Wednesday, September 30, 2015

ရွေးကောက်ပွဲဆိုင်ရာမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များ ထွက်ပေါ်ရန်ရှိ


 လာမည့်ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ပါဝင်စားလာ စေရန်၊ အမတ်လောင်းများ၏ အ ကြောင်းများကို လွယ်ကူစွာ သိရှိ စေရန် ရည်ရွယ်၍ မိုဘိုင်းအက်ပ လီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များကို မကြာမီမိတ် ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ အများစုသည် မိမိဒေသရှိ အမတ် လောင်းများကိုပင် မသိရှိခြင်းများ ဖြစ်ပေါ်နေ၍ ရွေးကောက်ပွဲဆိုင် ရာအချက်အလက်များကို ထည့် သွင်းထားသည့် အက်ပလီကေး ရှင်း၊ ၀က်ဘ်ဆိုက်များ ထွက်ပေါ်စေရန် မဲပေးစို့ပြိုင်ပွဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ဖန်တီးရာမှ TechProgram Manager ကိုသီဟ အေးကျော်က ပြောသည်။
‘‘မဲပေးတဲ့သူတွေအတွက် အဆင်ပြေသွားအောင် ဘယ်သူ့ ကို မဲပေးရမလဲ၊ ဘယ်လိုမဲပေးရ မလဲဆိုတာ လေးတွေပါဝင်တာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
မဲပေးစို့အမည်ရှိ အက်ပလီ ကေးရှင်းနှင့် ၀က်ဘ်ဆိုက်ရေးဆွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၀ထဲ မှ ဆန်ခါတင်စာရင်းရွေးထုတ် ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုအသိအမှတ်ပြုဆု လေးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပထမဆုရရှိ သော Team Pop Stack အဖွဲ့ သည် Andriod နှင့် IOS နှစ်မျိုး စလုံးအတွက် MVoter 2015 အက်ပလီကေးရှင်းကိုလည်း ကောင်း၊ ဒုတိယဆုရရှိသော Team SSYGM အဖွဲ့မှာ Androidအတွက် Mae အက်ပလီကေးရှင်း ကိုလည်းကောင်း၊ တတိယဆုရရှိ သော Team Koe Koe Wave အဖွဲ့သည် MaePaySohKoeKoe ၀က်ဘ်ဆိုက်နှင့် အက်ပလီကေး ရှင်းကိုလည်းကောင်း၊ ဂုဏ်ပြုဆု ရရှိသော Team Palartar အဖွဲ့ သည် Electroscope ၀က်ဘ် ဆိုက်ကိုလည်းကောင်း အသီးသီး ရေးဆွဲကြမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ရဲ့ အက်ပလီ ကေးရှင်းက မြို့နယ်မဲဆန္ဒနယ်ကို အလိုအလျှောက်ရှာဖွေပေး တယ်။ ရပ်ကွက်၊ မြို့ရွာကိုတော့ ကိုယ်တိုင်ရှာဖွေရမယ်။ အောက် တိုဘာ ၄ ရက်မှာ အက်ပလီကေး ရှင်းထွက်နိုင်မှာပါ’’ဟု Team PopStack အဖွဲ့မှ ကိုမြတ်မင်းစိုးက ပြောသည်။
7 day

No comments:

Post a Comment