Wednesday, September 9, 2015

မသမာသောနည်းဖြင့် မဲဆွယ်စည်းရုံးမှုများ တိုင်ကြားနိုင်


မသမာသောနည်းဖြင့် မဲဆွယ်စည်းရုံးပါက ရဲအရေးပိုင်မှု ဖြစ်၍ သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးညွှန်ကြားရေး မှူး ဦးသောင်းလှိုင်က ပြောသည်။
 ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ  မဲ ဆွယ် စည်းရုံးမှုနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို ဥပ ဒေတွင် အတိအလင်းပြဋ္ဌာန်းထား ကာ ညွှန်ကြားချက်များ ထုတ်ပြန် ထားပြီးဖြစ်၍ ယင်းသတ်မှတ်ချက် များထက် ကျော်လွန်လုပ်ဆောင် ပါက သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ၎င်း က ဆိုသည်။
‘‘မဲဆွယ်စည်းရုံးရာမှာ သတ် မှတ်စည်းကမ်းချက်ချိုးဖောက်ရင် ရဲအရေးပိုင်မှုအဖြစ်နဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် အ ချက်အလက်သက်သေအတိအ ကျနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား လို့ရတယ်။ ကော်မရှင်က အရေး ယူလို့ရတဲ့ဖြစ်စဉ်ဆိုရင် စည်းမျဉ်း အရ အရေးယူမယ်’’ဟု ဦးသောင်းလှိုင်က ပြောသည်။

သို့သော် မကြာမီ နေပြည် တော်ကော်စီ နယ်မြေအတွင်း လယ်ဆည် ပြည်ထောင် စုဝန်ကြီး ဦးမြင့်လှိုင်အနေဖြင့် မဲဆန္ဒနယ်မှ ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးအတွက် ပစ္စည်းလက်ဆောင်ပေးခြင်း အသုံးပြုခဲ့သည်ဆိုကာ ဒီချုပ်ကိုယ်စားလှယ်လောင်းက ဒက္ခိဏသီရိမြို့နယ် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းက လက်မခံခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် ကြားသိရပြီး တိုင်ကြားမှုတွင် လိုအပ်ချက်ရှိ၍ ဖြစ်နိုင်ကာ မည်သည့်အတွက် ကြောင့် အမှုဖွင့်မပေးသည်ကိုမသိကြောင်း ဦးသောင်းလှိုင်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပ ဒေပြစ်မှုနှင့်ပြစ်ဒဏ်များတွင် ရွေး ကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ကျေးဇူး တုံ့ပြန် သည့် အနေဖြင့် လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူးအလုပ်အကိုင် နေရာရွှေ့ ပြောင်းမှု(သို့မဟုတ်)အခြားအ ခွင့်အရေး တစ်ခုခုကို အသုံးပြု လျက် လာဘ်ပေးခြင်း(သို့မဟုတ်) လာဘ်ယူခြင်း ရွေးကောက်ပွဲဆိုင် ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဦး ကိုသော်လည်းကောင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကိုသော် လည်းကောင်း ခြိမ်းခြောက်ခြင်း ကျူးလွန်ကြောင်း (သို့မဟုတ်)ကျူးလွန်ရန် အားပေး ကူညီ ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရ ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
7 day

No comments:

Post a Comment