Sunday, June 14, 2015

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိရောက်သော ထိန်းချုပ်မှု ရရှိစေရေး တရားမ၀င်ကုန်သွယ်မှု တားဆီးရန်လိုနေ

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိရောက် သော ထိန်းချုပ်ရေးပေါ်ပေါက်စေ ရန် ထုတ်လုပ်ရာမှ ရောင်းချသည် အထိ တရားမ၀င်ကုန်သွယ်မှုကို တားဆီးရန် လိုအပ်ကြောင်း ဆေး ပညာရှင်အချို့က သုံးသပ်ပြော ကြားသည်။
 ‘‘တရားမ၀င် ကုန်သွယ်မှု တွေကို  တားမြစ်မယ်ဆိုရင်  သောက်နှုန်းလျော့သွားမယ်။ တရားမ၀င်သွင်းလာရင် ဈေး လျှော့ရောင်းတယ်။ ပြည်သူတွေ က ပိုသောက်တယ်။ ဒါကြောင့် တားမြစ်မယ်ဆိုရင် ဈေးနှုန်းမြင့် လာမယ်။ လူစားသုံးမှုနည်းသွား မယ်’’ဟု ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာနေစိုးမောင်က ပြောသည်။


ထို့ပြင် အခွန်ကောက်ခံခြင်း ဖြင့် ဘဏ္ဍာငွေပိုမိုရရှိလာနိုင်ခြင်း ကြောင့် တိုင်းပြည်၏လိုအပ်နေ သော အခြားကဏ္ဍများတွင် ပြန်  လည်သုံးစွဲနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ် သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း သောက်သုံးနေသော ဆေးလိပ်  ဆယ်မျိုးလျှင် တစ်မျိုးနှုန်းမှာ တရားမ၀င်ဖြစ်နေပြီး မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရားမ၀င်ဆေးလိပ် ၅၀ ရာခိုင် နှုန်းခန့်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီး၏ စိစစ်ချက်အရ သိရသည်။

တရားမ၀င် ကုန်သွယ်မှုဆို သည်မှာ ထုတ်လုပ်ခြင်း၊ တင်ပို့ ခြင်း၊ လက်ခံခြင်း၊ ပိုင်ဆိုင်ခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်း (သို့) ၀ယ်ယူခြင်းစသော ကုန်သွယ်မှု လုပ်ငန်းများအား တရားဥပဒေမှ ပိတ်ပင်ထားသော အပြုအမူလုပ် ဆောင်ချက်(သို့မဟုတ်) ယင်းလုပ် ငန်းများကို တရားမ၀င်သော နည်းလမ်းများဖြင့် ရည်ရွယ်လုပ်ဆောင် ခြင်းကို ဆိုလိုသည်။

ထို့ကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု  ကို ထိန်းချုပ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသာမက နှီးနွှယ်လျက်ရှိ သည့် ဌာနများ၊ အဖွဲ့အစည်းများ မှ အချင်းချင်းပူးပေါင်းဆောင်ရွက် ခြင်း၊ တရားမ၀င်ကုန်သွယ်မှုသည် နယ်စပ်မှတစ်ဆင့် အပြည်ပြည် ဆိုင်ရာများနှင့် ဆက်စပ်လျက်ရှိ သောကြောင့် နိုင်ငံအချင်းချင်း ပူး ပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ခြင်း ဖြစ် သည်။

ပြည်သူလူထုအတွင်း၌ လည်း တရားမ၀င်ကုန်သွယ်မှုကို သတိပြုမိစေရန် ပညာပေးလှုံ့ ဆော်မှုများ တိုးမြှင့်ဆောင်ရွက် ခြင်း၊ လူမှုရေးအဖွဲ့အစည်းများမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု ကျဆင်းရေးဆောင်ရွက်ခြင်း တရားမ၀င် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းတို့ကို ပြုလုပ်ရန်လိုအပ်ကြောင်း လူမှုအဖွဲ့အစည်းအချို့က အကြံပြုပြော ကြားသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၂၃ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးနေကြပြီး ၄၃ ဒသမ ၈ ရာခိုင် နှုန်းမှာ ဆေးရွက်ကြီးထည့်၍ ကွမ်းယာစားသုံးနေကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန စစ်တမ်းများအရ သိရသည်။
7 day

No comments:

Post a Comment