Monday, June 8, 2015

မုံရွာမြို့ ကြက်၊ ငုံး မွေးမြူရေးအထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်း ဖွင့်လှစ်မည်

မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေး အထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင် တန်းကို ကုလသမဂ္ဂ ကမ္ဘာ့စား နပ်ရိက္ခာအဖွဲ့ (FAO) က ဇွန်လ ၉မှ ၁၂ ရက်အထိ မွေးမြူရေးလုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဇီဝလုံခြုံရေးနဲ့ မွေးမြူရေး ဆိုင်ရာ နည်းပညာ သင်တန်းကို FAO က ပို့ချမှာပါ။ နှစ်တိုင်း လည်း သင်တန်းပို့ချခဲ့ပေမယ့် ဒီနှစ်တော့ ဇီဝလုံခြုံရေးအတွက် နည်းပညာ ကွဲပြားမှုတွေ ရှိနိုင် တယ်’’ဟု မုံရွာမြို့ ကြက်၊ ငုံး မွေး မြူရေးအထူးဇုန် ကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးအောင်ဝင်းသန်းက ပြောကြားသည်။

မုံရွာမြို့တွင် ၂၀၀၆ အတွင်း ပထမဆုံးအကြိမ် ကြက်ငှက်တုပ် ကွေးရောဂါ ဖြစ်ပွားခဲ့ပြီးနောက် မုံရွာမြို့ ကြက်၊ ငုံးမွေးမြူရေးအထူးဇုန် ဇီဝလုံခြုံရေး၊ ရောဂါကာ ကွယ် ထိန်းချုပ်နိုင်ရေး လျင်မြန် စွာ ဆောင်ရွက်နိုင်ရန် ရည် ရွယ်၍ ၂၀၀၇ ဇန်န၀ါရီ ၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ မုံရွာ ကြက်၊ ငုံးမွေးမြူရေး အထူးဇုန် တည်ထောင်ပြီးနောက် ၂၀၁၂ မေလအတွင်း ငုံးခြံများ၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ် ပွားခဲ့၍ ငုံးများ ပျက်စီးဆုံးရှုံးသ ကဲ့သို့ ယခုနှစ် ဖေဖော်ဝါရီအတွင်း ငုံးနှင့် ကြက်မွေးမြူရေး ခြံများ တွင် ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားခဲ့သည်။

မုံရွာမြို့ မွေးမြူရေးအထူး ဇုန် ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ကြက်မွေးမြူရေးလုပ်ငန်းရှင် ၁၃၆ ဦးအား ကျပ် ၄၃၆ ဒသမ ၇၀၅၃ သန်း၊ ငုံးမွေးမြူရေးလုပ်ငန်းရှင် ၅၂ ဦးအား ကျပ် ၁၆၅ ဒသမ ၆၃၀၁ သန်း စုစုပေါင်းကျပ် ၆၀၂ ဒသမ ၃၃၅ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment