Friday, January 8, 2016

တန်နှစ်သောင်း သိုလှောင်နိုင်မည့် အအေးခန်းစက်ရုံ တည်ဆောက်ရန် ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံ

ဥရောပနိုင်ငံများသို့ အ ရည်အသွေးမြင့် ရေထွက်ကုန်များ တင်ပို့နိုင်ရန် တန်ချိန်နှစ်သောင်း သိုလှောင်နိုင်သော ကွန်ပျူတာ စနစ်သုံး အအေးခန်းစက်ရုံတည် ဆောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးထွန်းအေးက ပြောသည်။

အင်းစိန်မြို့နယ် အနောက် ကြို့ကုန်းရပ်ကွက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေငါးဧကပေါ်တွင် ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် အေးခဲသော အအေးခန်းတစ်ခုကို အမေရိကန် ဒေါ်လာ ခြောက်သန်းကုန်ကျခံ တည်ဆောက်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းထားခြင်းဖြစ်သည်။
‘‘တကယ်တမ်းဆိုရင် ဒီလို စက်ရုံမျိုးကို နိုင်ငံတော်က အကုန်အကျခံပြီး တည်ဆောက်ရမှာ။ သူတို့မလုပ်ရင် ကျွန်တော်တို့ လုပ်ငန်းရှင်တွေပေါင်းပြီး အများပိုင် ကုမ္ပဏီ တည်ထောင်ပြီး လုပ်ဖို့ ဌာနပိုင်မြေပေါ်မှာ ဆောက်ခွင့်ပြု ဖို့ တောင်းထားတယ်။ မနှစ်က တင်တာ အကြောင်းမပြန်လို့ ထပ် တင်ထားတယ်’’ ဟု ဦးထွန်းအေး က ပြောသည်။

လက်ရှိ ပုဂ္ဂလိကပိုင် အအေးခန်းများသည် တန်ချိန် ၂,၀၀၀ အထိသာ သိုလှောင်နိုင်ပြီး အ လုပ်သမားများဖြင့် ကုန်အထုတ်၊ အသွင်းပြုလုပ်ရသဖြင့် လုပ်ငန်း တွင်ကျယ်မှုမရှိခြင်းကြောင့် ပမာဏကြီးမားသည့် အအေးခန်းပေါ် ပေါက်လာပါက နိုင်ငံတော်အ တွက် ကောင်းကျိုးများ ခံစားရနိုင် ကြောင်း ဦးထွန်းအေးက ပြော သည်။ ‘‘ကျွန်တော်တို့က မိတ္တူမရ ဘူး။ နေပြည်တော်ကို တိုက်ရိုက် လျှောက်လွှာတင်ထားတာ ဖြစ် မယ်။ ကြို့ကုန်းနေရာမှာ ငါးဦးစီး ပိုင်တဲ့မြေက မရှိလောက်တော့ ဘူး။ မြန်မာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးကော်ပိုရေးရှင်းက တာဝန်ယူပြီး မြေနေရာတွေမှာ လုပ်ငန်းတွေ လုပ်ဆောင်နေလို့ ပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၆ အတွင်း အများပိုင် ကုမ္ပဏီတစ်ခုတည်ထောင်မည် ဖြစ်ပြီး အကြီးစားအအေးခန်းစက် ရုံတည်ဆောက်ရန် တင်ဒါခေါ်ယူ မည်ဖြစ်ကြောင်း ဦးထွန်းအေးက ပြောသည်။
7 day

No comments:

Post a Comment