Sunday, August 2, 2015

စစ်ကိုင်း ရေဘေးသင့်သူများအတွက် မေတ္တာသင်္ဂဟအဖွဲ့ ကျပ်သိန်း ၃၂၀ လှူဒါန်း

 စစ်ကိုင်းတိုင်းမှ ရေဘေး သင့်ဒေသများအတွက် မေတ္တာ သင်္ဂဟအဖွဲ့က အလှူငွေ ကျပ်သိန်း ၃၂၀ လှူဒါန်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။အလှူငွေလှူဒါန်းပွဲကို ဩဂုတ် ၁ ရက်က တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလှူငွေများအပါအဝင်   အင်္ကျီ အသုံးအဆောင်များနှင့် အခြား ပစ္စည်းများကိုလည်း လှူဒါန်းမည် ဖြစ်သည်။


ယခုတစ်ကြိမ်  လှူဒါန်းမှု သည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ  ရေဘေးသင့်သည့်နေ ရာများအတွက်သာ ရည်ရွယ် ထားခြင်းဖြစ်၍ ယင်းဒေသကိုသာ လှူဒါန်းမည်ဖြစ်ပြီး အခြားရေ ဘေး သင့်ဒေသများအတွက် လည်း လှူဒါန်းမှုများပြုလုပ်သွား ရန် အစီအစဉ်ရှိသည်ဟု မေတ္တာ သင်္ဂဟအဖွဲ့မှ သရုပ်ဆောင် ခန့်စည်သူက ပြောသည်။

အဆိုပါအလှူငွေများကို မေတ္တာသင်္ဂဟအဖွဲ့ဝင်တစ်ဦးဖြစ် သကဲ့သို့ စစ်ကိုင်းတိုင်းဒေသခံ တစ်ဦးဖြစ်သည့် မချိုသာခင်က တာဝန်ယူ၍ လှူဒါန်းမှုများပြုလုပ် ပေးမည်ဖြစ်သည်။

ယင်းလှူဒါန်းမှုအစီအစဉ် သည် မေတ္တာသင်္ဂဟအဖွဲ့၏ (၃၅) ကြိမ်မြောက်လှူဒါန်းမှုဖြစ်ပြီး စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၁ မှစတင်၍ ယခုအကြိမ်အထိ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း ၁,၆၀၀ ကျော်ရှိကြောင်း ယင်း အဖွဲ့က ထုတ်ပြန်ထားသည်။

No comments:

Post a Comment