ သန်းကျော်ရှိပြီး မည်သည့် ကတ်မှ ကိုင်ဆောင်မှု မရှိသူ ၁၁ သန်းကျော်ရှိကြောင်း လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် တစ်နိုင်ငံ လုံးတွင် ယာယီသက်သေခံကတ် ကိုင်ဆောင်ထားသူ တစ်သိန်း ကျော်ရှိကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

သို့သော် ပြည်ထောင်စုဝန် ကြီး ဦးခင်ရီက မြန်မာတစ်နိုင်ငံ လုံးတွင် ယခင်အစိုးရလက်ထက် က ထုတ်ပေးထားသည့် ယာယီ သက်သေခံကတ် ခုနစ်သိန်းကျော်ရှိကာ လက်ရှိတွင် လေးသိန်းတစ် သောင်းကျော် ပြန်လည်အပ်နှံပြီး ဖြစ်ကြောင်း မေလ ၂၉ ရက်က ပြုလုပ်သည့် သန်းခေါင်စာရင်း ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
7 day

No comments:

Post a Comment