Thursday, March 24, 2016

ကျပ် ၃၂ ဘီလီယံဖြင့် ခုံးကျော်တံတားစီမံကိန်းနှစ်ခု ဆောက်မည့်အစား ကျေးလက်လမ်းများဖောက်ရန် အကြံပြုထားဟုဆို


ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းရန် ရန်ကုန်တိုင်းဒေသကြီး တွင် ခုံးကျော်တံတားများစွာ တည်ဆောက်ခဲ့သော်လည်း ယနေ့အချိန်အထိ ယာဉ်ကြောပိတ်ဆို့သဖြင့် တံတားတည်ဆောက်ရေး ကို ဆက်မလုပ်ဘဲ အမှန်တကယ် လိုအပ်နေသည့် ကျေးလက်လမ်း ဖောက်လုပ်ရေးအတွက် အသုံး စရိတ်ပြောင်းရွှေ့ရန် အကြံပြုခြင်းဖြစ်သည်ဟု ဦးသိန်းမြင့်က ပြောသည်။ ‘‘ဘတ်ဂျက်က ချထားပြီး သားဆိုတော့ စီမံကိန်းဖျက်ခိုင်းဖို့ မဖြစ်နိုင်ဘူး။ ခေါင်းစဉ်ပြောင်းသုံး ဖို့ပဲ ရမယ်။ ကျေးလက်လမ်းတွေ ကလည်း အရေးကြီးတော့ ဒါတွေ လုပ်ဖို့ပဲ အကြံပြုရတာပါ’’ဟု ဦးသိန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံး စရိတ်များသည် ပြည်သူလူထုအ တွက် အရေးကြီးလုပ်ငန်းများ ထက် ဆောက်လုပ်ရေးလုပ်ငန်း များဖြစ်သော ခုံးကျော်တံတား တည်ဆောက်မှုများတွင်သာ အ များဆုံးအသုံးပြုနေခြင်းကို ပြန် လည်စဉ်းစားသုံးသပ်သင့်သည် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက် အစီရင်ခံစာ၌ ရေးသား ထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုကို အ ကြောင်းပြုပြီး မြောက်ဥက္ကလာပ မြို့နယ် မြောက်ဥက္ကလာလမ်း ဆုံတွင် ကျပ် ၁၆ ဘီလီယံကျော်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းဆုံတွင် ကျပ် ၁၅ ဘီလီယံ ကျော် တန်ဖိုးရှိ ခုံးကျော်တံတား များ တည်ဆောက်ရန် တိုင်းဒေသ ကြီးအစိုးရအား အဆိုပြုထား သည်။ ခုံးကျော်တံတားများတည် ဆောက်ပြီး ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းခြင်းသည် နိုင်ငံတော် ငွေကြေးများ ဆုံးရှုံးပြီး တည် ဆောက်ရေးကုမ္ပဏီကြီးများအ တွက် အခွင့်အလမ်းများ ဖန်တီး ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ် သက်၍ ဦးသိန်းစိန်အစိုးရသည် ကျပ်ဘီလီယံ ၁၃၀ ကျော် အသုံး ပြုပြီး ခုံးကျော်တံတားများ တည် ဆောက်ခဲ့သည်။
တံတားခုနစ်စင်းစလုံး၏ ကုန်ကျစရိတ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရက ပြော ကြားရာတွင် လှည်းတန်းခုံးကျော် တံတားအတွက် အစိုးရချထားပေး သည့် ဘတ်ဂျက်သည် ကျပ် ၁၄ ဘီလီယံကျော်၊ ဘုရင့်နောင်တံ တားအတွက် ကျပ် ၂၆ ဘီလီယံ ကျော်၊ ရွှေဂုံတိုင်တံတားအတွက် ကျပ် ၁၇ ဘီလီယံကျော်၊ မြေနီ ကုန်းတံတားအတွက် ကျပ် ၁၅ ဘီလီယံကျော်၊ တာမွေတံတားအတွက် ကျပ် ၂၂ ဘီလီယံကျော်၊ ရှစ်မိုင် တံတားအတွက် ကျပ် ၂၅ဘီလီယံကျော်၊ ကုက္ကိုင်းတံတား အတွက် ကျပ် ၁၃ ဘီလီယံကျော် ရှိကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment