Saturday, June 6, 2015

လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ဆယ်ခဲ့သော လှေစီးသွားလာ သူများ အား အမြန်ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာ့တပ်မတော်(ရေ)က ပင်လယ်ပြင်လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် မေ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်၌ လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် ကယ်တင်ခဲ့သော လှေစီး သွားလာသူ ၇၃၃ ဦးကို ၄င်းတို့မူလလာရောက် သည့်နေရာသို့ ချောမွေ့မြန်ဆန်စွာ ပို့ဆောင်သည့်လုပ်ငန်းများဆောင် ရွက်နိုင်ရန် လှေစီးသွားလာသူများ၏အခြေအနေနှင့်စပ်လျဉ်း၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စိစစ်ရေးအဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စိစစ်ရေးအဖွဲ့ဝင် များ သည် လှေစီးသွား လာသူများကို ယာယီရွှေ့ပြောင်းထား ရှိသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြို(လက်ဝဲ)မြို့အနီးရှိ မှတ်တိုင်(၃၇) စခန်းသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သွားရောက်ခဲ့ကြသည်။

ရှေးဦးစွာ ‘ဒုတိယဝန်ကြီး ဦးဝင်းမြင့် ခေါင်းဆောင်သောစိစစ်ရေးအဖွဲ့သည် မှတ်တိုင်(၃၇)အနီးရှိ ယာယီစခန်း၌ လှေစီးသွားလာသူများကို နေရာချထားမှု၊ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည် ကြည့်ရှုပြီး အဆိုပါလှေစီးသွားလာသူများကို မူရင်းဒေသစိစစ်ပြီးပါက ¤င်းတို့ မူလလာရောက်သည့်နေရာများသို့ အမြန်ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သံတမန်နည်းလမ်းနှင့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
MOI

No comments:

Post a Comment