Saturday, February 20, 2016

“ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်တွင်ယနေ့နံနက် အစောက ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွား”


ကွမ်းလုံ - ချင်းရွှေဟော်ကားလမ်းပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် ကားလမ်း ပေ ၂၀ ပတ်လည်ခန့် ပျက်ဆီးသွားကာ ဓာတ်တိုင်နှစ်တိုင်ခန့်ပျက်ဆီးသွားကြောင်း သတင်းရရှိသည်။
ချင်းရွှေဟော်မြို့အနီး ကွမ်းလုံ - ချင်းရွှေဟော် လမ်း လမ်းပိုင်းတွင် လမ်းကိုဖြတ်၍ ကန့်လန့်ဖြတ်ဖောက်ထားသော ရေပြွန်မြောင်းအတွင်း မိုင်းထောင်၍ ဖောက်ခွဲခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ နံနက် ၀၀း ၀၅ မိနစ်ခန့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ကားလမ်းပေါ်တွင် အသွားအလာ မရှိသောကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ရဲအရာရှိကပြောသည်။
7Day News Journal

No comments:

Post a Comment