Tuesday, August 18, 2015

သမ္မတဦးသိန်းစိန် ပါတီအစည်းအဝေး လာရောက်ခြင်းမှာ သာမန်တွေ့ဆုံနှုတ်ဆက်ခြင်းသာဖြစ်ဟု တာဝန်ရှိသူပြော

 ပြည်ခိုင်ဖြိုးပါတီတွေ့ ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အစည်းအဝေးတက်ရောက်ခြင်း မဟုတ်ဘဲ သာမန်တွေ့ဆုံနှုတ် ဆက်ရုံသာ လာရောက်ခဲ့ခြင်းဖြစ် ၍ အခြေခံဥပဒေနှင့်ညီကြောင်း ပါတီဗဟိုကော်မတီအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးပိုက်ထွေးက ပြောကြားသည်။
ယခုလ ၁၇ ရက် နံနက်က ပြုလုပ်သော ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်များကို နှုတ်ဆက် တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည် ဟု ထုတ်ပြန်ထားသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက် ရောက်ခဲ့ခြင်းအပေါ် အထက်ပါ အတိုင်း  ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 ‘‘ပါတီဥက္ကဋ္ဌနိုင်ငံတော်သမ္မ တဦးသိန်းစိန်ဟာ ပါတီဝင်လွှတ် တော်ကိုယ်စားလှယ်တွေကို လာ ပြီးနှုတ်ဆက်တာဖြစ်ပါတယ်။ အ စည်းအဝေးတက်တာမဟုတ်ပါ ဘူး။ နှုတ်ဆက်ပြီး ပြန်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေနဲ့ ညီပါတယ်’’ ဟု ဦးပိုက်ထွေးက ဆို သည်။ထို့အပြင် လွှတ်တော်ကိုယ် စားလှယ်များအား ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍လည်း ယင်းတွေ့ဆုံပွဲ တွင် မဆွေးနွေးခဲ့ကြောင်း ၎င်းက ပြော သည်။
အဆိုပါ အခမ်းအနားတွင် အခမ်းအနား မစတင်မီပါတီဥက္က ဋ္ဌဦးသိန်းစိန်သည် ပါတီဝင်လွှတ် တော် ကိုယ်စားလှယ်များအား နှုတ်ဆက်ရန် ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတ တာဝန်ထမ်း ဆောင်နေသည့်အတွက် ပါတီဖွဲ့ စည်းပုံအခြေခံစည်းမျဉ်း (၉၉/ခ) အရ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းအား လွှဲအပ်ပေးခဲ့သည့်ပူးတွဲ ဥက္ကဋ္ဌ တာဝန်ကို ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးထံ လွှဲပြောင်းပေးရသည့် ကိစ္စကို ရှင်းလင်းပြောကြား၍ပြန် လည်ထွက်ခွာသွားကြောင်း ပါတီ မှ ထုတ်ပြန်သည့်ကြေညာချက် (၄/၂၀၁၅) တွင် ဖော်ပြထား သည်။
ထိုကဲ့သို့ ပါတီပူးတွဲဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်ရာတွင် ဒီ မိုကရေစီနည်းကျဆောင်ရွက်ခဲ့ပါ သလားဟု မေးမြန်းချက်ကို တိကျ စွာဖြေကြားသွားခြင်းမရှိဘဲ မိမိ တို့ ပါတီအနေဖြင့် ဒီမိုကရေစီရှင်သန်ရေးကို ဆောင်ရွက်နေပါ ကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ မောင်မောင်ဌေးက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် မ ၆၄ တွင် သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်ပါက အဆိုပါရာထူးများ၌ ရွေးချယ်တင် မြှောက်ခံရပြီးချိန်မှစ၍ယင်းရာထူး သက်တမ်းအတွင်း ပါတီအဖွဲ့အ စည်း၏ပါတီလုပ်ငန်းများတွင် ပါ ၀င်ဆောင်ရွက်ခြင်းမပြုရဟု ဖော် ပြထားသည်။
ယခုကဲ့သို့ ပါတီဌာနချုပ်အ ဆောက်အအုံအတွင်းသွားရောက် သည့်ဖြစ်ရပ်ကိုကြည့်လျှင် သမ္မတအနေဖြင့် ပါတီလုပ်ငန်းများကို ပါဝင်ဆောင်ရွက်နေသည်ဟု ယူ ဆနိုင်ပြီး ပါတီပူးတွဲဥက္ကဋ္ဌတာဝန် လွှဲပြောင်းမှုများကို ဦးစီးဆောင် ရွက်နေခြင်းကပင် ပါတီလုပ်ငန်း များကို ပါဝင်ဆောင်ရွက်ခြင်းဖြစ် သဖြင့်  အခြေခံ ဥပဒေကို ချိုး ဖောက်ရာရောက်ကြောင်း နိုင်ငံ ရေးလေ့လာသုံးသပ်သူ အချို့က ဆိုသည်။
သမ္မတအနေဖြင့် ယင်းကဲ့သို့ ပါတီ အခမ်းအနားများသို့ တက် ရောက်မှုသည် ဒုတိယ အကြိမ် မြောက်ဖြစ်ပြီး ၂၀၁၂ က ပြုလုပ် သည့် ပါတီညီလာခံသို့လည်းတက်ရောက်ခဲ့သည်။
7 day

No comments:

Post a Comment