Tuesday, October 9, 2012

Suzuki ကုမ္ပဏီ မြန်မာတွင် ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စား

ဂျပန် Suzuki Motor Corp ကားထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းရသည်။ Suzuki ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်တွင် ဖွံ့ဖြိုးလာမည့် မြန်မာ့ စီးပွားရေး ဈေးကွက် ကို ခန့်မှန်း၍ ကား အစိတ်အပိုင်းများ အပါအ၀င် တနှစ်လျှင် ကား အစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ် လုပ်သွားနိုင်ရန် မျှော်လင့်ပြီး စက်ရုံတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု Reuters သတင်း၌ ဖော်ပြထား သည်။ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးကြောင်း Suzuki ပြောရေးဆိုခွင့်ရှိသူက ပြောသည်ဟုလည်း ဆိုသည်။

From- ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် သွားရန်ရှိ

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာလ လယ်ပိုင်း၌ အိန္ဒိယ နိုင်ငံသို့ သွားရောက် ရန်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကိုမူ အတိအကျ မသိရှိ ရသေးကြောင်း NLD အသိုင်းအ၀ိုင်းက ပြောသည်။ ၎င်းကို ယနေ့တွင် ရန်ကုန်အခြေစိုက် အိန္ဒိယ သံရုံးက ညစာစားပွဲ ဖိတ်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ကုန် တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူး မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

From- ဧရာဝတီ

တရုတ်က ဧရာဝတီတိုင်း အတွက် ဒေါ်လာ ၃ သန်း အတိုးမဲ့ချေး

ရေဘေး ဒုက္ခ ခံခဲ့ရသည့် ဧရာဝတီတိုင်းအား ရေနစ်မြုပ်မှုကင်းဝေးစေရန် တာတမံများ ပြုလုပ်၍ ထိန်းသိမ်းခြင်း ဆောင်ရွက်ရေး အတွက် တရုတ်နိုင်ငံက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ချေးပေးကြောင်း သိရသည်။ ထိုငွေများဖြင့် ဒေသအတွင်းရှိ တာတမံများ၊ တာပေါင်များကို မြှင့်တင်ရန်၊ ပန်းတာ၊ ဖျက်တာများ၊ ရေထိန်း တံခါးများ တည်ဆောက်ခြင်း ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။

From- ဧရာဝတီ

ဖက်ဒရာယ်စနစ် အကောင်အထည် ဖော်ရန် ဒီမို ၁၀ ပါတီ သဘောတူ

ဖက်ဒရာယ် ပြည်ထောင်စု စနစ် အကောင်အထည် ဖော်ရန် မဟာမိတ် ဒီမိုကရေစီ ၁၀ ပါတီ သဘောတူညီမှု ရရှိကြောင်း သတင်းရသည်။ ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပသော အစည်းအဝေးတွင် ဒေသတခုချင်းအလိုက်၊ တိုင်းရင်းသား ပြည်နယ်များ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိမည့် စနစ်ကို အကောင်အထည်ဖော်ရန် သဘောတူကြခြင်း ဖြစ်ကြောင်း သိရသည်။ ဒီမိုကရေစီ ၁၀ ပါတီ၌ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများအပြင် NDF ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး စသည့် ပါတီများလည်း ပါဝင်သည်။

From- ဧရာဝတီ

ရှားခဲအင်းကိစ္စ ဧရာဝတီတိုင်း လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်း

ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ
 ဦးဆန်းဆင့်ကို စတုတ္ထအကြိမ် လွှတ်တော်
 ပုံမှန် အစည်းအဝေးတွင် တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲအင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လုံခြုံမှု စိုးရိမ်နေခြင်းနှင့် ယင်းဒေသတွင် တရားဥပဒေစိုးမိုးမှု မရှိသည့်အပေါ် တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ကျုံပျော်လွှတ်တော် ကိုယ်စားလှယ် က တိုင်းလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ယမန်နေ့က တင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်းဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာသတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံပြီး ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်း အဖြစ် ဆွေးနွေးမေးမြန်းမှု များကို ပြန်လည်ဖြေကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မစ္စတာအီမြောင်ဘတ်၏ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတ နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင်စိုး၊ ဦးအေးမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးဉာဏ်ဝင်း၊ ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် အောက်တိုဘာ ၇ ရက်တွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

ထိုင်း ရေတပ်ထဲက Gangnam Style

တောင်ကိုရီယား PSY ရဲ့ Gangnam Style တဲ့ သီချင်းနဲ့ အက ဟာ ထိုင်းနိုင်ငံ က ရေတပ်ထဲအထိ ထိုးဖောက်ဝင်ရောက် လာပါပြီ။ 
ဘယ်လို ထိုးဖောက်ဝင်ရောက်မွှေနှောက် လာသလဲ ဆိုရင် ရေတပ်မှာ ဒရင်လ် လို့ ခေါ်တဲ့ အစမ်း လေ့ကျင့်ခန်း လုပ်ကြသလို Gangnam Style က သီချင်းနဲ့ အက က နေရာဝင်ယူလိုက်သလိုပါတဲ့။  ထိုင်းနိုင်ငံ ဖူးခက်မှာ အခြေစိုက်တဲ့ အမှတ် ၃ ရေတပ်ကွပ်ကဲရေး စင်တာမှာ Gangnam Style သီချင်းနဲ့ ကခုန်နေကြတဲ့ ထိုင်း သင်္ဘောသားတွေက ကခုန် သီဆိုနေကြတာကို ယူကျူပေါ် စင်တင်ဘာလ ၂၆ ရက် နေ့ တင်လိုက်တဲ့အခါ အခုဆိုရင်  ကြည့်ရှု့သူ ၅ သိန်းကျော် ရှိလာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်

ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သမ္မတ ဦးသိန်စိန်တို့ လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ရုံးစာမျက်နှာ

ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။ ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ် ပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ဥရုချောင်း တစ်ဖက်ကမ်းရှိ ဘုရားကုန်းနှင့် စစ်တပ်ကုန်း တစ်ဝိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ် ၃၀ ကြာချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း လုံးခင်းဒေသခံ တစ်ဦးက ပြောပါသည်။

ဗိုလ်မှူးချုပ် ကျော်ဇော အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေ

ရန်ကုန် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ “ဆိုင်းစုမှသည် 
မန်ဟိုင်း ဆီသို့” စာအုပ် စာနယ်ဇင်း ရှင်းလင်းပွဲ
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်း ဆီသို့” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို ဖြိုးမောက် သာ စာစဉ် ၁ မှထုတ်ဝေ၍ ဓူဝံစာပေမှ အောက်တိုဘာ လကုန်ပိုင်း တွင် ဖြန့်ချိ သွားမည်ဟု သိရသည်။
အဆိုပါ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ် များအား နိုင်ငံရေးနှင့်ပတ်သက်ပြီး သိရှိစေရန်နှင့် နိုင်ငံရေး ကို မျိုးဆက် မပြတ် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဖြိုးမောက်သာ မှ ဦးဘိုဘိုက ဧရာဝတီ သို့ ပြောသည်။

အလုပ်သမား သမဂ္ဂများ စုပေါင်းဗဟိုရုံး ဖွင့်မည်

စက်တင်ဘာ လဆန်းပိုင်းက တွေ့ရသော 
လှိုင်သာယာ စက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ 
ဆန္ဒပြ အလုပ်သမားများ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း၌ အလုပ်သမား သမဂ္ဂများ ရုံးခန်းအဖြစ် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား သမဂ္ဂများ စုပေါင်း ဗဟိုရုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရုံးခန်းအား လက်ရှိတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံ အလိုက်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂ ၁၅ ခုကို စုစည်း၍ အမှတ် ၈၈၊ ပီမိုးနင်းလမ်း၊ ၂/၆ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာ တနိုင်ငံ လုံးမှ အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်၍ စုပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ရမ်း က ပြောပြသည်။

ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်


မုန်ဂိုးဒေသမှ KIA စစ်သားများ။ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့်
 ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။ “သူတို့ဘက်က ရမ်းတန်းပစ်နေတာ အခုလဲပစ်နေတုန်းဘဲ ခန့်မှန်းပြီးပစ်နေကြတယ်။ ခုလဲ မြည်နေတယ်။ ကျနော်တို့ဘက်ကတော့ ဘာမှ မဖြစ်ဘူး။ အခု ကျနော်တို့နဲ့အနီးကပ်မှာ ရှိနေတယ်။ အစိုးရတပ်ဘက်မှာ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရတာ မသိသေးဘူး။ ခုဆက်တိုက်ဖြစ်နေလို့။” ဟုဆက်ဆိုသည်။

ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်ဆိုသည်မှာ မဖြစ် နိုင်ဟုပြော

အင်တာနက် အွန်လိုင်းများပေါ် တွင်ယခုရက်ပိုင်း အတွင်း ပျံ့ နှံ့ နေ သော “ကိုလာ ၊ပက်ပစီ အချိုရည် များ နှင့် မြန်မာဆေး မတည့်” ဟူသည် မှာ မဖြစ် နိုင်ကြောင်း မြန်မာ နိုင်ငံ စာ သုံးသူများ ကာကွယ်ရေး အတွင်းရေးမှူး (၃) ဦးအောင်နိုင်က ပြောကြားသည်။

အီရန်နိုင်ငံအား တိုက်ခိုက်ပါက အစ္စရေးတပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့် ဆုံးရှုံးရဖွယ်ရှိကြောင်း အီရန်သတိပေး

အီရန် နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည် ဆိုပါက အစ္စရေး တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့် ဆုံးရှုံးရ ဖွယ် ရှိကြောင်း အစ္စလာမ် မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) မှ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူမိုရှန်ရေဇာ အီက ပြောကြားခဲ့သည်ဟု Press TV သတင်းဌာနက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ(၁၄၄) အတွက် အချိန်လျော့ပေါ့မှု ထပ်မံပြုလုပ်

မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဘက်မှုကြောင့် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိညမထွက်ရအမိန့် အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၈) ရက်နေ့တွင် ည ၁၀ နာရီ မှ နံနက် ၄ နာရီသို့ လျှော့ချလိုက် ကြောင်း သိရှိရသည်။

သံလွင် တာဆန်းရေကာတာ အကောင်အထည်ဖေါ်မည်

 သံလွင်မြစ် ဖွံ့ဖြိုးရေးအစီအစဉ်အရရှမ်းပြည်နယ် အတွင်း ကတာဆန်းရေ ကာတာလျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ် ဖို့China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီဝန်ထမ်းတွေကနေ စတင် ကွင်းဆင်း လေ့လာ နေသလို ဒီလိုရေ ကာတာတည်ဆောက်မဲ့ကိစ္စ ကိုပြည်နယ်ဝန်ကြီးချုပ်ကနေ တရားဝင်ပြော ဆိုခဲ့တယ်လို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ဒီတာဆန်း ဆည်စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို ဖြစ်ပေါ်လာမဲ့  ဆိုးကျိုးတွေ ကို ခံစား ရမယ်လို့လဲ ပြောဆို မှုတွေရှိနေပါတယ်။ဒါ့အပြင် ဒီစီမံကိန်း အတွက် သေချာ စစ်တမ်းထုတ် သုသေတနလုပ်ဆောင်ပြီးမှသာလျှင် လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေ ကပြောပါတယ်။

Hugo Chavez ဗင်နီဇွဲလားသမ္မတ အဖြစ် ပြန် လည် ရွေးကောက်ခံရ


ဗင်နီဇွဲလားနိုင်ငံမှာ လက်ဝဲမူဝါဒတွေကို ဆက်ပြီး ကျင့်သုံးသွားမယ်လို့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် သမ္မတ ဟူးဂိုး ချာဗက်ဇ် က ကတိပေး ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ

ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်း လည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်း ပေါက်လာတာနဲ့ ဆိုပါတော့။

မန္တလေး ဖယောင်းတိုင်ထွန်း ဆန္ဒပြသူများ တရားစွဲဆိုခံရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့ လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် မေလအတွင်းက ဖယောင်းတိုင် မီးထွန်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူများအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဖြင့် ချမ်းအေး သာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်းသို့ စနေနေ့က ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

သံလွင် တာဆန်းရေကာတာ အကောင်အထည်ဖေါ်မည်

သံလွင်မြစ်ဖွံ့ဖြိုးရေးအစီအစဉ်အရရှမ်းပြည်နယ်အတွင်းကတာဆန်းရေကာတာလျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ်ဖို့China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီ ၀န်ထမ်းတွေကနေ စတင် ကွင်းဆင်း လေ့လာ နေသလို ဒီလိုရေကာတာတည်ဆောက်မဲ့ကိစ္စ ကိုပြည်နယ် ၀န်ကြီးချုပ်ကနေ တရားဝင်ပြောဆိုခဲ့တယ်လို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ဒီတာဆန်း ဆည်စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေ ကို ခံစား ရမယ် လို့လဲ ပြောဆိုမှုတွေရှိနေပါတယ်။ဒါ့အပြင် ဒီစီမံကိန်း အတွက် သေချာ စစ်တမ်းထုတ် သုသေတန လုပ်ဆောင်ပြီးမှသာလျှင် လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေ ကပြောပါတယ်။

ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး

လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက် ပိုင်း ၎င်းတို့အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်းရရှိသည်။

လူထုလိုလားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်


ပည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင် တယ် လို့ မြန်မာ့ ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြော လိုက် ပါတယ်။ မကြာသေးခင်က အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ကနေ ပြန် လည် ရောက်ရှိ လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ်  Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်း ပါတ် က ထောင်ချီတဲ့ မူဆလင်လူအုပ်စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ နဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။   ဗုဒ္ဓဆင်းတုတော်တွေ အပါအ၀င် ပစ္စည်းတွေ လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ဒီ ဖြစ်ရပ် ဟာအဆိုးဆုံး ဘာသာရေး အခြေခံတဲ့ တိုက်ခိုက်မှု တခုလို့ ဆိုရမှာ ဖြစ်ပြီး ဗုဒ္ဓဘာသာအသိုင်း အ၀န်းကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေ ခဲ့ပါတယ်။

လူ့အခွင့်အရေး ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လက်မှတ်စုဆောင်း

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး လွတ်ြေ မာက်ရေးအတွက် တောင်းဆို တင်ပြမယ့် လက်မှတ်တွေ လိုက်လံ စုဆောင်းနေတယ်လို့ သိရပါတယ်။

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များ ပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင် တင်ပြလာ မည်ဖြစ်ကြောင်း မကြာမီရက်ပိုင်း တွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ ငွေ စာရင်းပူး ပေါင်းကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။

ဘင်္ဂလားဒေရှ့် မှ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) မှ တောင်းဆိုပြီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေ သ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက်သည်။

“မိုးပျံရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်သေဆုံးမှုကုမ္ပဏီမှ ဘတ်တစ်သိန်းပေးလျှော်”


အောက်တိုဘာ ၈ -အောင်ခန့်
           ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီး စရန်တက္ကသိုလ်အနီး မိုးပျံမီးရထားလမ်းဆောက် လုပ်ရေး လုပ်ငန်းခွင်တွင်းငြမ်း စင်ပေါ်မှ  ပြုတ် ကျသေ  ဆုံးမြန်မာ အလုပ်သမားတစ်ဦး အတွက် ကျန်ရစ်သူဇနီးအား Subpen Company Limited မှ လျှော်ကြေးဘတ်ငွေ တစ်သိန်းပေးကြောင်း သိရှိရသည်။

ချင်းတိုင်းရင်းသား နှစ်ပါတီ ပူးပေါင်းမည်

ချင်းအမျိုးသားပါတီ (CNP) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) တို့ ပူးပေါင်းပြီး ချင်းအမျိုးသား တိုးတက်ရေးပါတီ (Chin National progressive Party, CNPP) ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။

မိုးသီးဇွန် အမှိုက်ကောက်ပြီ

အမိမြေငြိမ်းချမ်းရေးမစ်ရှင်မှ ကိုမိုးသီးဇွန် နှင့် ဗကသ အပါအ၀င်၊ ဒဂုံတောင် ၅၆ ရပ်ကွက်နေပြည်သူတွေဟာ ရပ်ကွက်အတွင်း စွန့်ပစ်ထားတဲ့ ပလပ်စတစ်အမှိုက်တွေကို လိုက်လံကောက်ယူ ရှင်းလင်းပေးခဲပြီး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပလပ်စတစ်အန္တရာယ် အသိပညာပေးပြောကြားခဲ့ပြီး အပတ်စဉ် ရပ်ကွက်အတွင်း ပလပ်စတစ်များ လိုက်လံကောက်ယူစုဆောင်း၊ စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆွေးနွေးပြောကြားခဲ့ကြတယ်။
From -နေ့သစ်

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။