Friday, June 5, 2015

လှေစီးဒုက္ခသည် ၇၀၀ ကျေုာ်တွင် ဘင်္ဂလားဒေ့ရှ်မှ ၅၄၆ ဦး၊ မြန်မာမှ ၁၈၇ ဦး ပါဝင်ဟု ထုတ်ပြန်

 လှေစီးဒုက္ခသည် ၇၃၃ ဦးအနက် ၅၄၆ ဦးသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၁၈၇ ဦးသည် မြန်မာနိုင်ငံမှ ဘင်္ဂါ လီများဖြစ်ကြောင်း မြန်မာအစိုးရ သတင်းဌာနများက ဇွန်လ ၄ ရက် တွင် ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ကို နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရန် သံတမန် နည်း လမ်းအရ ဆောင်ရွက်နေကြောင်း မြန်မာအစိုးရသတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင်ဘက် မြန်မာနိုင်ငံပိုင်နက် ရေပြင်တွင်မေလကုန်က တွေ့ရှိခဲ့သည့် ငါးဖမ်းလှေအတွင်းလိုက်ပါလာသော ဘင်္ဂါလီ ၇၀၀ ကျော်ကို ဇွန်လ ၄ ရက်၌ စိစစ်ခြင်း လုပ်ငန်းများ ပြုလုပ်၍ အစိုးရက ထုတ်ပြန်ခြင်း ဖြစ်သည်။

No comments:

Post a Comment