Thursday, September 10, 2015

တောင်ကြီးမြို့တွင် ပါတီအချို့ မဲဆွယ်စည်းရုံးမှုများစတင်


လာမည့်ရွေးကောက်ပွဲကာလအကြို မဲဆွယ်စည်းရုံးမှု များကို တောင်ကြီးမြို့တွင် ပါတီ အချို့စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က အမေ့ဂီတကားဖြင့်တောင်ကြီးမြို့တွင်းလှည့်လည်မဲ ဆွယ်စည်းရုံးခြင်း၊ လက်ကမ်းစာ စောင်များဝေငှခြင်းများပြုလုပ်ခဲ့ ပြီး စက်တင်ဘာ ၉ ရက်၌လည်း ကျောက်နီ၊ ရေပူ၊ တောင်နီကျေး ရွာများအထိ ကားဖြင့်လှည့်လည် စည်းရုံးလျက်ရှိကြောင်း တောင် ကြီးခရိုင်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က  လည်း စက်တင်ဘာ ၈ ရက် နံနက် ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗဟိုရုံးချုပ်၌ သမ္မတ ဦး သိန်းစိန်ပုံပါ ရွေးကောက်ပွဲအောင်နိုင်ရေးဗီနိုင်းနှင့် ပြည်ခိုင်ဖြိုးအလံ တိုင်များ စတင်စိုက်ထူခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဦးစိုင်းဇော်ဇော်ကပြောကြား သည်။

‘‘အောင်နိုင်ရေးဆိုင်းဘုတ် ကို ပါတီဥက္ကဋ္ဌ၊ ပါတီအမှတ်တံ ဆိပ်၊ မူဝါဒအကြောင်းအကျဉ်း ရေးထားပြီး နေ့ကောင်းနေ့မြတ်ရွေးပြီးတင်ရခြင်း ဖြစ်တယ်’’ ဟု ဦးစိုင်းဇော်ဇော်က ပြောသည်။

ထို့အတူ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) က ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ၎င်းတို့ရုံးချုပ်ရှိရာ တောင်ကြီးမြို့ တွင် စက်တင်ဘာ ၉ ရက် နံနက် ပိုင်းက ရွေးကောက်ပွဲအောင်နိုင် ရေးဆိုင်းဘုတ်များစိုက်ထူ၍ ပါတီအလံတိုင်များ လွှင့်ထူခဲ့သည်။

‘‘ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအတိုင်း စက် တင်ဘာ ၉ ရက်ကစပြီး မဲပေးတဲ့ နေ့မရောက်ရှိမီအချိန်အထိ စည်း ရုံးရေးဆောင်ရွက်သွားပါမယ်။ ဆိုင်းဘုတ်တင်တဲ့ ရည်ရွယ်ချက် ကလည်း အများပြည်သူတွေ ကျွန်တော်တို့ပါတီမူဝါဒကို သိနိုင်ဖို့ ပြည်သူနဲ့ ပါတီအကျွမ်းတ၀င်ဖြစ် ဖို့ မဲဆွယ်ဆိုင်းဘုတ်တင်ရခြင်း ဖြစ်တယ်’’ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက ပြောသည်။

ပါတီများ မဲဆွယ်စည်းရုံးခွင့် ကို စက်တင်ဘာ ၈ ရက်မှစတင်၍ ရွေးကောက်ပွဲကျင်းပမည့် နိုဝင် ဘာ ၈ ရက်မတိုင်မီအထိ ရက် ပေါင်း ၆၀ ကို မဲဆွယ်စည်းရုံးခွင့် ကာလအဖြစ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတ် မှတ်ပေးထားသည်။
7 day

No comments:

Post a Comment