Thursday, November 12, 2015

ရန်အောင်မင်္ဂလာကင်းဘုရားကြီး ရင်ပြင်တော်တွင် ကားများ ညအိပ်ညနေ ထားခွင့်ပြု၍ ဒေသခံများ ဝေဖန်

 ပြည်မြို့ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မင်္ဂလာကင်းဘုရား စေတီတော်မြတ်ကြီး ရင်ပြင်တော် တွင် ကားများ ညအိပ်ညနေ ထား ခွင့်ပြုထားခြင်းကို မသင့်လျော် ကြောင်း ဒေသခံများက ဝေဖန်ပြောကြားသည်။

စေတီတော် ရင်ပြင်တွင် ကားများ ညအိပ်ညနေ အချိန် ကြာမြင့်စွာ အခကြေးငွေယူပြီး ထားရှိခွင့်  ပြုထားခြင်းကြောင့် ဘုရားဖူး ပြည်သူများ အမြင်၌် မသင့်လျော်ကြောင်း၊ ဘာသာ ရေးပွဲတော်ရက်များတွင် ရင်ပြင် တော်ပေါ်၌ ဆီမီးပူဇော်ရန်ပင် ကားများစွာရှိနေ၍ အခက်အခဲ များရှိနေကြောင်း ဒေသခံအချို့ က ပြောသည်။


‘‘ရင်ပြင်တော်ပေါ်ကို ကား မောင်းတက်တယ်။ ကားမောင်း တက်တဲ့ မုခ်ဦးဝအောက်ခြေဆို အနည်းငယ်တောင်အက်ကြောင်း  လိုက်နေတယ်။ ရှေးဟောင်းဘု ရားကြီးလည်းဖြစ်၊ ရင်ပြင်တော် ပေါ်မှာ ကားတွေအပြည့် ထား ခွင့်ပြုတာက မသင့်လျော်ဘူးလို့ ထင်တယ်’’ဟု ပြည်မြို့လမ်းရှည် လမ်းနေ ဒေသခံတစ်ဦးက ပြော သည်။ စေတီတော်ရင်ပြင်တွင် အဆိုပါ ကားများအား အခကြေး ငွေဖြင့် ထားရှိခွင့်ကို စေတီတော် ဂေါပက အစည်းအဝေးဆုံးဖြတ် ချက်ဖြင့်ထားရှိခြင်းဖြစ်ကြောင်း၊ ကားတစ်စီးလျှင် တစ်လ ကားထားခ တစ်သောင်းကျပ် ပေးရကြောင်း၊ ရင်ပြင်တော်ပေါ်တွင် ကားများထားရှိခွင့်ပြုလာခဲ့သည်မှာ အချိန်တစ်နှစ်ခန့်ပင်ရှိပြီဖြစ် ကြောင်း၊ လက်ရှိတွင် ကားအစီး ရေ ၁၈ စီးခန့် လာရောက်ထား ရှိကြောင်း စေတီတော်မြတ်ကြီး၏ ၀န်ထမ်း အုပ်ချုပ်ရေးမှူး ဦးသန်းညွန့်က ပြောသည်။

‘‘ကားထားခရတဲ့ငွေနဲ့ ဘုရားမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းငါးဦးကို လခပြန်ပေးတယ်။ ဘုရားကရတဲ့ အလှူငွေတွေထဲကနေ ၀န်ထမ်းတွေကို လခမပေးချင်တော့ဘူး။ အဲဒါနဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီး ကားထားရတဲ့လူတွေလည်း အဆင်ပြေအောင် ဂေါပကအဖွဲ့က စီမံခဲ့တာပါ’’ဟု ၎င်းကပြောသည်။

ပြည်မြို့ ဗိုလ်ချုပ်လမ်းမကြီး ဘေးရှိ ရတနာမာန်အောင်ကင်း ဘုရားကြီးသည် သရေခေတ္တရာ ပျူခေတ် လက်ထက်က တည် ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်း သမိုင်းဝင် စေတီတစ်ဆူဖြစ်ပြီး ပြည်မြို့ အလယ်တွင် တည်ရှိ သည်။

စေတီတော်ရင်ပြင်တွင်ထားရှိသော ကားများကို နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

No comments:

Post a Comment