Thursday, July 30, 2015

လူသတ်မှုဖြင့် မင်းအုပ်စိုးကို တစ်ကျွန်းချ၊ အယူခံမ၀င်ဟု ဆို

သရပါမဂ္ဂဇင်းအယ်ဒီ တာ မတေးနုယဉ်ကို သတ်ဖြတ်မှု ဖြင့်စွဲချက်တင်ထားသည့် သရုပ် ဆောင်မင်းအုပ်စိုးကို ဇူလိုင် ၂၉ ရက်တွင်ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
ယင်းပြစ်ဒဏ်မှာ မင်းအုပ်စိုး ကို စွဲချက်တင်ထားသည့်လူသတ် မှုပုဒ်မ ၃၀၂(၂)အရ အမြင့်ဆုံးချ မှတ်သည့်ပြစ်ဒဏ်ဖြစ်ပြီး အဆိုပါပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်ရန်အစီအစဉ်မရှိကြောင်း မင်းအုပ်စိုးက အမိန့်ချအပြီးတွင် တရားရုံးသို့လာရောက်သည့် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

တစ်သက်တစ်ကျွန်းဆိုသည် မှာ တရားခံကို သေသည့်အချိန် အထိ ကျွန်းတွင်ပို့ထားသည်ဟု အဓိပ္ပာယ် သက်ရောက်သော် လည်း ယခုနောက်ပိုင်းတစ်သက် တစ်ကျွန်းပြစ်ဒဏ်ကျခံသူသည် ထောင်ဒဏ်နှစ်၂၀နှင့် ညီမျှသည်ဟုလည်း မှတ်ယူ၍ရကြောင်းအထက်တန်းရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ပြောသည်။

အမှုကို အပြီးသတ်အမိန့်ချ ရန် ဇူလိုင် ၁၅ရက် ရုံးချိန်းတွင် တ ရားလိုနှင့် တရားခံနှစ်ဖက် လျှောက်လဲချက်တင်ခဲ့ပြီး မင်း အုပ်စိုး၏ ရှေ့နေက မင်းအုပ်စိုး သည် မတေးနုယဉ်ကိုသေစေလို သည့် ရည်ရွယ်ချက်မရှိခြင်း ကြောင့် လက်ရှိစွဲချက်တင်ထား သည့်လူသတ်မှုပုဒ်မ ၃၀၂(၂)အ စား လူသတ်မှုမမြောက်သည့် ရာ ဇ၀တ်ပြစ်ဒဏ်ထိုက်သောလူသေ မှုပုဒ်မ၃၀၄ဖြင့် စွဲချက်တင်အမိန့် ချမှတ်သင့်ကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့သည်။

မင်းအုပ်စိုးကလည်းတေးနု ယဉ်နှင့် ၎င်းတို့အကြား ရန်ငြိုးရန် စမရှိခြင်း၊ တေးနုယဉ်ကို သေစေ လိုစိတ်မရှိခြင်း၊ သေစေလိုသည့် နာကျင်မှုမပြုခဲ့ခြင်းတို့ကြောင့် ၎င်းကို စွဲချက်တင်ထားသည့်ပုဒ် မ၃၀၂(၂)အရ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။

သို့သော်လည်းတေးနုယဉ် သည် မင်းအုပ်စိုးတစ်ဦးတည်းနှင့် သာခိုက်ရန်ဖြစ်ပွားကာဒဏ်ရာ များရရှိခဲ့ခြင်းဖြစ်ပြီး မှုခင်းဆရာ ၀န်၏ ထွက်ဆိုချက်အရ အဆိုပါ ဒဏ်ရာများကြောင့်သေဆုံးခဲ့ခြင်း ဖြစ်ရာ မင်းအုပ်စိုး၏ရှေ့နေတင် ပြသည့်ပုဒ်မနှင့်အကြောင်းညီ ညွတ်မှုမရှိသောကြောင့် ယခင်စွဲ ချက်တင်ထားသည့်ပုဒ်မ ၃၀၂(၂) ဖြင့်ပင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ် သည်။

၂၀၁၄ ဒီဇင်ဘာ ၂၅ရက် နံ နက် ၂နာရီတွင် ဗဟန်းမြို့နယ်ဖိုး စိန်လမ်းရှိ သရုပ်ဆောင်မင်းအုပ် စိုး၏နေအိမ်၌ အယ်ဒီတာမတေးနု ယဉ်သည် ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့၌ အညိုအမည်း ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment