Friday, July 31, 2015

ထားဝယ်တွင် ဘာသာပေါင်းစုံမိတ်ဆုံစားပွဲ ကျင်းပ

 အစ္စလာမ်ဘာသာဝင် များ၏ အစ် အထိမ်းအမှတ်ဖြင့် ထားဝယ်တွင် ပထမအကြိမ် ဘာ သာပေါင်းစုံမိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာ၌ နှစ်တစ် နှစ်အတွင်း အစ်ပြုလုပ်ခြင်းနှစ် ကြိမ်ရှိရာ ပထမအစ် အထိမ်းအမှတ်အဖြစ် မိတ်ဆုံစားပွဲအခမ်းအနားကို ဇူလိုင် ၃၀ ရက်က ထား ၀ယ်မြို့ သင်္ဘောဆိပ်ရပ် စွန္နီဂျာမေဗလီတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသက်ဆိုင်ရာ ဘာသာဝင်များတက်ရောက်ခဲ့ကြသည်။
‘‘အရင်ကတော့ တခြားဘာ သာတွေရဲ့ ဘာသာရေးအခမ်းအ နားနေ့တွေမှာ ဒီလိုမိတ်ဆုံပွဲတွေ လုပ်ခဲ့ဖူးတယ်။ အစ္စလာမ် ဘာ သာမှာတော့ ဒါဟာ ပထမအကြိမ် ဘာသာပေါင်းစုံ မိတ်ဆုံတွေ့ကြ တာပေါ့’’ဟု ဘာသာပေါင်းစုံချစ် ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။


  ဒေသအတွင်း ဘာသာ ပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ၂၀၁၄က စတင်ဖွဲ့စည်းခဲ့ပြီး ကိုး ကွယ်ရာဘာသာတစ်ခုစီမှ ကိုယ် စားလှယ် ကိုးဦးဖြင့်ဖွဲ့စည်းထား ကြောင်း သိရသည်။

ဒေသတွင်းရှိ ဘာသာပေါင်း စုံချစ်ကြည်ရေးအဖွဲ့သည် သက် ဆိုင်ရာဘာသာများ၏ ဘာသာ ရေးအခမ်းအနားများ ပိုမိုစည် ကားစွာကျင်းပနိုင်ရန်၊ ဘာသာ ရေးပဋိပက္ခများ မဖြစ်ပွားစေရန် ပူးပေါင်း ဆောင်ရွက်မည် ဖြစ် ကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment