Saturday, February 20, 2016

ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ထိပ်တိုက်မတွေ့စေရန် အခြေအနေကို ကြိုတင်ထိန်းသိမ်းခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ပြော

ကချင်ပြည်နယ်ရှိ ချီ ဖွေနှင့် ကန်ပိုက်တီးဘက်သို့ ဘိန်းခင်းသွားရောက်ဖျက်ဆီး မည့် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့သည် ယနေ့အထိ ချီဖွေလမ်းခွဲတွင် ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ဖြစ်လာမည့် ပြဿနာကို ကြိုတင် ထိန်း သိမ်းထားခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ သည် ကချင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးအပါအ ဝင် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နေပြည် တော်သို့ တင်ပြထားကြောင်း သ တင်းရရှိသည်။

နေပြည်တော်မှ ခွင့်ပြုချက် ရရှိပါက တပ်မတော်နှင့်ရဲတပ်ဖွဲ့ ပါ လုံခြုံရေးလိုက်ပါပြီး အတူတ ကွဆောင်ရွက်ရန် ရှိသည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဒေါင်ခေါင်က ပြောသည်။

လူထုအခြေပြုမူးယစ်ဆေး ဝါးတိုက်ဖျက်ရေးအဖွဲ့သည် ပြီးခဲ့ သည့် ဇန်နဝါရီ ၆ ရက်က စတင်၍ ပူတာအို၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဝိုင်းမော် စသည့်ဒေသများ ရှိ ဘိန်းခင်းများ ဖျက်ဆီးစဉ် လူတစ်ဦးသေဆုံးခဲ့ရပြီး ချီဖွေဘက် သွားစဉ်လည်း ဘိန်းခင်းပိုင်ရှင် များနှင့်ထိပ်တိုက်တွေ့ကာ ဘိန်းခင်းဖျက်သူအချို့ ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ဟိုဘက်က စောင့်ပြီး ရန်ပြု မယ့်အနေအထားတွေဖြစ်မှာစိုး လို့ ခဏထိန်းထားတဲ့သဘောပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က တားဆီးတာမဟုတ်ဘဲ ဖြစ်လာ မယ့် ပြဿနာကို မျှော်တွေးပြီး ထိန်းသိမ်းတာပဲဖြစ်ပါတယ်’’ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲ မှူးကြီးချစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တွင် ကျင်းပသည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။

ဆဒုံးလမ်းဘက်တွင် ဘိန်း ခင်းပိုင်ရှင်များက တုတ်၊ ဓား၊ သေ နတ်များကိုင်ပြီး စောင့်နေသည် ဆို၍ ဘိန်းခင်းများကို ဇွတ်အ တင်းဝင်ဖျက်ခဲ့ပါက ပြဿနာဖြစ် ပေါ်လာမည်ဆိုလျှင် ကချင်ပြည် နယ်သမိုင်းမှာ အလွန်ရိုင်းမည်ကို လည်း စိုးရိမ်မိကြောင်း ၎င်းက ဆို သည်။

ယင်းကိစ္စရပ်များကို ပြဿနာမဖြစ်ဘဲ ဖြေရှင်းနိုင်အောင် မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့် က ချင်ပြည်နယ်ဝန်ကြီးချုပ်တို့ ညှိနှိုင်း တိုင်ပင် အဖြေရှာနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် တပ်မ တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ဗိုလ်မှူး ဝင်းမျိုး အောင်က ပြောသည်။

လူထုအခြေပြု မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးအဖွဲ့ဘက်က လည်း လက်ရှိတွင် အဆိုပါချီဖွေ လမ်းခွဲလမ်းပေါ်တွင် လူပေါင်း ၃,၀၀၀ ကျော်ရောက်နေပြီဖြစ်ပြီး ရက်ရှည်စောင့်ရပါက အဆင်မ ပြေသည့်အတွက် တပ်မတော်နှင့် အစိုးရတို့က တိကျသည့် အဖြေ တစ်ခုပေးရန် မျှော်လင့်နေသည်။

အဆိုပါအဖွဲ့သည် ဖေဖော် ဝါရီ ၁၆ ရက်က ဝိုင်းမော်မြို့မှ ဆဒုံးမြို့ဘက်သို့ သွားနေစဉ် ချီဖွေလမ်းခွဲတွင် တပ်မတော်က အထက်အမိန့်ဟုဆိုကာ ရပ်ဆိုင်းနေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန် တွင် အဆိုပါချီဖွေနှင့် ဆဒုံးဒေသ ဘက်တွင် လူထုအခြေပြု မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဘိန်းခင်းများ သွားရောက်ဖျက်ဆီး ခဲ့ပြီး ရဲများနှင့် တပ်မတော်သား များကလည်း လုံခြုံရေးလိုက်လံ ဆောင်ရွက်ပေးခဲ့သည်။
7daydaily

No comments:

Post a Comment