Thursday, July 30, 2015

ပြည်နယ်သုံးခုရှိ ဒုက္ခသည်များအား အမေရိကန်က ကန်ဒေါ်လာလေးသန်းခွဲ ထောက်ပံ့မည်

ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ လေးသန်းခွဲထောက်ပံ့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါထောက်ပံ့ငွေကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့သို့ ယခုလတွင်ပေးအပ်ခဲ့ပြီး ကူညီထောက်ပံ့မှုများကို စက်တင် ဘာအထိ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒေသများ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြည်နယ်သုံးခုတွင်နေထိုင် ကြသည့် ပြည်တွင်းဒုက္ခသည်များ အတွက် စားနပ်ရိက္ခာထောက်ပံ့ ခြင်း၊ အလုပ်လုပ်၍ အစားအ သောက်ပေးခြင်းစနစ်တို့ဖြင့် ထောက်ပံ့ကူညီမည်ဖြစ်သည်။

ရခိုင်၊ ကချင်ပြည်နယ်တို့ တွင် ပဋိပက္ခများဖြစ်ပွားပြီး နောက်ပိုင်းမှစ၍ ကမ္ဘာ့စားနပ်ရိ က္ခာထောက်ပံ့ရေးအစီအစဉ်က ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ရာရခိုင်ပြည်နယ်၌ သုံးနှစ်ခန့်ရှိပြီး ကချင်ပြည်နယ်တွင် လေးနှစ်ခန့်ရှိပြီဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာထောက် ပံ့ရေးအဖွဲ့ကို ရန်ပုံငွေများပေး အပ်သည့်နိုင်ငံငါးခုရှိပြီးအဆိုပါ ငါးနိုင်ငံစာရင်းတွင် အမေရိကန် နိုင်ငံလည်းပါဝင်ပြီး ကျန်နိုင်ငံများ မှာ ဂျပန်၊ သြစတြေးလျ၊ ဆွစ်ဇာ လန်နှင့် အီးယူနိုင်ငံများဖြစ်သည်။

၂၀၁၅အတွက်အဆိုပါပြည် နယ်သုံးခု၌ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီရန် ကုလသမဂ္ဂ စာနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ နှင့် အစိုးရတို့ စာချုပ်အသစ်ထပ် မံချုပ်ဆိုခဲ့ပြီး ပြည်နယ်သုံးခုရှိ ပြည်တွင်းဒုက္ခသည် နှစ်သိန်းအားကူညီထောက်ပံ့မည်ဖြစ်သည်။

No comments:

Post a Comment