Thursday, November 12, 2015

ဟုမ္မလင်းတွင် လွှတ်ကျောင်းထားသော နွားကို သတ်ဖြတ် ရောင်းချခဲ့သူ ငါးဦးအား အရေးယူပေးရန် တိုင်ကြား

ဟုမ္မလင်းမြို့နယ် ဇီးပင် သာကျေးရွာတွင် လွန်ခဲ့သည့် နှစ် ပတ်ကျော်က ပျောက်ဆုံးခဲ့သော နွားကို သတ်ဖြတ် ရောင်းချသူ ငါးဦးအား ပိုင်ရှင်က နိုဝင်ဘာ ၁၀ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ဟုမ္မလင်းမြို့နယ် ဇီး ပင်သာကျေးရွာနေ အသက် (၅၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သော အသက်လေးမိုး (၄ နှစ်)ခန့်ရှိသည့် နီညိုရောင် နွားမတစ်ကောင်ကို ဇီးပင်သာ ကျေးရွာ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယာတောအတွင်း လွှတ်ကြောင်းထားခဲ့ရာ ယင်းနေ့ညနေတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။


အဆိုပါနွား ပျောက်ဆုံးခဲ့ ခြင်းကြောင့် ရှာဖွေစုံစမ်းခဲ့ရာ တစ် ရွာတည်းနေ အမျိုးသား လေးဦးနှင့်အမျိုးသမီးတစ်ဦးတို့က သတ်ဖြတ် ကာ အသားပေါ်ရောင်းချလိုက် ကြောင်း သိရသဖြင့် ဇီးပင်သာ ကျေးရွာတွင် လူမှုရေးအရ ညှိနှိုင်း ဖြေရှင်းရာ ပြေလည်မှု မရခဲ့၍ နွားကို သတ်ဖြတ်ရောင်းချခဲ့သူ ငါးဦးအား ဥပဒေနှင့်အညီအရေး ယူပေးရန် နွားပိုင်ရှင်အမျိုးသမီး က တရားလိုပြုလုပ်တိုင်ကြားခဲ့ ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဟုမ္မလင်းမြို့ မြို့မရဲစခန်းက (ပ) ၁၃၀/၂၀၁၅ ပြစ်မှုပုဒ်မ ၄၂၉ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment