Sunday, August 2, 2015

အနုပညာလှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ လီထယ်အင်း

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး လီထယ်အင်း သည် အနုပညာလုပ်ငန်းများ ပြန် လည်စတင်ရန် ပြင်ဆင်နေသည်။
‘‘လီထယ်အင်းဟာ စက် တင်ဘာ (သို့မဟုတ်) အောက်တို ဘာမှာ အနုပညာလုပ်ငန်းပြန် လည်စတင်ဖို့ပြင်ဆင်နေပါ တယ်။ You'll Love Me ဒရာမာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခံထားရပါ တယ်’’ဟု ၎င်း၏လုပ်ဖော်ကိုင် ဖက်တစ်ဦးက Daily Sports သတင်းအားပြောသည်။

လီထယ်အင်း၏အေဂျင်စီ Onion Management Group ကလည်း You'll Love Me ဒရာမာဇာတ်လမ်းတွဲ၌ သရုပ် ဆောင်ရန် ကမ်းလှမ်းခံထားရခြင်း အကြောင်း အတည်ပြုသည်။ ‘‘ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခံထားရပါ တယ်။ ဘာမှတော့ မဆုံးဖြတ်ရ သေးပါဘူး။ လီထယ်အင်းရဲ့ အနုပညာလှုပ်ရှားမှုကို စောင့် မျှော်နေပါတယ်’’ဟု အေဂျင်စီက ပြောကြားသည်။

လီထယ်အင်းအနေဖြင့် You'll Love Me ဒရာမာဇာတ် လမ်းတွဲ လက်ခံဖြစ်လျှင် ၎င်း အတွက် ခြောက်လခန့်အကြာ တွင် ပြန်လည်စတင်သည့် ပထမ ဆုံးအနုပညာလှုပ်ရှားမှုဖြစ်လာမည်။ လီထယ်အင်းသည် ပြီးခဲ့သည့်မတ်လတွင် Tutoring Across Generations အစီအစဉ်၌အဆို တော်ကင်ရယ်ဝမ် နှင့် အငြင်းပွားမှုဖြစ်ပွားပြီးနောက် အနုပညာလှုပ်ရှားမှုများအားလုံးကို ရပ်တန့် ထားခဲ့သည်။

—Ref: Soompi  

No comments:

Post a Comment