Friday, July 31, 2015

အာဆီယံငါးနိုင်ငံအကြား ဗီဇာတစ်ခုတည်း စနစ် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည်ဟုဆို

ACMECS သဘောတူညီချက်အရ မြန်မာ အပါအဝင် အာဆီယံငါးနိုင်ငံ အကြား နယ်စပ်ဖြတ်ကျော်ခရီး သွားလုပ်ငန်းများ ပေါ်ပေါက်လာ စေရေး တစ်ခုတည်းသော ဗီဇာ စနစ်အကောင်အထည်ဖော်နိုင် ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုသမ္မတဦးဉာဏ်ထွန်းက ပြော သည်။
ဇူလိုင် ၂၉ ရက်က နေပြည် တော်တွင်ကျင်းပသည့် တတိယ အကြိမ် CLMV နှင့် ဒုတိယအကြိမ် ACMECS အစည်းအဝေး၌ ဒုသမ္မတဦးဉာဏ်ထွန်းက အဖွင့် အမှာစကားတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘ACMECS သဘောတူညီ ချက်အရ နယ်စပ်ဖြတ်ကျော်ခရီး သွားလုပ်ငန်း၊ ဒေသခွဲအတွင်း ပေါင်းစည်းဆက်သွယ်မှုမြှင့်တင် ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံများကြား တစ်ခု တည်းသော ဗီဇာစနစ်ကျင့်သုံး အကောင်အထည်ဖော်ရေးဟာ လည်း အထူးအာရုံစိုက်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်’’ဟု ဒုသမ္မတဦးဉာဏ်ထွန်းက ပြော သည်။

ACMECS အဖွဲ့ဝင်နိုင်ငံများ မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအ ကြား နိုင်ငံဖြတ်ကျော်ခရီးသွား လာမှုမြှင့်တင်ရေး၊ နိုင်ငံငါးခု အကြား တစ်ခုတည်းသော ခရီး စဉ်ဒေသအဖြစ်ဖော်ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင်မထိခိုက် စေသော တာဝန်သိခရီးသွားလုပ် ငန်းမြှင့်တင်ရေး၊ ကမ္ဘာလှည့်ခရီး သည်များ ဘေးကင်းလုံခြုံရေး စသည့်ကဏ္ဍများကို ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

‘‘ဒီလုပ်ငန်းတွေကို အကောင် အထည်ဖော်ခြင်းအားဖြင့် ဒေသ တွင်း နိုင်ငံများအနေနဲ့ ခရီးဝေး ဈေးကွက်များကနေ ကမ္ဘာလှည့် ခရီးသည်များတိုးတက်ရရှိရေး အတွက် အထောက်အကူပြုစေ မှာဖြစ်ပါတယ်’’ဟု ဒုသမ္မတ ဦးဉာဏ်ထွန်းက ပြောသည်။

အထက်ပါ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ၂၀၁၆ မှ ၂၀၁၈ အတွင်း အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်ငါးနိုင်ငံ မှ ပုဂံ၊ ချင်းမိုင်၊ လောင်ပရာဘန်၊ ဗီယန်ကျန်း၊ ဆီယမ်ရိ၊ ဟွေး စသည့်ဒေသများကို ခရီးသွား စင်္ကြံသစ်အဖြစ် ဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။
7 day

No comments:

Post a Comment