Sunday, August 2, 2015

ရေဘေးသင့်ဒေသများသို့ လှူဒါန်းရန် ရန်ကုန်မှလူငယ်အဖွဲ့များ မြို့တွင်းလမ်းမများတွင်အလှူငွေကောက်ခံ

 ရေဘေးသင့်ပြည်သူ များအတွက် သွားရောက်လှူဒါန်း ရန် ရန်ကုန်မြို့မှ လူငယ်များအဖွဲ့ သည် မြို့တွင်းလမ်းမများတွင် အလှူငွေကောက်ခံမှုများနှင့် အွန် လိုင်းမှ အလှူခံမှုများပြုလုပ်လာ ကြသည်။
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရေဘေးသင့် ပြည်သူများအား ကယ် ဆယ်ရေးပစ္စည်းများနှင့် လိုအပ် သည့် အထောက်အပံ့များ  လှူဒါန်း နိုင်ရန် ‘‘ရေဘေးကယ်ဆယ်ရေး အတွက် လက်တစ်ဖက်ကမ်းကြ မယ်’’အဖွဲ့မှ လူငယ်တစ်ရာခန့် သည် သြဂုတ် ၁ ရက်က မြေနီကုန်း စမ်း ချောင်းမြို့နယ်တွင် အလှူငွေ ကောက်ခံမှုပြုလုပ်ခဲ့သည်။ ‘‘ရေဘေးသတင်းတွေတစ်ရက်ထက်တစ်ရက်ဆိုးရွားလာတဲ့ အခြေအ နေတွေကို အင်တာနက်မှာတွေ့ရ တော့ ကျွန်တော်တို့ သူငယ်ချင်း တွေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပြုပေးချင်တာကြောင့် လုပ်ဖြစ်ခဲ့ တာပါ။ လောလော ဆယ်မှာတော့ နှစ်ရက်အလှူငွေ ကောက်ခံပေးဖို့ စီစဉ်ထားပါတယ်။ မြေနီကုန်းစမ်းချောင်းတစ်ဝိုက်ကနေရာတွေ မှာ အလှူငွေ လိုက်လံကောက်ခံ ပေးမှာပါ’’ဟု ယင်းအဖွဲ့မှကိုဗိုလ် ဗိုလ်ကျော်က ပြောသည်။

‘‘ရေဘေးကယ်ဆယ်ရေးအ တွက် လက်တစ်ဖက်ကမ်းကြ မယ်’’ခေါင်းစဉ်ဖြင့် ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ကောက်ခံပေးသည့် ပရဟိတအဖွဲ့သည် ပထမတစ်ရက်တည်း အလှူငွေ ကျပ်သိန်း၁၅၀ ခန့် ကောက်ခံ ရရှိထားကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် သြဂုတ်၁ ရက်နှင့် ၂ ရက်တွင် မြေနီကုန်းစမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာ(၁)၊(၂)၊ ဂမုန်းပွင့်၊ မြေနီကုန်းစီးတီးမတ်၊ ကျွန်းတောလမ်းနှင့် လင့်လမ်းအနီးတစ်ဝိုက်၌ ညနေ ၄ နာရီမှ ၆ နာရီအတွင်း ကောက်ခံမည်ဟုဆိုသည်။

‘‘ကောက်ခံရရှိလာတဲ့ အလှူငွေတွေကို ရေဘေးဒဏ်ခံရတဲ့ ဒေသ တော်တော်များများကို သွားရောက် လှူဒါန်းပေးမှာပါ။ ရန်ကုန်က အခြေစိုက်လူငယ် ပရဟိတအဖွဲ့တွေနဲ့ ရောချိတ်မယ်။  ကိုယ်တိုင်လည်း သွားရောက်လှူဒါန်း သွားမှာပါ’’ဟု ရေဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေကောက်ခံပေး သည့်ပရဟိတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ရန်ကုန်မြို့မှ လူငယ်များ အဖွဲ့တစ်ဖွဲ့ကလည်း  ဇူလိုင် တတိယပတ်ခန့်က ကောလင်းရေဘေး အတွက် ကမာရွတ်မြို့နယ် လှည်းတန်းအနီးတစ်ဝိုက်တွင် သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ အလှူငွေကောက်ခံမှုများ ပြုလုပ် ခဲ့သည်။

ရန်ကုန်မြို့ရှိ လူစည်ကား ရာလမ်းမများပေါ်နှင့်  ဈေးများ ကားဂိတ်နေရာများတွင် ဂီတဖြင့်ဖျော်ဖြေ၍ ယင်းဖျော်ဖြေမှုကို ယခု နောက်ပိုင်းတွင်ပြုလုပ်လာကြပြီး နီပေါငလျင်နှင့် ကချင်စစ်ဘေး အတွက် အလှူကောက်ခံမှုများကို လည်း  ထိုကဲ့သို့ပြုလုပ်ခဲ့ကြ သည်။

1 comment:

  1. ရေဘေးအတွက်အလှုခံတာတော့ ကောင်းပါတယ်ဗျာ။အဲ့ ဒီပိုက်ဆံထဲကနေ အုပ်စုလိုက်ထမင်းဝိုင်းဖွဲ့ စားတာ
    ပင်ပန်းလို့ ရေ၀ယ်သောက်တာ၊လမ်းစရိတ်သုံးတာတွေက ပုဒ်မ၄၀၉နဲ့ ညှိတယ်နော်သတိထားကြပါ။
    ပရဟိတသမားတိုင်းသိသင့် တယ်ထင်လို့ ပြောပြတာပါ။ကလေးတွေကိုလည်းပြောပြကြပါ။လူအားငွေအားစိုက်ပြီး အလှုခံလို့ ရတဲ့ ဟာတွေကိုအကုန်လှု ကြပါ ကုသိုလ်ရကြမှာပါ။

    ReplyDelete