Tuesday, September 8, 2015

သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ မိုင်းခွဲမှုများကြောင့် ကျေးရွာအတွင်း ကျောက်ခဲများကျရောက်


 ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ဒဟတ်ရေး ကျေးရွာအနီးတွင် ရွှေဖူးအိမ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရွာ အနီးကပ်လျက် ဖောက်ခွဲတူးဖော် နေမှုများကြောင့် လူနေအိမ်များ၊ လမ်းမများပေါ်တွင် မိုင်းစကျောက်ခဲကြီးငယ်များကျရောက်ကာ နေ အိမ်အမိုးအကာများထိမှန်ပေါက် ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သ တင်းရရှိသည်။ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် ဒဟတ် ရေးကျေးရွာနေ ဒေသခံများနှင့် ကျောက်ဆည်မြို့နယ် ၈၈ (ငြိမ်း၊ ပွင့်)အဖွဲ့အစည်းတို့ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးမြို့ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သည်။

ရွှေဖူးအိမ်ကုမ္ပဏီသည် တူး ဖော်ရေးလုပ်ငန်းများကို ၂၀၁၃ မှစ၍ ရွာအနီးတွင် လာရောက် လုပ်ကိုင်ခဲ့ပြီး ကျေးရွာအနီး၌ ဖောက်ခွဲရေးခဲယမ်းပစ္စည်းများအသုံးပြု၍ ဖောက်ခွဲတူးဖော်နေမှု ကြောင့် ရွာထဲသို့ မိုင်းစကျောက် ခဲကြီးငယ်များကျရောက်ပြီး နေ အိမ်များပျက်စီးရကြောင်း၊ ယင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအာဏာပိုင်များကို သွားရောက်တိုင်တန်း သော်လည်း အရေးယူမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သတင်းစာ ရှင်းပွဲတွင် ဒေသခံတောင်သူများ က ပြောသည်။

‘‘သူတို့ မိုင်းခွဲတော့ ကျွန် တော့်အိမ်ပေါ်ကျတာ သွပ်တွေ ပေါက်ပြီး ထရံတွေပွင့်ထွက်သွား တယ်။ တော်သေးတယ်၊လူရှိမနေ လို့ ရွာထဲမှာဆိုသူတို့ မိုင်းခွဲဖို့ ခရာ တွတ်ပြီဆို ရေချိုးနေရင်းလည်း ထဘီရင်ရှားကြီးနဲ့အကွယ်ရှိတဲ့ နေရာပြေးပုန်းရတယ်။ မိုင်းက ခရာတွတ်ပြီး စက္ကန့်ပိုင်းအတွင်း ချက်ချင်းခွဲတာ’’ဟု ကျောက်မိုင်း ထိ၍ နေအိမ်ခေါင်မိုးနှင့် ထရံများ ပျက်စီးခဲ့ရသော ဦးရွှေဘက ပြောသည်။ ကျောက်မိုင်းများ အိမ်ခေါင်မိုးပေါ်သို့ ဇွန်လ ၁၁ ရက်ကကျရောက်ခဲ့ရာတွင်  နေအိမ်သွပ်မိုးများနှင့်  ထရံအကာများပျက်စီး သွားခဲ့ကြောင်း  ၎င်းက ပြော သည်။

နေအိမ်ပျက်စီးမှုနှင့် ပတ် သက်ပြီး ကျောက်ဆည်မြို့နယ်ရဲ စခန်းသို့ သွားရောက်တိုင်တန်းရာ တွင် အရေးယူဆောင်ရွက်ပေး ခြင်းမရှိကြောင်း၊    တရားရုံးသို့ လျှောက်ထားရာတွင်လည်း အမှု ကို ပလပ်ခံခဲ့ရကြောင်း ဦးဘရွှေ က ပြောသည်။ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘော်တောင်ဒေသတွင် ကြေးနီ၊ ခဲ၊ ဘော်စသည့် သတ္တုများထွက်ရှိပြီး ကုမ္ပဏီ ခြောက်ခု က တူးဖော်ရေးလုပ်ငန်းများလုပ် ကိုင်နေပြီး မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီးများ၏ စာရင်းတွင် ရွှေ ဖူးအိမ်သတ္တုတူးဖော်ရေးကုမ္ပဏီ ဆိုသည့် နာမည်မပါဝင်ကြောင်း၊ ကုမ္ပဏီကို တူးဖော်ရေးလိုင်စင်ပြ သရန် ဒေသခံများက တောင်းဆို ရာတွင်လည်း မပြသနိုင်ကြောင်း ဒေသခံများက ပြောသည်။

‘‘ဒါမျိုးနိုင်ငံတော်ရဲ့ သယံ ဇာတတွေကို ထုတ်ယူဖို့ ဘယ်သူ တွေက ခွင့်ပြုချက်ပေးနေတာလဲ။ ဒေသအကျိုးအမြတ်၊ နိုင်ငံတော် အကျိုးအမြတ်ဘယ်လောက်ရလို့ ခွင့်ပြုနေရတာလဲ။ ပြီးတော့ ဒါ မျိုးအန္တရာယ်ရှိတဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေကို ရွာနဲ့ နီးနီးကပ် ကပ်နေရာတွေမှာ ခွင့်ပြုတာနေ တာတွေက ဘယ်သူတွေ  ခွင့်ပြုနေတာလဲ။ ဒါတွေကို ဘယ်သူကမှကွင်းဆင်းစစ်ဆေးမှုလည်း မလုပ် ဘူး’’ဟု ကျောက်ဆည် ၈၈ (ငြိမ်း၊ ပွင့်)မှ ကိုစိုးသီဟက ပြောသည်။
7 day

No comments:

Post a Comment