Thursday, July 23, 2015

အီဂျစ်နိုင်ငံ၊ နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး

နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး ရေနစ် သေဆုံးခဲ့ကြောင်း အီဂျစ် အာဏာပိုင်များက ကြေညာခဲ့သည်။
ဇူလိုင် ၂၂ ရက် ညပိုင်းက ကိုင်ရိုမြို့တော်အနီး ဝါရက် ဧရိယာအနီး နိုင်းလ်မြစ်လယ်တွင် ကူးတို့ယာဉ် တစ်စီးက ကုန်တင်ရေယာဉ် တစ်စီးကို ဝင်တိုက်မိခဲ့ခြင်းဟု သိရသည်။ အဆိုပါ ဖြစ်ရပ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူအများအပြား သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဌာနက အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၆ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး နောက်ထပ် အသေအပျောက်စာရင်း ရှိမရှိ စစ်ဆေး စုံစမ်းနေကြောင်း ဆိုသည်။ ရေယာဉ်နှစ်စီး ပြင်းပြင်းထန်ထန် တိုက်မိပြီးနောက် ကူးတို့ယာဉ်သည် ဆိုးဆိုးရွားရွား ပျက်စီးကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ကုန်တင်ရေယာဉ် ဦးစီးမှူးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အခင်းဖြစ်ရာ ရေပြင်တွင် ရေငုပ်သမား ၂၀ ခန့်နှင့် ကယ်ဆယ်ရေးလှေ ၈ စီးကို အသုံးပြုကာ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေနေသည်။ ကူးတို့ရေယာဉ်ပေါ် လိုက်ပါလာသူ အရေအတွက်ကို အတိအကျ မသိရသေးဘဲ ၂၅ ဦးဝန်းကျင် ဖြစ်မည်ဟုသာ ဝန်ကြီးဌာနက ကနဦး ခန့်မှန်းထားသည်။
_Ref: Hindustantimes

No comments:

Post a Comment