Monday, June 8, 2015

အိုင်အက်စ်တို့လက်မှ ဘိုင်ဂျီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်ကြေညာ

အမေရိကန်လေတပ်၏ ပံ့ပိုးမှုနှင့်အတူ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) လက်အောက်မှ ဘိုင်ဂျီမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်က ကြေညာခဲ့သည်။
 ဇွန်လ ၇ ရက်တွင် အီရတ် စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘိုင်ဂျီမြို့တွင်းရှိ အစိုးရ အဆောက်အအုံများ၊ မြို့တော်ခန်းမ၊ အဓိက ဗလီကြီးနှင့် ပတ်ဝန်းကျင် ရပ်ကွက်များကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ကြောင်း အီရတ်စစ်တပ်မှ ဗိုလ်မှူးချုပ် တာဆင်း အီဘရာဟင်က CNNသို့ ပြောကြားခဲ့သည်။

“အဓိက အဆောက်အအုံ အားလုံးကို သိမ်းယူလိုက်ပါပြီ။ ဒီထိုးစစ်မှာ အမေရိကန်ရဲ့ ပံ့ပိုးမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ အိုင်အက်စ်တို့ကို မြို့ထဲမှ မောင်းထုတ်နိုင်ခဲ့သည့် အောင်မြင်မှုတွင် အီရတ်စစ်တပ်နှင့် လက်နက်ကိုင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် မည်၍မည်မျှ ပါဝင်တိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ ၎င်းက တိတိကျကျ ပြောဆိုမသွားခဲ့ချေ။

အိုင်အက်စ် အကြမ်းဖက်သမားများသည် ဘိုင်ဂျီကို စွန့်ခွာကာ ၎င်းတို့၏ အဓိက ခြေကုပ်စခန်းဖြစ်သော မိုဆူးလ်မြို့သို့ အသည်းအသန် ဆုတ်ခွာခဲ့ရပြီး ဆုတ်ခွာရာ လမ်းတစ်လျှောက်တွင် လေတပ်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်းလည်း သိရသည်။

“အိုင်အက်စ်တွေက မြို့ထဲမှာ ဗုံးထောင်ချောက်တွေ ဆင်ထားခဲ့တယ်။ ပြီးတော့ အနည်းအကျဉ်း ခုခံမှုလေးတွေ ရှိနေတုန်းပဲ”ဟုလည်း ဗိုလ်မှူးချုပ် အီဘရာဟင်က မှတ်ချက်ပြုခဲ့သည်။

အိုင်အက်စ်တို့သည် ပြီးခဲ့သည့် လအတွင်းက ထိုးစစ်များ ဆင်နွှဲပြီး ဘိုင်ဂျီမြို့ရှိ ရေနံတွင်း ဧရိယာများကို အပြည့်အဝ ထိန်းချုပ်ခဲ့သလို အီရတ်စစ်တပ်အတွက် ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်နိုင်ခဲ့သည်။

_Ref: CNN

No comments:

Post a Comment