Friday, October 30, 2015

ငြိမ်းချမ်းရေးပျောက်ဆုံးတော့မည့် SSPP/SSA အဖွဲ့၏နောက်ထပ်လုပ်ရပ်


ယနေ့ညနေ ၆ နာရီခွဲအချိန်ခန့်က SSPP/SSAအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်၊ 
ဝိန်းကောင်ရွာမှာရှိတဲ့တပ်မတော်နောက်တန်းဌာနချုပ်ကို ၄ ကြိမ်မြောက် အင်အား ၂၀၀ ခန့်နှင့် အဖွဲ့ ၅ ဖွဲ့ခွဲပြီး လက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
၎င်းတို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ဆံသည် အဆိုပါတပ်ရင်းဌာနချုပ်၏ တပ်မိသားစုဝင်မျာနေ
ထိုင်သည့် အဆောက်အဦများကြား ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ယခုကဲ့သို့ပစ်ခတ်မှုကြောင့် အဆိုပါတပ်ရင်းဌာနချုပ်မှ တပ်မတော်သားအချို့အပါအ၀င်မိန်းမနှင့်ခလေးများ ဒဏ်ရာအများအပြားရရှိသွားပါတယ်လို့သိရပါတယ်။
SSPP/SSAအဖွဲ့သည်ယခုလို မြန်မာလူမျိုးများ၏ဥပုဒ်သီတင်းသီလစောင့်တည်တဲ့ အချိန်အခါကိုတောင် ရှောင်ရှားခြင်းမရှိပဲ တမင်သက်သက် ရွေးချယ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
We Love True

No comments:

Post a Comment