Wednesday, September 30, 2015

သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအား စွဲဆိုထားမှုပယ်ဖျက်ရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားမည်


သပိတ်မှောက်ကျောင်း သားနှင့် ၀န်းရံပြည်သူများအား စွဲ ဆိုထားသည့်အမှုကို   ပယ်ဖျက် ပေးရန် ပဲခူးတိုင်းဒေသကြီး တရား လွှတ်တော်သို့ အောက်တို ဘာလဆန်းတွင် လျှောက်ထား မည်ဟု တရားခံရှေ့နေများထံမှ သတင်းရရှိသည်။
သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများကို ဖြို ခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ အမှုဖွင့် ခြင်းနှင့် တရားစွဲဆိုခြင်းသည် ဥပဒေနှင့် မညီသောကြောင့် အမှု ကို  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁(က)အရ ပယ်ဖျက်ပေး ရန် သြဂုတ် ၁၈ ရက်တွင် သာယာ ၀တီမြို့နယ်တရားရုံး၌ လျှောက် ထားခဲ့ပြီး အဆိုပါလျှောက်ထား ချက်သည် သာယာဝတီမြို့နယ် တရားရုံးတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိ သောကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့  ဆက်လက် တင်ပြရန် စီစဉ်ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။

‘‘အောက်တိုဘာ ၁ရက်နဲ့ ၂ ရက်အတွင်းမှာ ပဲခူးတိုင်းဒေသ ကြီး တရားလွှတ်တော်မှာ အမှုကို ချေဖျက်ပေးစေလိုမှု လျှောက် ထားချက်ကို သွားတင်မယ်။ ဒီနေ့ က အောက်ရုံးမှာ အမှုတွဲမရှိတဲ့ အတွက်ကြောင့် ရုံးချိန်းကို အောက်တိုဘာ ၆ ရက် ပြန်ချိန်း လိုက်တယ်’’ဟု ဦးလှမျိုးမြင့်က ပြောသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများ၏ ရှေ့နေ ကိုယ်စားလှယ်လွှဲစာအား သာ ယာဝတီထောင်မှ စက်တင်ဘာ ၂၂ ရက်တွင် ရရှိခဲ့သောကြောင့် ၎င်းတို့ကို စွဲဆိုထားသည့်အမှုအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁(က)အရ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဆက်လက် တင်ပြမည်ဖြစ်သည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သာယာ ၀တီမြို့နယ်တရားရုံး၌ စက်တင် ဘာ ၂၉ ရက်က ရုံးထုတ်စစ်ဆေး ရာ သက်သေခံမော်တော်ယာဉ် ကို အာမခံအဖြစ် ပြန်လည်ရယူ လို၍ အမှု ဆက်လက်စစ်ဆေး ခြင်းမရှိဘဲ အောက်တိုဘာ ၆ ရက်သို့    ရုံးချိန်းထပ်မံချိန်းဆိုခဲ့ သည်။

သာယာဝတီမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသား များအပါအ၀င် ၀န်းရံပြည်သူများ နှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်တို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါ ၀င်မှုပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့် ပေးပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ် စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်း ဆောင်နေသော ၀န်ထမ်းကို နာ ကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခဲ့ သည်။
7 day

No comments:

Post a Comment