Wednesday, October 14, 2015

KIA ရှိနေသရွေ့ကချင်ပြည်နယ်က ဒေသခံတို့အသက်ခန္ဓာ စတေးခံ နေရဦးမည်

၂၀၁၁ ခုနှစ်အတွင်း KIA လက်နက်ကိုင်အဖွဲ့၏ အဖျက်အမှောင့်လုပ်ငန်းများ၊ လူမဆန်သော လုပ်ရပ်များအတွက် တပ်မတော်စစ်ကြောင်းများက တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့ရာ ၎င်းတို့ရဲ့လိုင်ဇာဌာနချုပ်အား သိမ်းပိုက်ရန် လက်တစ်ကမ်း အလိုတွင် နိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် တပ်မတော်အား ထိုးစစ်ဆင်မှုများ ရပ်တန့်စေခဲ့မှုကြောင့် KIA လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်လက်တည်ရှိနေနိုင် ရေး အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင်လည်း KIA ရဲ့ ခေတ်အဆက်ဆက် လုပ်ရိုးလုပ်စဉ်အတိုင်း ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် တစ်မျိုးပြောကာ မြေပြင်မှာတော့ အတင်းအဓမ္မလူသစ်စု ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င်မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊ လက်နက်မှောင်ခို၊ သစ်မှောင်ခိုလုပ်ငန်းများ လုပ်မြဲလုပ်ဆောင်နေကြ ပါတယ်။ သို့သော်လည်း KIA ရဲ့အကျင့်ဆိုးကို သိရှိပြီးသားဖြစ်တဲ့ တပ်မတော်စစ်ကြောင်းများဟာ ရဲတပ်ဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေကြောင့် KIA ရဲ့ တရားမ၀င်သစ်ခိုးထုတ်မှုများ၊ မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချမှုများကို ဟန့်တားနိုင်ခဲ့သလို အတင်းအဓမ္မလူသစ်စု ဖမ်းဆီးခေါ်ဆောင်ခံရသူများကိုလည်း တတ်နိုင်သလောက် ကယ်ထုတ်နိုင်ခဲ့ ပါတယ်။
ယခုအခါ NCA လက်မှတ်ရေးထိုးမှုကို ငြင်းပယ်လိုက်တဲ့ KIA ဟာ ၎င်းတို့ရဲ့ တရားမ၀င်စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာလုပ်ဆောင်ဖို့အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ သွားလာရာလမ်းကြောင်းများ၊ တောင်ယာ စိုက်ခင်းများနှင့် ရွှေမှော်၊ ကျောက်မှော်သွားရာလမ်းကြောင်းများမှာ မိုင်းထောင် ကာ ခြောက်လှန့်လျက်ရှိပါတယ်။ KIA ရဲ့ မိုင်းထောင်မှုကြောင့် အပြစ်မဲ့ဒေသခံများ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ရပြီး ၎င်းတို့လှုပ်ရှားရာနယ်မြေကို သွားလာလှုပ်ရှားမှုနည်းပါးအောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် KIA ဟာ စီးပွားရေးအင်အားတောင့်တင်း ရေးအတွက် ၎င်းတို့ကြီးစိုးရာဒေသတွင်းရှိ ဘဏ်များကို ဆက်ကြေးတောင်းခံခြင်း၊ ကားဂိတ်များ၊ စတိုးဆိုင်များပါမ ကျန် ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေသလို လက်လုပ်လက်စား၊ ရွှေအောင်၊ ကျောက်အောင်သူများထံမှ လည်း ခေါင်းပုံဖြတ်အမြတ်ထုတ်လျက် ရှိပါတယ်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ KIA ရဲ့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မန်စီကျေးရွာမှ တောင်ယာ အလုပ်သိမ်း၍ ပြန်လာသော ရွာသူ၊ ရွာသား ၅ ဦးအနက် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ မန်စီဆေးရုံမှာ ဆေး ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျွန်တော်တို့ မိုးညှင်းမြို့၊ ထန်းတပင် ကျေးရွာတွင်နေထိုင်သူ ဒေါ်ယုယုချို (၃၇) နှစ်၊ ဒေါ်စန်းဦး(၄၈)နှစ်၊ ဦးမောင်ကြီး (၃၅)နှစ်တို့ဟာ ရွာရဲ့မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ တောလမ်းသို့ မျစ်ချိုးရန်သွားရောက်စဉ် KIA အဖွဲ့ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲ ကာ ဒဏ်ရာအသီးသီးရရှိ၍ မိုးညှင်းမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာပဲ ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာနေ ဦးစိုင်းထွန်းလွင် (၃၅)နှစ် ၊(ဘ)ဦးအောင်ကို၊ ရှမ်း/ဗမာ၊ ကျောက် ရောင်း/၀ယ်အား KIA အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိ၍ အိမ်ပေါ်သို့တက်ကာ ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။ သေဆုံးသူ ဦးစိုင်းထွန်းလွင်ဟာ စက်တင်ဘာလအတွင်းက ကျောက်အောင် ခဲ့သဖြင့် KIA အဖွဲ့က ဆက်ကြေးတောင်းခံခဲ့ရာ ဦးစိုင်းထွန်းလွင်က ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ တင်ပြ၍ ဆက်ကြေး ငွေမပေးနိုင်ကြောင်း KIA ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့သို့လည်း တိုင်စာပေးပို့ခဲ့တာကြောင့် KIA အဖွဲ့ က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ဒါကြောင့် KIA ရှိနေသရွေ့ ကျွန်တော်တို့ကချင်ပြည်နယ်မှာ KIA ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဒေသခံတို့ရဲ့ အသက်ခန္ဓာတွေ စတေးနေရဦးမှာပဲဖြစ်ပါကြောင်း မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားညီအစ်ကိုမောင်နှမများ သိရှိအောင် ရေးသား ဖော်ပြလိုက်ရပါတယ်။


ထွန်းထွန်းမင်း(မိုးညှင်း)

Kachin Daily

No comments:

Post a Comment