Sunday, August 2, 2015

မန်စီးတီးတိုက်စစ်မှူး ဂျိုဗီတစ်ကို အင်တာမီလန်အငှားဖြင့် ခေါ်ယူ


မန်စီးတီးတိုက်စစ်မှူး စတီဗန်ဂျိုဗီတစ်သည် အင်တာ မီလန်အသင်းသို့ ၁၈ လအငှား စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီး အင်တာက နောက်ပိုင်းတွင် အပြီးသတ်ဝယ်ယူနိုင်သည်ဟု မန်စီးတီးအသင်းက ကြေညာသည်။မွန်တီနီဂရိုးလက်ရွေးစင် ဂျိုဗီတစ် (၂၅) နှစ်သည် ၂၀၁၃ ကဖီအိုရင်တီးနားမှ ပေါင် ၂၂ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာပြီးမန်စီးတီးတွင် အထိုင်ကျရန် ရုန်းကန်ခဲ့ရသည်။ ဒဏ်ရာရရှိခဲ့ခြင်း ကလည်း ၎င်း၏ တိုးတက်မှုကို နှေးကွေးစေခဲ့သည်။မန်စီးတီးအတွက် (၄၄) ကြိမ် ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူခဲ့သော ဂျိုဗီတစ် အင်တာတွင် အဆင်ပြေပါစေကြောင်း ဆုမွန်တောင်း လိုက်သည်ဟု မန်စီးတီးက ထုတ် ပြန်သည်။

ဂျိုဗီတစ်ကမူ အင်တာသို့ ပြောင်းရွှေ့မှု အထမြောက်ပြီး နောက် မန်စီးတီးနည်းပြ ပယ်လီ ဂရီနီကို ဝေဖန်ပြောကြားလိုက်ပြီး ချီလီနိုင်ငံသား နည်းပြ လက် အောက်တွင် ကစားသမား အများအပြားပြဿနာကြုံတွေ့ခဲ့ရသည် ဟု ပြောသည်။
‘‘မန်စီးတီးမှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါ ဘူး’’ဟု ၎င်းက ပြောကြားပြီး အကောင်းဆုံးပုံစံရနေချိန်မှာပင် နည်းပြက ကစားခွင့်မပြုခဲ့ဟု ပြောသည်။
အားသစ်လောင်းနေသော အင်တာနှင့် စိန်ခေါ်မှုများ ရင်ဆိုင်ရမည့်အရေး စိတ်လှုပ်ရှားနေ သည်ဟု စီးရီးအေမှ ၂ နှစ်သာ ဝေးကွာခဲ့သူ ဂျိုဗီတစ်ကဆို သည်။                
  —Ref:Goal

No comments:

Post a Comment