Saturday, February 20, 2016

IS တိုက်ခိုက်နိုင်ဖွယ်ရှိ၍ ထိုင်းတွင် လုံခြုံရေး တိုးမြှင့်

အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS က တိုက်ခိုက်လာဖွယ်ရှိကြောင်း အမေရိကန်ရဲ့ သတိပေးချက် ရရှိပြီးနောက် ထိုင်းနို်င်ငံ လူသွားလူလာ ထူထပ်တဲ့နေရာတွေမှာ ရဲက လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ဖွယ် ရှိတဲ့အတွက် လုံခြုံရေးတွေ တိုးမြှင့်ဖို့ အမိန့်ထုတ်ထားကြောင်း ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ် ဆရီဝါရာ ရန်ဆီဘရာမန်နာကူးလ်က ပြောဆိုပါတယ်။
အရေးကြီးတဲ့ နေရာတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ သွားလေ့ရှိတဲ့နေရာတွေ၊ ရှော့ပင်းမောလ်တွေ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာတွေနဲ့ လေဆိပ်တွေကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့်လည်း ထိုင်းနိုင်ငံမှာ IS တွေ လှုပ်ရှားတဲ့ အခြေအနေ အထောက်အထားကိုတော့ မတွေ့ရသေးပါဘူးလို့လည်း ရဲချုပ်က ပြောပါတယ်။
IrrawaddyBurmese

No comments:

Post a Comment