Monday, November 23, 2015

ချင်းတွင်းမြစ်ကြောင်းသွားရေယာဉ်သစ်များတွင် ရေလုံကန်ထည့်သွင်းတည်ဆောက်ရန် ညွှန်ကြား

မုံရွာအခြေပြုပြေးဆွဲနေ သည့် ချင်းတွင်းရေကြောင်းသွား ရေယာဉ်များ အသစ်တည်ဆောက်ပါက ခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရန် ရေလုံကန်များထည့်သွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်၊ မန္တလေး) ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသော ပြည်တွင်းရေကြောင်းသွား ရေယာဉ် ပိုင်ရှင်များအသင်း အစည်းအဝေး ၌ ပြောကြားသည်။

ရေယာဉ်များတွင် ရေလုံ ကန်များထားရှိခြင်းဖြင့် ဘေးအန္တ ရာယ်ကြုံတွေ့ရချိန်၌ ခရီးသည် များ အသက်ကယ်ပစ္စည်းများရယူ ရန် အချိန်ရရှိနိုင်မည်ဟုဆိုသည်။ ‘‘ရေယာဉ်တွေက ဆောက် ချင်သလို ဆောက်၊ သွားချင်သလို သွား။ ရေယာဉ်ပိုင်ရှင်တွေရဲ့ဆန္ဒ ကို ပန်းပဲဆရာတွေက လိုက်လုပ် ပေးနေရတယ်။ ရေတိမ်မှာ သွား လို့ရအောင် ဆီစားလည်းသက် သာအောင်၊ အဓိကခရီးသည်တွေ ရဲ့ အသက်အန္တရာယ်ကင်းဝေး အောင် ဦးစားပေးတည်ဆောက် ရမယ်’’ဟု ဦးစိုးနိုင်က မုံရွာဒေသခံ ရေယာဉ်ပိုင်ရှင်များအား ပြော သည်။

ချင်းတွင်းရေကြောင်းသွား ရေယာဉ်များ ဘေးအန္တရာယ်ကင်း ဝေးစေရန် ရေကြောင်း အင်ဂျင်နီ ယာဌာနမှ ပညာရှင်များ၏ သုံး သပ်ချက်ဖြင့် ရေယာဉ်များဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင် မည့်ကဏ္ဍကို တိုးမြှင့်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။
အသစ်တည်ဆောက်မည့် ရေယာဉ်များသည် အလျား ၁၁၅ ပေနှင့်အထက် ကျော်လွန်တည် ဆောက်ခြင်းမပြုဘဲ ရေယာဉ်ဦး ထိပ်အလုံပိတ်ရေလုံကန် တစ် ကန်၊ ရေယာဉ်အလယ်ခါးပိုင်း တွင် အလုံပိတ်ရေလုံကန် (၆ ပေ)နှင့် ရေယာဉ်နောက်ပိုင်း အင်ဂျင် ခန်းရှေ့ အလုံပိတ်ရေလုံကန် (၆ ပေ) စုစုပေါင်း ရေလုံကန်သုံးကန် ထည့်သွင်းတည်ဆောက်ရမည် ဖြစ်သည်။

‘‘လက်ရှိ ပြေးဆွဲနေတဲ့ ရေ ယာဉ်တွေလည်း ရေလုံကန် မပါ တဲ့အတွက် ရေလုံကန်ထည့် ဆောက်ရမယ်တော့ပြောတယ်။ အရင် အသက်ကယ်ဗောကွင်း တွေကို ရေယာဉ်တစ်ဖက်မှာ လေး ကွင်းစီထားရတယ်။ အခုလူရှစ် ဦးအထိ လိုက်ပါနိုင်တဲ့ အသက် ကယ်ဖောင် နှစ်ခုထပ်တိုးရမယ်။ ရေယာဉ်ထွက်ခွာချိန်တိုင်းမှာ လို အပ်တဲ့ အသက်ကယ်အင်္ကျီတွေ ထားရှိရမယ်။ နောက်ပိုင်းအသက် ကယ်ပစ္စည်းတွေမပြည့်စုံရင် ရေ ယာဉ်တွေ ထွက်ခွာခွင့်မပြုဘူး’’ဟု မုံရွာ-ဟုမ္မလင်း ခရီးသည်တင် ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြော သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် နံနက်က ကလေးဝမြို့နယ် ဂဇက် ကျေးရွာအနီး လောင်းကရက်ဝဲ အတွင်း ရာဇာထွန်းရေယာဉ်နစ် မြှုပ်ခဲ့ပြီး ရေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များ သေဆုံးခဲ့သဖြင့် တာဝန်ရှိသူများက ချင်းတွင်း ရေကြောင်းသွားရေယာဉ်များ ဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး စီမံချက်များဖြင့်စီစဉ် ဆောင်ရွက်နေသည်။
7 day

No comments:

Post a Comment