Saturday, June 6, 2015

ဖမ်းမိသမျှ လှေစီးဒုက္ခသည်များ ရခိုင်သို့ ပို့နေမှု စစ်တွေမြို့မိမြို့ဖအဖွဲ့ကန့်ကွက်မည်

ပင်လယ်ပြင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လှေစီးဒုက္ခ သည်များအား ရခိုင်ပြည်နယ်အ တွင်းသို့ပို့ဆောင်နေသည့် အစိုးရ ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ရပ် တန့်ရန် ဇွန်လ ၄ ရက်၌ ဆုံးဖြတ် လိုက်သည်။
စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့် ဒေသခံများအ ကြား သြဇာကြီးသည့်အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းအချို့ တွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
စစ်တွေ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြို့နယ်အထောက် အကူပြုကော်မတီ၊ စည်ပင်သာ ယာကော်မတီ၊ နိုင်ငံသားစိစစ် ရေးကော်မတီနှင့် ဘင်္ဂါလီ၊ ၀ှိုက် ကတ်၊ လှေစီးဒုက္ခသည်များအား စိစစ်နေသည့် ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် တော့မည်မဟုတ်ကြောင်းစစ်တွေ မြို့မိမြို့ဖအဖွဲ့မှ ဦးသန်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ တတိယ နှင့် စတုတ္ထပတ်အတွင်း မြန်မာ့ ရေပြင်တွင်တွေ့ရှိခဲ့သည့် လှေ စီးဒုက္ခသည် ၉၀၀ ကျော် ရခိုင် ပြည်နယ်သို့ ပို့ဆောင်နေသည့် အစိုးရ၏ အစီအစဉ်ကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့မှ ဦးသန်းထွန်းက ပြော ကြားသည်။
ဖမ်းဆီးခံရသူများ၏ ပထမ အသုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခြင်း၊ ဒုတိယအသုတ်ဖမ်း ဆီးခံရသူများအား ဧရာဝတီတိုင်း အတွင်းတွေ့ရှိသော်လည်း ရခိုင်ပြည်နယ်သို့သာပို့ဆောင်နေခြင်းစသည့် အစိုးရ၏လုပ်ရပ်မှာလက်ခံနိုင်စရာမရှိကြောင်း ဦးသန်းထွန်းက ပြောသည်။
‘‘မြန်မာပြည်ထဲမှာ ဧရာဝတီ တိုင်းပဲ ဖြစ်ဖြစ်၊ ရန်ကုန်ပဲဖြစ် ဖြစ်၊ မွန်ပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ် ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး စစ်ကိုင်းတိုင်းမှာပဲဖြစ်ဖြစ်တွေ့သ မျှ မွတ်စလင်တွေ အကုန်လုံးကို ရခိုင်ပြည်နယ်ပို့ရမယ်ဆိုတဲ့ သီအို ရီတစ်ခုကိုကျင့်သုံးနေသလို ခံစား လာရတယ်’’ဟု ၎င်းကဆက်လက် ပြောသည်။
မြန်မာ့ပင်လယ်ပြင်တွင် မေ လ ၂၁ ရက်က တွေ့ရှိခဲ့သည့် လှေစီးသွားလာသူ ၂၀၈ ဦးကို ရ ခိုင်ပြည်နယ် တောင်ပြို(လက်ဝဲ) မြို့တွင်လည်းကောင်း၊ မေလ ၂၉ ရက်က တွေ့ရှိခဲ့သည့် လှေစီး သွားလာသူ ၇၀၀ ကျော်ကို တောင်ပြို (လက်ဝဲ) မြို့အနီး ယာယီနေ ရာနှင့် ကျန်လူများကို တောင်ပြို(လက်ဝဲ)မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် (၃၇) အနီး၌ လည်းကောင်းယာယီ စောင့်ရှောက်ပေးထားကြောင်း မြန်မာအစိုးရက ဇွန်လ ၃ ရက်၌ ကြေညာခဲ့သည်။
မေလ ၂၉ ရက်တွင် တွေ့ရှိခဲ့သည့် လှေစီးသွားလာသူ ၇၀၀ ကျော်အနက် ၅၄၆ ဦးသည်ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၁၈၇ ဦးသည် မြန်မာနိုင်ငံမှ ဘင်္ဂါလီများဖြစ်ကြောင်း မြန်မာ အစိုးရသတင်းဌာနများ၌ ဇွန်လ ၄ရက်တွင် ထုတ်ပြန်သည်။
‘‘အရင်က ပြည်နယ်ဝန်ကြီး ချုပ်(ဦးမောင်မောင်အုန်း)နဲ့ တွေ့ ကတည်းက ပြောဖူးတယ်။ မြန် မာ ၁၈၇ လို့ ပြောတယ်။ ဘာ သက်သေအထောက်အထားရှိလို့ လဲလို့။ သူတို့ပြောတိုင်းယုံနေလို့ မဖြစ်ဘူးလေ။ ရှိတဲ့လူတွေကို တောင် နိုင်ငံသားစိစစ်ရေး မလုပ် ရသေးဘူး။ ၀င်လာတဲ့သူတွေက မြန်မာကလို့ ပြောနေတိုင်းယုံလို့ ရမလား’’ဟု ဦးသန်းထွန်းက ပြော ကြားသည်။
7Day Daily

No comments:

Post a Comment