Tuesday, March 19, 2013

ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရိုလာကိုစတာ

Photo: ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရိုလာကိုစတာ
Tuesday, March 19, 2013

တစ်နာရီ ၉၃ မိုင်နှုန်းအထိ အမြန်ပြေးပါတယ်။ ပေ ၃၁၀ အထိ အပေါ် တက်ပြီး ပေ ၃၀၀ ပြန်ကျပါတယ်။ အရှည်ပေ ၆၅၉၅ ပေရှိပြီး တစ်ခါစီးရင် ကြာချိန်က ၂ မိနစ်နဲ့ စက္ကန့် ၂၀ပါ။

အမေရိကန်ပြည်ထောင်စု အိုဟီးအိုးပြည်နယ် Sandusky မြို့ မှာ ရှိတဲ့ Cedar Point အမည်ရ အပန်းဖြေကစားကွင်းမှာ တည်ရှိပြီး Millennium Force လို့ အမည်ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး စတီးရိုလာကိုစတာ အဖြစ် ဆုများ ၇ ကြိမ်တိုင်တိုင် ရရှိထားပြီး ၂၀၀၀ ခုနှစ် မေလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် ပါတယ်။

စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၅ သန်းတောင်ရှိပါတယ်။ ကမ္ဘာ့ လူစီးအများဆုံး ရိုလာကိုစတာ စာရင်းထဲမှာ ပါဝင်ပါတယ်။ ၈၀ ဒီဂရီ အထိတောင် စောင်းပြီး သွားလာတဲ့ ယင်း ရိုလာကိုစတာဟာ ကမ္ဘာ့
ကြောက်မက်ဖွယ် အကောင်းဆုံး ရိုလာကိုစတာ အဖြစ်လည်း လူသိ များကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (TSJ team)

--
TechSpace Journal
တစ်နာရီ ၉၃ မိုင်နှုန်းအထိ အမြန်ပြေးပါတယ်။ ပေ ၃၁၀ အထိ အပေါ် တက်ပြီး ပေ ၃၀၀ ပြန်ကျပါတယ်။ အရှည်ပေ ၆၅၉၅ ပေရှိပြီး တစ်ခါစီးရင် ကြာချိန်က ၂ မိနစ်နဲ့ စက္ကန့် ၂၀ပါ။
အမေရိကန်ပြည်ထောင်စု အိုဟီးအိုးပြည်နယ် Sandusky မြို့ မှာ ရှိတဲ့ Cedar Point အမည်ရ အပန်းဖြေကစားကွင်းမှာ တည်ရှိပြီး Millennium Force လို့ အမည်ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး စတီးရိုလာကိုစတာ အဖြစ် ဆုများ ၇ ကြိမ်တိုင်တိုင် ရရှိထားပြီး ၂၀၀၀ ခုနှစ် မေလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် ပါတယ်။

နုပျိုမှုကို အစဉ်ထိန်းထားနိုင်စေမည့် အစားအစာ ငါးမျိုး


အသက်ကြီးလာတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ နေ့စဉ် ထိတွေ့နေရတာ၊ စိတ်ဖိစီးမှု များတာ ၊ မောပန်း နွမ်းနယ်တာတွေကြောင့် သင်ရဲ့ အသွင်အပြင်က မရွှင်မပျဖြစ်ကာ ရှိသင့်တဲ့ အသက်ထက် ပိုတယ် လို့ ထင်မြင်စေပါတယ်။ အောက်ပါ အစားအစာငါးမျိုးက သင့်ကို နုပျိုတဲ့အသွင်အပြင် ဖြစ်ပေါ်စေဖို့ ကူညီပေးနိုင်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ကလေးသူငယ် ကုန်ကူးမှု နှစ်စဉ် ၁၀၀ ကျော်ရှိ

Photo: ထိုင်း-မြန်မာ နယ်စပ် ကလေးသူငယ် ကုန်ကူးမှု နှစ်စဉ် ၁၀၀ ကျော်ရှိ
Tuesday, March 19, 2013

ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာကလေးသူငယ်များ ရောင်းစားခံရမှုနှုန်းမှာ မှတ်တမ်းတင်နိုင်သည့် စာရင်းများအရ တနှစ်လျှင် ၁၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကလေး လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ဖြစ်သည့် Burma Anti Child Trafficking (Burma ACT) အဖွဲ့မှ သိရသည်။

ထိုင်းအခြေစိုက် Burma ACT ဒုတိယ တာဝန်ခံ ဦးစောနေဦးက “ရောင်းစားခံရတဲ့ ကလေးတွေမှာ မိန်းကလေးက များတယ်။ တချို့ကလေးတွေကို မိဘတွေ ကိုယ်တိုင်က ရောင်းစားတာ။ တချို့က ကလေး ဗိုက်ထဲမှာကတည်းက ကြိုရောင်းထားတာမျိုးလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကွန်ရက် အဖွဲ့ဝင်ပေါင်း ၁၂ ခုဖြင့် ဖွဲ့စည်းထားသည့် Burma ACT မှ ရရှိသော ကိန်းဂဏန်းများအရ ၂၀၁၂-၁၃ ခုနှစ်အတွင်း ရောင်းစားခံရသည့် ကလေးသူငယ် စုစုပေါင်း ၁၂၂ မှုကို ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

အဖွဲ့ကို စတင်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ ယခုချိန်အထိ လူကုန်ကူးခံရသည့် ကလေးငယ်ပေါင်း ၁ ထောင်ကျော်ကို ကူညီပေးနိုင်ခဲ့ကြောင်းလည်း ယင်းအဖွဲ့မှ သိရသည်။

ရောင်းစားခံရသည့် ကလေးငယ်များမှာ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ အများဆုံးဖြစ်ပြီး အငယ်ဆုံး ၁၀ နှစ်မှ ၁၈ နှစ်အတွင်းရှိကာ၊ ထိုင်းနိုင်ငံသားများက ကလေးတဦးလျှင် ထိုင်းဘတ် ၅ ထောင် (အမေရိကန် ဒေါ်လာ ၁၇၀ ကျော်) မှ ၅ သောင်း (အမေရိကန် ဒေါ်လာ ၁၇၀၀ ကျော်) အထိ ပေးကာ ၀ယ်ယူကြောင်း Burma ACT အဖွဲ့မှ သိရသည်။

“ကလေးတွေကို ထိုင်းနိုင်ငံထဲမှာ ပန်းရောင်းခိုင်းတာ၊ သတင်းစာ
ရောင်းခိုင်းတာတွေ လုပ်တယ်။ တချို့မိန်းကလေးတွေ ဆိုရင်
ပြည့်တန်ဆာလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတာမျိုး ရှိတယ်။ ရောင်းစားတဲ့ ပွဲစားတွေက ဗမာတွေများတယ်” ဟု ဦးစောနေဦးက ပြောသည်။

ယင်းကဲ့သို့ ကလေးသူငယ် ရောင်းစားသည့် အမှုများနှင့် ပတ်သက်သော တရားခံကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးလေ့ရှိပြီး ၎င်းတို့အနေဖြင့် မည်သို့ ဆက်လက် အရေးယူသည်ကိုမူ အချက်အလက်များ မရရှိကြောင်း ဦးစောနေဦးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောင်းစားခံရသည့် ကလေးငယ်များအား မဲဆောက်မြို့ရှိ ပြန်လည် ပြုစုရေးကျောင်းများသို့ ပို့ကာ အတန်းပညာ ဆက်လက်သင်ကြားပေးခြင်း၊ လက်မှုအတတ်ပညာများ ဆက်လက် သင်ကြားပေးခြင်း၊ မိဘနှင့် ပြန်လည်တွေ့ဆုံရေး လုပ်ငန်းများကို လုပ်ပေးကြောင်း Burma ACT အဖွဲ့ဝင်ဖြစ်သည့် Social Action for Women (SAW) အဖွဲ့မှ ဦးမင်းမင်းက ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာ အစိုးရကြား အလုပ်သမားတင်သွင်းမှု သဘောတူစာချုပ် (MOU) စနစ် ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း စာရွက်စာတမ်းများတွင် အသက်လိမ်လည် ဖြည့်သွင်းမှုများ ရှိလာကြောင်း သိရသည်။

ဦးမင်းမင်းက “MOU တွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ အဲဒါနဲ့
ပတ်သက်ပြီး နောက်ဆက်တွဲတွေ အများကြီး ဖြစ်လာတယ်။ 
အသက် ၁၈ နှစ်မပြည့်သေးဘဲ လိမ်ပြီးလုပ်တာကတဆင့် လူကုန်ကူးမှုတွေအထိ ဖြစ်လာတယ်” ဟု ပြောသည်။

ဦးစောနေဦးက “ကျနော်တို့က အရေးယူတဲ့ အဖွဲ့မဟုတ်လို့ အရေးယူလို့မရဘူး။ ဒါကြောင့် ကလေးရောင်းစားတာနဲ့ ပတ်သက်ပြီး မိဘတွေကို ပညာပေးမှုအပိုင်းတွေ လိုက်လုပ်တယ်။ မဲဆောက်က
ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးနေတဲ့ နယ်ဘက်တွေကို ဆင်းပြီး ပြဇာတ်တွေ လိုက်ကပြတာမျိုး လုပ်တယ်” ဟု ပြောသည်။

Burma ACT အဖွဲ့မှ တာဝန်ခံ ဒေါ်ကြည်ဖြူကလည်း “ကလေးတွေ
ရောင်းစားခံနေရတဲ့ အမှုတွေကို အစိုးရတခုတည်း မဟုတ်ဘဲ လူထု
အခြေပြု အဖွဲ့တွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။ ဒါမှ လက်လှမ်းမမီတဲ့ နေရာတွေအထိ ရောက်နိုင်မယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေး စာချုပ်ကို ၂၀၀၃ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးထားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကိုလည်း ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဋ္ဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရက်မှု အဖွဲ့အစည်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူး ခံရသူများအား ယာယီ လက်ခံ
စောင့်ရှောက်ရေး ဂေဟာကို ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

ကလေး ကူးသန်းရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည့် ရာဇဝတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို အီတလီနိုင်ငံ၊ ပါလာမိုမြို့တွင် ၂ဝဝဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့ပြီး ထိုနေ့အား ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင် တားဆီးရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံက ထိုစာချုပ်ကို ၂ဝဝ၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အထူးစောင့်ကြည့် အဖွဲ့များ ထားရှိခဲ့ပြီး မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု
ပေါင်း ၈၈၅ မှုကို ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁,၉၃၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ တရားခံ ၂,၄၅၃ ဦးကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

မြတ်စုမွန်
ဧရာဝတီ ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာကလေးသူငယ်များ ရောင်းစားခံရမှုနှုန်းမှာ မှတ်တမ်း တင်နိုင်သည့် စာရင်းများအရ တနှစ်လျှင် ၁၀၀ ကျော် ရှိနေ ဆဲဖြစ်ကြောင်း ကလေးလူကုန်ကူးမှု တားဆီးရေးအဖွဲ့ ဖြစ်သည့် Burma Anti Child Trafficking (Burma ACT) အဖွဲ့မှ သိရသည်။

ထိုင်းအခြေစိုက် Burma ACT ဒုတိယ တာဝန်ခံ ဦးစောနေဦးက “ရောင်းစားခံရတဲ့ ကလေးတွေမှာ မိန်းကလေးက များတယ်။ တချို့ ကလေးတွေကို မိဘတွေကိုယ်တိုင်က ရောင်းစားတာ။ တချို့က ကလေး

ကရင်အဖွဲ့စုံ ပထမဆုံးအကြိမ် ဘားအံမှာတွေ့ကြမယ်

Photo: ကရင်အဖွဲ့စုံ ပထမဆုံးအကြိမ် ဘားအံမှာတွေ့ကြမယ်
Tuesday, March 19, 2013

နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း မတရားအသင်းကြေညာခံထားရသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ကရင်အမျိုးသားအရေး လုပ်ဆောင်နေကြသည့်  မြို့ပေါ်မှ အဖွဲ့အစည်းများက ပထမဆုံး အကြိမ် တွေ့ဆုံရန် ပြင်ဆင်နေကြသည်။

ကရင့်အနာဂတ်ရေးဆိုင်ရာ အစည်းအဝေးကို ကရင် ပြည်နယ်မြို့တော် ဘားအံရှိ  ဇွဲကပင်ကလပ်ခန်းမတွင် ကျင်းပမည့်နေ့မှာ ယခုလ ၂၉-၃၀ ရက်နေ့များတွင် ဖြစ်ပြီး ကရင့်အနာဂတ်အရေးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟုသိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင် ၂၀ နှင့်အတူ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်လူထုအခြေပြုအဖွဲများနှင့် အခြားကရင်အမျိုးသား အရေး ဆောင်ရွက်နေကြသည့် အဖွဲ့ဝင်များ အပါအ၀င် ကိုယ်စားလှယ် ၅၀ ဦး တက်ရောက်ကြမည်ဟု အစည်းအဝေးဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် စောလှထွန်းက   ပြောသည်။

ကရင် နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင်မျိုးနွယ်စု အဖွဲ့အစည်းများ၊ ကရင်စာပေယဉ်ကျေးမှုနှင့် အနုသုခုမပညာရှင်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒေသအသီးသီးမှ ကရင်ရေးရာဝန်ကြီးများ၊ ကရင် ယဉ်ကျေးမှု အဖွဲ့များ၊ လက်ရှိ မြန်မာ့ တပ်မတော်မှ ကရင်တပ်မှူးများကိုပါ ဖိတ်ကြားထားသည်ဟု
စောလှထွန်းက ဖြည့်စွက်ပြောကြားသည်။

အစည်းအဝေးတက်မည့် လက်နက်ကိုင်အဖွဲ့များ

    KNU
    ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် DKBA  ခေါ် တိုးတက်သော  
    ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်၊
    ဗိုလ်ချုပ် စောဌေးမောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊
    ကရင်နယ်ခြားစောင့်တပ်၊
    ဟောင်သရောငြိမ်း ချမ်းရေးအဖွဲ့၊ 
    သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့
    ပဒိုအောင်ဆန်းဦးဆောင်သည့် ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့


အစိုးရ  ငြိမ်းချမ်းရေး  ဖော်ဆောင်မှု ကော်မတီ၏ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက ကိုယ်စားလှယ် ၂၀၀ ခန့် တက်ရောက်မည့် ကရင့်ရေးရာ အစည်းအဝေး ဖြစ်မြောက်ရေးနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်မှု တချို့ကို စီစဉ် ဆောင်ရွက်ပေးသည်ဟု KNU အဖွဲ့မှ အဆင့်မြင့်
ခေါင်းဆောင်တဦးက ပြောသည်။

အစည်းအဝေးဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ဝင်တဦးက ”ဒီအစည်းအဝေးကို ကရင်အမျိုးသားတွေ သီးသန့်ပြုလုပ်တာဖြစ်တယ်။ အားလုံး ရင်းရင်နှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့  ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် အမျိုးသား စည်းလုံးညီ ညွတ်ရေး၊ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးနဲ့ ကရင့်အနာဂတ် အရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးကြမှာ
ဖြစ်တယ်” ဟု ဆိုသည်။

ယခုလကုန်ပိုင်း ဘားအံမြို့တွင် ကျင်းပမည့် ကရင့်ရေးရာအစည်းအဝေးသည် ထူးခြားသည့် ဖြစ်စဉ်တခုဖြစ်ပြီး ကရင့်ရေးရာ အစည်းအဝေးကြီး၏ 
အောင်မြင်မှု ရလဒ်ကောင်းများ ရရှိနိုင်ရန်မှာ အစည်းအဝေး တက်ရောက် ကြသူများ၏ အမျှော်အမြင်ရှိမှု၌သာ မူတည်မည်ဟု ပြည်တွင်းပြည်ပမှ ကရင်အရေးလေ့လာသူများက သုံးသပ်ပြော ဆိုကြသည်။

“ခံယူချက်ယုံကြည်ချက် မတူတော့လို့ KNU ကနေ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆယ်စုနှစ် ၂ ခု လောက်အကြာမှာ ကရင့်အမျိုးသား အနာဂတ် အရေးနဲ့ ပတ်သက်ပြီး ပြန်လည်တွေ့ဆုံ
ဆွေးနွေးကြဖို့ အကြောင်း ဖန်လာတဲ့ကိစ္စမှာ ကရင်တွေကလွဲပြီး အခြား ဘယ်သူ့ကိုမှ နိုင်ငံရေး အမြတ်မရစေချင်ဘူး” ဟုကရင်ပြည်နယ် 
လှိုင်းဘွဲမြို့မှ ကရင်ဘုန်းတော်ကြီးတပါးက ဧရာဝတီသတင်းဌာနကို မိန့်ကြားသည်။

ယခင်က ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကရင်လူထုအခြေပြု အဖွဲ့များနှင့် နိုင်ငံတကာမှ ကရင်အရေး ဆောင်ရွက်နေကြသည့်
အဖွဲ့အစည်းများက KNU ဒေသအတွင်း  ကရင်အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို  ၈ ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့သည်။

သို့သော်လည်း  အဖွဲ့အစည်း အများအပြားသည် အစိုးရအဆက်ဆက်က
ကြေညာထားသည့် မတရားအသင်းဥပဒေကြောင့် ထိုနှီးနှောဖလှယ်ပွဲတို့ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း  ကရင့်အရေး ဆောင်ရွက်နေသူ တဦးကပြောသည်။

ဓာတ်ပုံ - ကရင်ရေးရာအစည်အဝေးတက်ရောက်မည့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ( ပြည်တော်မြင့်/ဧရာဝတီ)

ပြည်တော်မြင့် 
ဧရာဝတီ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း မတရား အသင်းကြေညာ ခံထား ရသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ကရင်အမျိုးသား အရေးလုပ်ဆောင်နေကြသည့် မြို့ပေါ်မှ အဖွဲ့အစည်းများက ပထမဆုံး အကြိမ် တွေ့ဆုံရန် ပြင်ဆင်နေကြသည်။

ရွှေတိဂုံစေတီ ၀န်းကျင် အထပ်မြင့်ဆောက်လုပ်မှု အမြင့်ပေဖြင့် ကန့်သတ်

Photo: ရွှေတိဂုံစေတီ ၀န်းကျင် အထပ်မြင့်ဆောက်လုပ်မှု အမြင့်ပေဖြင့်
ကန့်သတ်
Tuesday, March 19, 2013

ရွှေတိဂုံစေတီတော် ၀န်းကျင်တွင် အထပ်မြင့် အဆောက်အအုံ
ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က အထပ်ဖြင့် ကန့်သတ်ခြင်းအစား အမြင့်ပေဖြင့် မတ်လမှ စတင်၍ ပြောင်းလဲကန့်သတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ 

သာမန်အားဖြင့် အမြင့်ပေ ၆၂ ပေ အမြင့်အထိ ဆောက် လုပ်ခွင့် ပြုထားပြီး ဓာတ်လှေခါး တပ်ဆင်ပါက ၁၆ ပေ ထပ်တိုးကာ ၇၈ ပေ အထိ ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် သာသနာ့ နယ်မြေများဖြစ်သည့်
ရွှေတိဂုံ ဧရိယာနှင့် ဆူးလေ ဧရိယာအနီးတွင် မိုးမျှော်တိုက်များ
ဆောက်လုပ်မှုကို ကန့်သတ်ထား ကြောင်း သိရသည်။

ဧရာဝတီ
ရွှေတိဂုံစေတီတော် ၀န်းကျင်တွင် အထပ်မြင့် အဆောက် အအုံ ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က အထပ်ဖြင့် ကန့်သတ်ခြင်းအစား အမြင့်ပေဖြင့် မတ်လမှ စတင် ၍ ပြောင်းလဲကန့်သတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်း စာတွင် ဖော်ပြထားသည်။

ကြေးနီစီမံကိန်း လျော်ကြေးငွေ သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ


လက်ပံတောင်းတောင်ဒေသမှာ တောင်သူတွေဆုံးရှုံးခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ ရွာ ၁၇ ရွာက တောင်သူတွေကတော့ အခြေအနေ ကို စောင့်ကြည့်နေကြ ဆဲဖြစ်တယ် လို့ ဒေသခံတွေ က ပြောပါတယ်။

ဓါတုပစ္စည်းသုံး အသီးအရွက်များ စားသုံးပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်

ဓါတုပစ္စည်းသုံး အသီးအရွက်များ စားသုံးပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်

မတ် ၁၉ ရက်၊ ၂၀၁၃

ဓါတုဗေဒပစ္စည်း အသုံးပြုထားသည့် အသီးအရွက်များအား စားသုံးမိပါကအစာအဆိပ်သင့်ခြင်း ၊ဟော်မုန်းရောဂါနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိရသည်။

“အသီးအရွက်တွေမှာက ပိုးသတ်ဆေးတွေမကုန်ဘဲ ကပ်ပါလာနိုင်သေးတယ်လေ၊ ပြီးတော့ရောင်းပန်းလှအောင် ဆိုပြီး ဓါတုဆေးသုံးတဲ့သူတွေလည်း ရှိလာတယ်၊ဘာပဲဖြစ်ဖြစ် ကိုယ်က စားတဲ့ အခါမှာ အထူး ဂရုစိုက်သင့်တယ်”ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ၀င်းဝင်းမြင့်ကဆိုသည်။
 
ပိုးသတ်ဆေးများ သာမက မမှည့်သည့် သစ်သီးများကို မှည့်အောင်ဆေးများအသုံးပြုခြင်း၊ ဆိုးဆေးများ အသုံးပြုခြင်းနှင့် အရွယ်အစားကြီးရန်ဓါတုဆေးအသုံးပြုခြင်းများလည်းရှိကြောင်း သိရသည်။

 ‘အသီးအရွက် ဆေးတဲ့ အရည်ဆိုပြီးတော့ သက်သက်လာတာရှိတယ်၊ အဲဒါကဈေးကြီးတော့လူတိုင်း မတတ်နိုင်ကြဘူး ၊ ရေနဲ့ဆေးတာကတော့ လူတိုင်းလုပ်နိုင်တယ်လေ၊အသီးအရွက်တွေကို စားခါနီးမှာ အနည်းဆုံး ရေနဲ့ ၃ခါ၊၄ ခါဆေးသင့်တယ် ’ ဟုဒေါက်တာဝင်းဝင်းမြင့်မှဆိုသည်။

ထိုဓါတုဗေဒ ပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်း၊ ကင်ဆာရောဂါနှင့်ဟော်မုန်းဆိုင်ရာ ရောဂါများဖြစ်နိုင်သည့်အပြင် စားသုံးသူများ၏မျိုးရိုးဗီဇကိုလည်း ထိခိုက်မှုရှိကြောင်းကိုလည်း သိရသည်။

ဟင်းသီးဟင်းရွက်များတွင် ဓါတုပစ္စည်းများသာမက ရောဂါပိုးများလည်းပါဝင်လာနိုင်သဖြင့် ရေဖြင့် သေချာ စွာဆေးပြီးမှ စားသုံးခြင်းသည်အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း သိရသည်။

အသီးအရွက်များကို ရေမဆေးဘဲစားသုံးပါက E.Coli ကဲ့သို့ အစာအဆိပ်သင့်စေသည့်ရောဂါပိုးများ ၀င်ရောက်ပြီး ၀မ်းရောဂါများဖြစ်ပွားနိုင်ကြောင်းကိုလည်းသိရသည်။

၂၀၁၃ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ဖရွာတွင်ဖေဖေါ်ဝါရီလ အတွင်းက ဓါတုဗေဒဆေးများပါဝင်သောဟင်းသီးဟင်းရွက်များကိုစားသုံးမိခြင်းကြောင့် ပုဂ္ဂလိကစက်ရုံဝန်ထမ်း (၃၂)ဦး အစာ အဆိပ်သင့်မှုဖြစ်ပွားကာ (၂) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ယခုအခါတွင် ထိုကဲ့သို့ ကင်ဆာဖြစ်စေနိုင်သောဓါတုဗေဒ ပစ္စည်းများကိုရှောင်ရှားလိုသူများအတွက် ပိုးသတ်ဆေး နှင့် ဓါတုဗေဒ ဆေးဝါးများအသုံးမပြုဘဲ စိုက်ပျိုးထားသော(Organic) အသီးအရွက်များ ဈေးကွက်အတွင်းသို့ရောက်ရှိနေသည်ဟုသိရသည်။

သို့သော် လူထု၏အခြေခံကျန်းမာရေး ဗဟုသုတနည်းပါးသည့်အပြင် ဈေးကွက်အတွင်းအဆိုပါ  (Organic) အသီးအရွက်များဝင်ရောက်မှုမှာည်းပါးနေသေးကြောင်းသိရှိရသည်။

Myit Makha Mediagroup
ဓါတုဗေဒပစ္စည်း အသုံးပြုထားသည့် အသီးအရွက်များအား စားသုံး မိပါကအစာအဆိပ်သင့်ခြင်း ၊ဟော်မုန်းရောဂါနှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိ ရသည်။

ကွမ်လုံမြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ကွမ်လုံမြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

မတ် ၁၉ ရက်၊ ၂၀၁၃
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့တွင် မတ်လ (၁၈) ရက်နေ့က လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ (၁၈) ရက်နေ့တွင် ကွမ်လုံမြို့ ဗိုလ်ချုပ်လမ်း၊ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ယာဉ်ထိန်း ရဲများမှ ယာဉ် အန္တရာယ်ကင်းရေး ဆောင်ရွက်နေစဉ် ကာမိုင်းကျေးရွာဘက်မှ ချင်းရွှေဟော်ဘက်သို့ ယာဉ်မောင်း လောက်ဖာ (တန့်ယန်း မြို့နေသူ) မောင်းနှင်လာသော KANBO -125 (အနီရောင်) ဆိုင်ကယ်အား လိုင်စင်စစ်ဆေးရာ လိုင်စင်မဲ့ဆိုင်ကယ် ဖြစ်ကြောင်း တွေ့ရှိပြီး ၎င်းဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော “ စိန် မြ ချယ် ” ခေါက်ဆွဲခြောက်ဖာအတွင်းမှ ဘိန်းစိမ်း (၁၄) ထုပ် အလေးချိန် (၂၀) ကီလိုဂရမ်ခန့် ကာလ တန်ဖိုးအားဖြင့် သိန်း (၉၀)ခန့် ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများတရားမ၀င်သယ်ဆောင်လာသော လောက်ဖာ အား ကွမ်လုံရဲစန်းမှ မယ (ပ) ၃/ ၂၀၁၃ ၊ မူးယစ်ပုဒ်မ ၁၅ / ၁၉ (က) / ၂၀ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Shan News
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့တွင် မတ်လ (၁၈) ရက်နေ့က လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ရေပေးဝေမှု အစီအစဉ်

၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ရေပေးဝေမှု အစီအစဉ်
ရန်ကုန် ၊ ၁၉-၃-၂၀၁၃

၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ပြည်သူများ ရေပြတ်လပ်မှု မရှိစေရေး အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းမှု ) က စီစဉ်ထားရာ ဧပြီလ ၁၃ ရက် ( သင်္ကြန် အကြိုနေ့ ) မှ ဧပြီလ ၁၆ ရက် ( သင်္ကြန် အကျနေ့ ) တို့တွင် ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဗဟန်း နှင့် ဒဂုံ မြို့နယ် များသို့ နံနက် ၇ နာရီမှ ၁၁ နာရီ ၊ ညနေ ၃ နာရီမှ ၆ နာရီထိ ၂ကြိမ် ရေပေးဝေမည် ဖြစ်ကြောင်း ၊ အလုံ ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်း တို့အား နံနက် ၇ နာရီမှ ၁၀ နာရီထိ ရေပေးဝေ သွားမည် ဖြစ်ကြောင်း နှင့် ကျန်မြို့နယ် များကို မူလ ရေပေးဝေချိန် အတိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရေရရှိရေး အတွက် အကူအညီ တောင်းခံလို ပါက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းမှု ) ဖုန်း ၀၁- ၂၄၉ ၆၅၅ ၊ ၀၁- ၂၄၃ ၅၅၀ ၊ ၀၁- ၃၈၂ ၉၈၉ ၊ ၀၁- ၃၈၂ ၉၉၀ ၊ ၀၁- ၆၆၀ ၃၄၀ တို့သို့ ဆက်သွယ် တောင်းခံ နိုင်ကြောင်း သိရှိရသည်။
The Myawady Daily

ZinYawNews
၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များ အတွင်း ပြည်သူများ ရေပြတ် လပ်မှုမရှိစေရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီ ၊ အင်ဂျင်နီယာဌာန ( ရေနှင့် သန့်ရှင်းမှု )က စီစဉ်ထားရာ ဧပြီလ ၁၃ ရက် ( သင်္ကြန် အကြိုနေ့ ) မှ ဧပြီလ ၁၆ ရက် ( သင်္ကြန် အကျနေ့ ) တို့တွင် ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဗဟန်း နှင့် ဒဂုံ မြို့နယ် များသို့ နံနက် ၇ နာရီမှ ၁၁ နာရီ ၊ ညနေ ၃ နာရီမှ ၆ နာရီထိ ၂ကြိမ် ရေပေးဝေ

“အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် တောင်ကိုရီးယား ဝေဟင်တွင် လေ့ကျင့်ပျံသန်း”

Photo: “အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် တောင်ကိုရီးယား ဝေဟင်တွင် လေ့ကျင့်ပျံသန်း”

တောင်ကိုရီးယားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း နျူကလီးယားဗုံး သယ်ဆောင်အသုံးပြုနိုင်သော B-52 ဗုံးကြဲလေယာဉ် လေ့ကျင့်ပျံသန်းခဲ့ကြောင်း အမေရိကန်က ပြောကြားသည်။

ယခုလေ့ကျင့်မှုမှာ တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ တင်းမားမှုများရှိနေသော မြောက်ကိုရီးယားကို သတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်း Channel NewsAsia သတင်းတွင် ရေးသားဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွင်း B-52 ဗုံးကြဲလေယာဉ် လေ့ကျင့် ပျံသန်းမှုကိုလည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း နျူကလီးယားဗုံး သယ်ဆောင်အသုံးပြုနိုင်သော B-52 ဗုံးကြဲလေယာဉ် လေ့ကျင့်ပျံ သန်းခဲ့ကြောင်း အမေရိကန်က ပြောကြားသည်။
ယခုလေ့ကျင့်မှုမှာ တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ တင်းမားမှုများရှိနေသော မြောက်ကိုရီးယားကို သတိပေးလိုက်ခြင်း လည်းဖြစ်ကြောင်း Channel NewsAsia သတင်းတွင် ရေးသားဖော်ပြ သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသော မြေယာများအတွက် မတ် ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသော
မြေယာများအတွက် မတ် ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း
တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်
Tuesday, March 19, 2013
    
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသော
မြေယာများအတွက် လျော်ကြေးငွေများကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို
ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီသည် မတ်လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးငွေများကို
ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း မြေယာများ စိစစ်ရေးအဖွဲ့ အနေဖြင့် မတ်လ ၁၇ ရက်နေ့တွင် တောင်သူ ၁၁၁ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း
၃၃၅၁ သိန်းကျော်ကို ထပ်မံပေးအပ်ခဲ့ရာ ၁၆ ရက်နှင့် ၁၇ ရက်နေ့
နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်သွားပြီးနောက်တွင် စီမံကိန်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် မုံရွာမြို့မှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ၁၆ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည်၊
ကျော်ရွာ၊တောင်ပလူ၊ မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများကို
လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူ ထားသော မြေယာများအတွက် လျော်ကြေးငွေများကို မတ်လ ၁၆ ရက်နေ့မှစတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကိုပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန် ချက်များအရ သိရသည်။

အမေရိကန်တွင် ဒေါ်လာ ၄ သန်း တန်ဖိုးရှိသည့် ဆေးခြောက်များ သိမ်းဆည်းရမိ

Photo: အမေရိကန်တွင် ဒေါ်လာ ၄ သန်း တန်ဖိုးရှိသည့် ဆေးခြောက်များ သိမ်းဆည်းရမိ
Tuesday, March 19, 2013

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ
ဆန်တာဘာဘရာမြို့ အနီး ကမ်းခြေတွင် ပေါင် ၂,၀၀၀ နီးပါး အလေးချိန်ရှိသော ဆေးခြောက်အိတ်များ သိမ်းဆည်းရမိကြောင်း
RT News တွင် ဖော်ပြသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ခန့်မှန်းတွက်ချက်မှုအရ ဆေးခြောက်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ သန်းခန့်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆေးခြောက်အိတ်များကို ကမ်းခြေရှိ ချုံပုတ်များကြား နေရာခွဲကာ သိုဝှက်ထားခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ဝင် များက ပြောကြားသည်။

Planet Myanmar Network အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်တာဘာဘရာမြို့အနီး ကမ်းခြေတွင် ပေါင် ၂,၀၀၀ နီးပါး အလေးချိန်ရှိသော ဆေးခြောက်အိတ်များ သိမ်းဆည်းရမိကြောင်း
RT News တွင် ဖော်ပြသည်။

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား
ပြင်းထန်စွာ ဝေဖန်လိုက်ကြ
Tuesday, March 19, 2013

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက်ပိုင်း 
ရက်အနည်းငယ် သည် အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြသည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်း စုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့်
အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ် အောင်မြင်နိုင်ရေး လမ်းခရီးကို ဖြတ်သန်းရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။

ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့်
ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက်အပေါ် ဝေဖန်လာကြသည်။

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ
လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်းအရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student 
အစီရင်ခံစာ တစောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ 
စစ်မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။

အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြသည်ဟု Oxford Student အစီရင်ခံစာက ဆိုသည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံး
နေသည်ဟုလည်း ဆိုခဲ့သည်။

“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စု ဟာလည်း ပြောသင့်တာတွေကို ပြောဖို့လိုအပ်ပါတယ်” ဟု 
Dr. Carey က ဆိုသည်။

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ 
နည်းကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ်ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ်
ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း
ဖြစ်သည်။

မဇ္ဈိမ
လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းရက် အနည်းငယ်သည် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြ သည်။

ကနေဒါတွင် အကျဉ်းသားနှစ်ဦးက ရုပ်ရှင်ဆန်ဆန် ထောင်ဖာက်ပြေး

Photo: ကနေဒါတွင် အကျဉ်းသားနှစ်ဦးက ရုပ်ရှင်ဆန်ဆန်
ထောင်ဖာက်ပြေး
Tuesday,March 19, 2013

ကနေဒါနိုင်ငံတွင် စွန့်စားခန်း ရုပ်ရှင်ဆန်ဆန် ထောင်ဖောက်ပြေးပြီး အကျဉ်းသားနှစ်ဦး လွတ်မြောက်သွားကြောင်း သတင်းများက
ဖော်ပြခဲ့သည်။

လေထဲတွင် ဝဲနေသည့် ရဟတ်ယာဉ်ပေါ်မှ ချပေးလိုက်သည့် ကြိုးအတိုင်း တွယ်တက်ကာ ထောင်သားနှစ်ဦး လွတ်မြောက်သွားကြောင်း စိန့်ဂျရိုမီ အကျဉ်းထောင်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မွန်ထရယ်လ် မြို့အနီးရှိ အဆိုပါ ထောင်တွင် ဖြစ်ပွားသည့် ထောင်ဖောက်မှု အပြီး၌ ရဲတပ်ဖွဲ့သည် အကြီးအကျယ် ဖြန့်ကျက်ကာ ထောင်သားများကို ရှာဖွေခဲ့သည်။ နောက်ပိုင်းတွင်မူ ထောင်သားတစ်ဦးကို ပြန်လည် ဖမ်းမိကာ နောက်ထပ် လူ(၂)ဦးကိုလည်း ဖမ်းဆီး ရမိကြောင်း ရဲများက ဆိုသည်။

Read more http://www.planet.com.mm/news/read.cfm/id/21222

Planet Myanmar Network
ကနေဒါနိုင်ငံတွင် စွန့်စားခန်း ရုပ်ရှင်ဆန်ဆန် ထောင်ဖောက်ပြေးပြီး အကျဉ်းသားနှစ်ဦး လွတ်မြောက်သွားကြောင်း သတင်းများကဖော်ပြ ခဲ့သည်။
လေထဲတွင်ဝဲနေသည့် ရဟတ်ယာဉ်ပေါ်မှ ချပေးလိုက်သည့် ကြိုး အတိုင်း တွယ်တက်ကာ ထောင်သားနှစ်ဦး လွတ်မြောက် သွားကြောင်း စိန့်ဂျရိုမီအကျဉ်းထောင်မှ တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

မြန်မာနဲ့ သြစတြေးလျ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်

Photo: မြန်မာနဲ့ သြစတြေးလျ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် 

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သြစတြေးလျနိုင်ငံက နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးသွားဖို့ ကတိပြုလိုက်သလို ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမယ်လို့ သြစတေးလျဝန်ကြီးချုပ် Julia Gillard က မတ်လ ၁၈ ရက် ဒီနေ့မှာ ပြောလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ သြစတေးလျနိုင်ငံ ခရီးစဉ်အတွင်းမှာ ၀န်ကြီးချုပ် Julia Gillard နဲ့ ဒီနေ့ Canberra မြို့တော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ရှင်းပြခဲ့တာပါ။

ဝန်ကြီးချုပ် Julia Gillard က သြစတြေးလျနဲ့ မြန်မာအစိုးရတို့ ပူးတွဲဆောင်ရွက်ရေးအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာလာရေး၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာရေး ၊ စီးပွားရေး အဆောက်အအုံတွေ ခိုင်မာလာရေးအတွက် ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကူညီဖို့ သဘောတူခဲ့တာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ သြစတြေးလျနိုင်ငံရဲ့ အကူအညီကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးအထိ တိုးမြှင့်ကူညီသွားမယ်လို့လည်း ၀န်ကြီးချုပ် Julia Gillard က ထည့်သွင်းပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ အကူးအပြောင်းကာလမှာ ရှိနေသလို၊ နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေရမှုအပြင် ပြည်သူတွေကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်အောင် ခေတ်မီစီးပွားရေးစနစ်တခုကို ကြိုးပမ်းနေရတဲ့အတွက် ကမ္ဘာကြီးမှာ မကြုံဖူးသေးတဲ့ သုံးပွင့်ဆိုင် အပြိုင်ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်နက်တည်း ကြိုးပမ်းနေရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သြစတြေးလျနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာရာမှာ ကာကွယ်ရေးဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘောတူညီချက်တွေ ရခဲ့တယ်လို့ဆိုပါတယ်။  မကြာခင်ကာလမှာ သြစတြေးလျ စစ်သံမှူးရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်တော့မှာဖြစ်သလို၊  မြန်မာ့တပ်မတော် အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် သြစတေးလျက နည်းပညာအကူအညီ ပေးသွားမယ်လို့လည်း သြစတေးလျအစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

စစ်လက်နက်ပစ္စည်းရောင်းဝယ်မှု ကန့်သတ်ထားတာကိုတော့ ဆက်လက်ထားရှိသွားမယ်လို့လည်း ၀န်ကြီးချုပ် Julia Gillard က ပြောခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျက ချမှတ်ထားတဲ့ မြန်မာခေါင်းဆောင်တွေ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကိုလည်း ရုပ်သိမ်းပေးတော့မှာဖြစ်သလို ရန်ကုန်မြို့မှာ ကုန်သွယ်ရေးဆက်ဆံရေးရုံးလည်း ဖွင့်လှစ်သွားမယ်လို့လည်း သြစတြေးလျ အစိုးရကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သြစတြေးလျနိုင်ငံက နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးသွားဖို့ ကတိပြုလိုက်သလို ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိုလည်း တိုးမြှင့် သွားမယ်လို့ သြစတေးလျဝန်ကြီးချုပ် Julia Gillard က မတ်လ ၁၈ ရက် ဒီနေ့မှာ ပြောလိုက်ပါတယ်။

FDI နည်းဥပဒေ အတည်ပြု

Photo: FDI နည်းဥပဒေ အတည်ပြု
2013-03-18

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်နှစ်ရပ်က မတ်လ ၁၈ ရက် ဒီကနေ့ အဆိုတင်သွင်းကြရာမှာ အမျိုးသားလွှတ်တော်ရဲ့ အဆိုကို ထောက်ခံမဲအများဆုံးနဲ့ အတည်ပြုခဲ့ပါတယ်။

ကန့်သတ်ထားတဲ့လုပ်ငန်းတွေမှာ နိုင်ငံခြားသားဖက်က ရင်းနှီးမြှုပ်နှံမယ် ဆိုရင် နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းနဲ့ ပြည်တွင်းလုပ်ငန်းရှင်ဖက်က ၂၀ ရာခိုင်နှုန်း ထည့်ဝင်လုပ်ဆောင်ရမယ်ဆိုပြီး အမျိုးသားလွှတ်တော်က တင်သွင်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဖက်ကတော့ နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်း လုပ်ငန်းရှင် ၅၁ ရာခိုင်နှုန်းဆိုပြီး တင်သွင်းခဲ့တာပါ။

အဲဒီလို အဆို နှစ်ခုမှာ အမျိုးသားလွှတ်တော်ဖက်က အဆိုကို ထောက်ခံ အတည်ပြုခဲ့တာပါ။

နည်းဥပဒေ အတည်ပြုပြီးသွားရင် မြန်မာနိုင်ငံက အသေးစား အလတ်စား နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ထိုနည်းတူ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား လာရောက်လုပ်ကိုင်နိုင်မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်နှစ်ရပ်က မတ်လ ၁၈ ရက် ဒီကနေ့ အဆိုတင်သွင်း ကြ ရာမှာ အမျိုးသားလွှတ်တော်ရဲ့ အဆိုကို ထောက်ခံမဲအများဆုံးနဲ့ အတည်ပြုခဲ့ပါတယ်။
ကန့်သတ်ထားတဲ့လုပ်ငန်းတွေမှာ နိုင်ငံခြားသားဖက်က ရင်းနှီးမြှုပ်နှံ မယ် ဆိုရင် နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းနဲ့ ပြည်တွင်း လုပ်ငန်းရှင် ဖက်က ၂၀ ရာခိုင်နှုန်း ထည့်ဝင်လုပ်ဆောင်ရမယ်ဆိုပြီး အမျိုးသား လွှတ်တော်က တင်သွင်းခဲ့ပါတယ်။

Monday, March 18, 2013

ရွှေပြည့်စုံဈေးမှ ကျပ် ၅ဝဝဝ တန်ငွေဖြည့်ကတ်ဝယ်ယူသူများအား ဟန်းဆက် ကံစမ်းမဲပေးမည့်အစီအစဉ် ယခုလအတွင်း စတင်မည်


ရွှေပြည့်စုံဈေးမှ ကျပ် ၅ဝဝဝ တန်ငွေဖြည့်ကတ်ဝယ်ယူသူများအား
ဟန်းဆက် ကံစမ်းမဲပေးမည့်အစီအစဉ် ယခုလအတွင်း စတင်မည်

ရန်ကုန်-မတ် ၁၈
ရွှေပြည့်စုံဈေးမှ ကျပ် ငါးထောင်တန်ငွေဖြည့်ကတ် ဝယ်ယူခြင်း ဖြင့်
ဟန်းဆက်ကံစမ်းခွင့် ရရှိမည့် အစီအစဉ်အား မတ်လ ၂ဝ ရက်မှ စတင်တော့မည်ဖြစ်ကြောင်း
ရွှေပြည့်စုံဈေး သာယာရေး ကော်မတီက ပြောသည်။
''တန်ဖိုးနည်းဆင်းကတ်တွေ စပြီးထွက်တဲ့နေ့အထိ မစောင့်တော့ ပါဘူး။
ကြားထဲမှာ ပိတ်ရက်တွေ အများကြီး ခံသွားမှာမို့လို့ပါ''ဟု ဈေးသာယာရေးအဖွဲ့မှ ဒေါက်တာ ညီညီအောင်က ပြောသည်။
ငွေဖြည့်ကတ်ဝယ်ယူရုံဖြင့် ဟန်းဆက်ရရှိနိုင်မည့် ကံစမ်းမဲ အစီအစဉ်အား
ရွှေပြည့်စုံဈေးရှိ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၏ လက်လီလက် ကား
ဈေးကွက်ပိုမိုမြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြော သည်။
၎င်းကံစမ်းမဲအစီအစဉ်မှာ ရွှေ ပြည့်စုံဈေးဒုတိယထပ်နှင့် တတိယ ထပ်ရှိ မိုဘိုင်းဖုန်းဆိုင်များ၌
ကျပ် ၅ဝဝဝ တန် ငွေဖြည့်ကတ်တစ်ကတ် ဝယ်ယူရုံဖြင့် ကံစမ်းမဲ ကူပွန်တစ် စောင် ရရှိမည် ဖြစ်သည်။
ကံစမ်း သူတစ်ဦးလျှင် ကူပွန်များစွာ ကံ စမ်းနိုင်မည်ဖြစ်သော်လည်း လူတစ် ဦးလျှင် ပေါက်မဲတစ်ခုသ
ာ ခံစားခွင့် ပေးသွားမည်ဟု ဈေးသာယာရေး ကော်မတီက ဆိုသည်။
လက်ကားဝယ်ယူသူများအား ကံစမ်းမဲအစီအစဉ်အတွင်း ပါဝင်ခွင့် ပြုမထားဘဲ
လက်လီဝယ်ယူမည့် သုံးစွဲမည့်သူများအတွက်သာ ပြု လုပ်ပေးခြင်းဖြစ်သည်။
''လက်ကားဝယ်ပြီး ကူပွန် ထည့်တာမျိုးတွေမဖြစ်အောင် ငွေ ဖြည့်ကတ်ကို ခြစ်ပြီးတာနဲ့
ကတ် အခွံနဲ့ကူပွန်ကို တစ်ခါတည်းပေး လိုက်မှာပါ''ဟု ဒေါက်တာ ညီညီ အောင်က ဆိုသည်။
ကံစမ်းမဲကာလအား မတ် ၂ဝ ရက်မှစ၍ ဧပြီ ၉ ရက်နေ့အထိ သတ်မှတ်ထားပြီး
ဧပြီ ၂၅ ရက်နေ့ တွင် ကံစမ်းမဲဖွင့်ပွဲပြုလုပ်မည် ဖြစ် သည်။
ကံစမ်းမဲကာလအတွင်း ရွှေ ပြည့်စုံဈေးဒုတိယထပ်နှင့် တတိယ ထပ်ရှိမိုဘိုင်းဖုန်းဆိုင်တိုင်းတွင်
ငွေ ဖြည့်ကတ်ဝယ်ယူခြင်းဖြင့် ကံစမ်း နိုင်မည်ဖြစ်သည်။
အဆိုပါ ဈေး အတွင်း မိုဘိုင်းဖုန်းဆိုင်ခန်းပေါင်း ၁၁ဝ ခန့်ရှိကြောင်း သိရသည်။သုတလင်း

Popular Myanmar News Journal
ရန်ကုန်-မတ် ၁၈
ရွှေပြည့်စုံဈေးမှ ကျပ် ငါးထောင်တန်ငွေဖြည့်ကတ် ဝယ်ယူခြင်း ဖြင့် ဟန်းဆက်ကံစမ်းခွင့် ရရှိမည့် အစီအစဉ်အား မတ်လ ၂ဝ ရက်မှ စတင်တော့မည်ဖြစ်ကြောင်းရွှေပြည့်စုံဈေး သာယာရေး ကော်မတီ က ပြောသည်။
''တန်ဖိုးနည်းဆင်းကတ်တွေ စပြီးထွက်တဲ့နေ့အထိ မစောင့်တော့ ပါဘူး။
ကြားထဲမှာ ပိတ်ရက်တွေ အများကြီး ခံသွားမှာမို့လို့ပါ''ဟု ဈေးသာယာရေးအဖွဲ့မှ ဒေါက်တာ ညီညီအောင်က ပြောသည်။

မြန်မာသမ္မတ လာရောက်လည်ပတ်ခြင်းအပြီး သြစတြေးလျက ကာကွယ်ရေး ထိန်းချုပ်မှု ဖြေလျှော့

Photo: မြန်မာသမ္မတ လာရောက်လည်ပတ်ခြင်းအပြီး
သြစတြေးလျက ကာကွယ်ရေး ထိန်းချုပ်မှု ဖြေလျှော့
Monday, March 18, 2013

သြစတြေးလျသည် ၁၉၇၄ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ၏ ထိပ်သီးအကြီးအကဲ တစ်ဦးဖြစ်သည့်
သမ္မတ ဦးသိန်းစိန် လာရောက်သောကြောင့် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တင်းကျပ်ထားမှုကို
ဖြေလျှော့ရန်နှင့် အကူအညီတိုးမြှင့်ရန် ယနေ့ သတင်းထုတ်
ပြန်သည်။

စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခံ ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအနေနှင့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်းပြီး အရပ်သားအစိုးအရအဖြစ်
ပြောင်းလဲလာ သည်မှာ နှစ်နှစ်ပြည့်လုနီးပြီဖြစ်သည်ကို အသိ အမှတ်ပြုသည့်အနေနှင့် အကူအညီကို သြစတြေးလျနိုင်ငံက တိုးမြှင့်ခြင်းဖြစ်ကြောင်း ဆိုသည်။

“နိုင်ငံနီးချင်းဖြစ်ပြီး ဒေသတွင်းနိုင်ငံအဖြစ်တိုးတက်လာနေတဲ့
အတွက် ပွင့်လင်းပြီးကြွယ်ဝတဲ့မြန်မာနိုင်ငံသည် သြစတြေးလျ
နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်” ဟု မြန်မာနိုင်ငံနှင့်
ပတ်သက်ပြီး သြစတြေးလျဒုဝန်ကြီး ဂျူလီယာဂစ်လားဒ်က
ဆိုသည်။

“သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား တိုးတက်ရေး သဘောတူညီချက်တွေမှာ ပြုပြင်ပြောင်းလဲနေဆဲ ဖြစ်တဲ့
နိုင်ငံရေးလွတ်လပ်ခွင့်တွေ၊ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်
မှုတွေကို ပိုမိုတိုးတက်စေမယ့် အခွင့်အလမ်းသစ်တွေကို
တိုးတက်စေဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။

The Myanma Age သြစတြေးလျသည် ၁၉၇၄ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ၏ ထိပ်သီးအကြီးအကဲ တစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန် လာရောက်သောကြောင့် မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တင်းကျပ်ထားမှုကိုဖြေလျှော့ရန်နှင့် အကူ အညီတိုးမြှင့်ရန် ယနေ့ သတင်းထုတ်ပြန်သည်။

ညောင်ဦးဈေးတစ်ဝိုက် ယာဉ်သွား၊ယာဉ်လာများ၊ ရှုပ်ထွေးနေသောကြောင့် မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော်စေလို

Photo: ညောင်ဦးဈေးတစ်ဝိုက် ယာဉ်သွား၊ယာဉ်လာများ၊ ရှုပ်ထွေးနေသောကြောင့်
မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော်စေလို
Monday, March 18, 2013

ညောင်ဦးမြို့ မဏိစည်သူဈေး တစ်ဝိုက်တွင် ယာဉ်သွားယာဉ်လာများ၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဈေးသွားဈေးလာများဖြင့်
နေ့စဉ်ပြည့်ကျပ် ရှုပ်ထွေးနေသော ကြောင့်မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေချင် ကြောင်းဒေသခံများထံမှ သိရှိရပါသည်။

““နေ့စဉ် နံနက်တိုင်း tour ကားတွေက အကြီးအငယ် အ၀င် အထွက် တန်းစီပြည့်ကျပ်နေတယ်။မြင်းလှည်း၊ ဆိုက္ကား၊ တွန်းလှည်းတွေနဲ့၊
မြင်းခြံပခုက္ကူတွေဘက် သွားတဲ့ စီမံကိန်းကားရှည်ကြီး တွေကလည်း
နေ့စဉ်ရှိတယ်နိုင်ငံ ခြားသားတွေနဲ့တစ်နေ့နေ့ ပြဿနာဖြစ်လာနိုင်တယ်””ဟုဈေးအနီး နေထိုင်သော ဒေသခံတစ်ဦးကပြောသည်။

““မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်ပါပြီ။ လုပ်တော့မယ် လုပ်တော့မယ်နဲ့ ကြာလှပြီ။ ခုထိဘာမှလည်း ဟုတ် တိပတ်တိ အကောင်အထည်ပေါ် မလာသေးဘူး”” ဟုမြို့ခံတစ်ဦးက
ပြောသည်။

မဏိစည်သူ ဈေးမှာလည်း လက်ရှိအခြေအနေအရ ကျဉ်းကျပ် လာပြီဖြစ်ကြောင်း၊ မဏိစည်သူဈေး နှင့် ဘုန်းစင်ဝိုင်းအတွင်းရှိ
ဈေးများသည် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများ အဓိကထား လာ ရောက် လေ့လာသောနေရာ တစ် ခုဖြစ်ကြောင်းသိရသည်။ 

မြို့ရှောင်လမ်းအား အကောင်အထည်ဖော် လိုက်ပါက ပြည်တွင်းပြည်ပ ခရီးသွား များ၊ ဒေသခံများ ယာဉ်အန္တရာယ် ကင်းဝေးသွားနိုင်သည့် အပြင်၊ မြို့တွင်းလမ်းနှင့် ချောင်းများ ပျက် စီးမှု နည်းပါးသွားမည်ဖြစ်ကြောင်း
ဒေသခံများက သုံးသပ်ပြောဆို သည်။

ပုဂံသစ္စာ
Popular Myanmar News Journal
ညောင်ဦးမြို့ မဏိစည်သူဈေး တစ်ဝိုက်တွင် ယာဉ်သွားယာဉ်လာများ၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ၊ ဈေးသွားဈေးလာများဖြင့် နေ့စဉ်ပြည့်ကျပ် ရှုပ်ထွေး   နေ သော ကြောင့်မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေ ချင် ကြောင်းဒေသခံ များထံမှ သိရှိရပါသည်။

ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး

 
မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးကို အဌား ယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

မန်း မဟာမုနိဘုရားကြီးဝန်းအတွင်း ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား

ကလေးချီထားသောအမျိုးသမီးတစ်ဦးအား မန်းမဟာမုနိဘုရားကြီးဝန်းအတွင်း အမျိုးသမီး ၆ယာက် ၇ယောက်ခန့်က မတ်၁၅ ရက်တွင် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

နိုင်ငံ အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှ အပ ကျန်ကုန် ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို

Photo: နိုင်ငံ အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှ အပ ကျန်ကုန် ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို
Monday, March 18, 2013 

နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှအပ ကျန်ကုန်ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သည် လုပ်ငန်းရှင် များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး မန္တလေးတိုင်း ဒေသကြီး မန်နေဂျာရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဈေးကွက် ဝယ်လိုအား ကောင်းသော သီးနှံ များအား ရာသီချိန်ကိုက် စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမို တင်ပို့ နိုင်ရေး၊ နိုင်ငံခြား ဈေးကွက် ပုံမှန် ရရှိရေး၊ လက်ကား ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုး တက် ရေးနှင့် ကဏ္ဍအလိုက် အသင်း အဖွဲ့များကို မြို့နယ်အဆင့် များအထိ တိုးချဲ့ ဖွဲ့စည်းပြီး မြို့နယ် တိုင်းတွင် ကုန်စည်ဒိုင်များ ပေါ်ပေါက်လာပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှ စတင်ပြဋ္ဌာန်းမည့် နိုင်ငံတကာ သဘော တူညီချက် များနှင့် ပြည်တွင်း ဥပဒေများ အရ ကန့်သတ် ကုန်ပစ္စည်း၊ တားမြစ် ကုန်ပစ္စည်း၊ နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်းများ မှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် ထားရန် မလိုဘဲ တင်ပို့ တင်သွင်းခွင့်ပြု သွားရန် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်း၍ အဆင့်ဆင့်
ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်း ကိုလည်း နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ လိုင်စင်များ လက်ခံစိစစ် ထုတ်ပေးမည် ဖြစ်ပါသဖြင့် နေပြည်တော်သို့ လာရောက် လိုင်စင် လျှောက်ထားရသည့် ကုန်ကျစရိတ်၊ သီးသန့် လိုင်စင် လျှောက်ထားရန် ဝန်ထမ်း ခန့်အပ်ထားသည့် စရိတ်များ
လျော့နည်းသက်သာ သွားမည် ဖြစ်ကြောင်း၊ မန္တလေး တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန် ရှိသူများ၊ ကုန်စည်ဒိုင်မှ တာဝန်ရှိ သူများ၊ လုပ်ငန်းရှင်များ အနေဖြင့် တောင်သူအကျိုး၊ ကုန်သည် ပွဲစားများ အကျိုး၊ ပြည်ပ တင်ပို့သူများ အကျိုးနှင့် နိုင်ငံတော် အကျိုးကို မျှတအောင် စဉ်းစားသုံးသပ် ကြပြီး နိုင်ငံတကာ အဆင့်မီ ကုန်စည်ဒိုင် များ ဖြစ်ပေါ်လာရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် တာဝန်ရှိသူများက ကုန်သွယ်မှုလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြ၀တီ နိုင်ငံတော်အတွက် အရေးကြီးသည့်ကုန်ပစ္စည်း များမှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို၊ လိုင်စင် ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည်

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ် လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆို




Photo: ၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်
လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြည်ပရောက် မြန်မာတွေ မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေကို
ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေး ကိုလည်း ထည့်သွင်း
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မစ္စတာကင်တာနား နှင့် ကိုဌေးကြွယ် (88 Generation Students)
BBC

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ် လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ညောင်ဦးမှ ရန်ကုန်သို့ ပျံသန်းထွက်ခွာမည်ပြုစဉ် ရန်ကုန်အဲဝေးလေယာဉ် ခရီးသည်များပြန်ချကာ စက်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ရ

ကေအိုင်အိုနယ်မြေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဧပြီလမှသာ ဖြေမည်

ကေအိုင်အိုနယ်မြေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဧပြီလမှသာ ဖြေမည်

မတ် ၁၈ ရက်၊ ၂၀၁၃

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေပြီဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းတွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ်ကြောင်း ကေ အိုင်အို ပညာရေးဌာန ဒုတိယတာဝန်ခံ ဦးခွန်းအောင် က ပြောကြားသည်။ “မေးခွန်းတွေ ကို ကေအိုင်အို ပညာရေး ဌာနက ဘာသာရပ်အ လိုက် ရေးဆွဲထားပါတယ်” ဟု ၎င်းက ဆိုသည်။
 
 ကေအိုင်အို ပညာရေးဌာန၏ စာစစ်ဌာန သုံးခုရှိပြီး လိုင်ဇာ စာစစ်ဌာနတွင် ၁၃၄ ဦး၊ မိုင်ဂျာယန် စာစစ်ဌာနတွင် ၁၁၁ ဦးနှင့် အင်ဂွမ်းလ စာစစ်ဌာနတွင် ၂၅ ဦး စုစုပေါင်း ၂၇၀ ဦးရှိကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်လည်း ကေအိုင်အို ပညာရေးဌာနက ရေးဆွဲသည့် မေးခွန်း အတိုင်း တက္ကသိုလ် ဝင်တန်း ကျောင်းသားကျောင်းသူပေါင်း ၂၆၀ ဦး ဖြေ ဆို ခဲ့သည်။ ယင်းတက္ကသိုလ် ဝင်တန်း ဖြေ ဆိုအောင်မြင် သူများ သည် ကေအိုင် အို ပညာရေးဌာနမှ ဖွင့်လှစ်သော သင်တန်းများအပြင် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ ကူမင်းမြို့ရှိ တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများကို တက်ရောက်နိုင်ရန် ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ဦးခွန်းအောင်က ပြောကြားသည်။
 
 ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းသူကျောင်းသားများသည် ၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ ခုနှစ်အထိ အစိုးရ၏ အခြေခံပညာ အထက်တန်းကျောင်းများတွင် သွားရောက် ဖြေဆိုခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် သွားရောက် ဖြေဆိုရန် အဆင် မပြေသောကြောင့် ကေအိုင်အို နယ်မြေ အတွင်း၌ သာ စာမေးပွဲ စစ်ဆေးခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


From:ခေတ်လူငယ်
မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေပြီဖြစ်သော် လည်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းတွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ်ကြောင်း ကေ အိုင်အို ပညာရေးဌာန ဒုတိယတာဝန်ခံ ဦးခွန်းအောင် က ပြောကြား သည်။ “မေးခွန်းတွေ ကို ကေအိုင်အို ပညာရေး ဌာနက ဘာသာရပ်အ လိုက် ရေးဆွဲထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓဘာသာကို ပညာရှင်များ၏အမြင်



ဗုဒ္ဓဘာသာအပေါ် ကမ္ဘာတကလွှားက နာမည်ကျော်ကြားသော ပညာရှင်များ ၏ အမြင်များကို စုဆည်း တင်ပြအပ်ပါသည်။

အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…

Photo: အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…
Monday, March 18, 2013 

အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာများထည့် ၀င်ကြရန် ဖိတ်ခေါ်နေမှုများနေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလာသည့် အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ  မှုမရှိစေရန်နှင့်တာဝန်ရှိသူများ ကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး  မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြအပ်ပါသည်။

၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ  များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး   သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့်   အပြင်နိုင်ငံတော် အကြီးအကဲများကို ဖိတ်ခေါ်၍စက်ရုံအလုပ်ရုံဖွင့်ပွဲများပြုလုပ်ကာ၊ အပြိုင်အဆိုင်ကြော်ငြာကာ ငွေ တစ်ရာလျှင်လေးကျပ် မှ ရှစ်ကျပ်အထိ အတိုးငွေများအား မက်လောက်အောင် ပေး၍ဆွဲဆောင်ခဲ့ပါသည်။

အာမခံချက်မရှိခြင်း၊စနစ်မကျခြင်းကြောင့် အကျိုးဆောင်လုပ်ငန်းများ၊ တစ်စတစ်စပြိုလဲလာခဲ့သည်။ ဧရာမြေ၊လင်းသစ္စာ၊ Arrow၊သစ္စာပန်းခင်း၊ သဘာဝ၊မဟာဓနံ၊ခိုင်မာလာ၊  ငွေဇုန်၊ဓနသီရိ၊ကောင်းစေရာ၊ပင်လုံထိပ် ထား၊မုဒိတာ၊လမင်းသဉ္ဇာအစရှိသော အကျိုးဆောင်ကုမ္ပဏီ(၂၀)ကျော်ခန့် လုပ်သားပြည်သူများ၊အငြိမ်းစားဝန်ထမ်း များ၊သက်ကြီးရွယ်အိုများ၊ အလုပ်အကိုင် မလုပ်တတ်သူများ၏ စုဆောင်းငွေများ အား ပြန်လည် မထုတ်ပေးတော့သဖြင့် အတိုးလည်းမရ အရင်းလည်းဆုံးရှုံးသည့်   အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။

သက်ဆိုင်ရာကလည်း ကြားဝင်ဖြေ ရှင်းပေးမှု ထိရောက်အောင်
မလုပ်နိုင်ခဲ့ သဖြင့် ပြည်သူလူထုမှာအထိနာခဲ့ပါသည်။ထို့အတွက်ကြောင့် ဘဏ်များကိုလည်း အယုံအကြည်နည်းလာကာ၊အာရှဓနဘဏ်၊ 
မေဖလားဝါးဘဏ်အစရှိသော ဘဏ်ကြီး များပင်ပြိုလဲမှုများမှာ 
၂၀၀၃ခုနှစ် ဦးပိုင်  တွင်ဖြစ်ပေါ်လာခဲ့ရပါသည်။

အကျိုးဆောင် များမှဖြစ်ခဲ့သော ဂယက်ကြောင့် စီးပွားပျက်သူများခဲ့ခြင်း၊
ဘဏ်လုပ်ငန်းများပျက် စီးခဲ့ရခြင်း နိုင်ငံစီးပွားရေးကျဆင်းများ
ဖြစ်ပေါ်လာခဲ့ပါသည်။

ကုမ္ပဏီတစ်ခုပြိုလဲသွားလျှင် ယင်းကုမ္ပဏီ၏ အစုရှယ်ယာရှင်များသာ
ထိခိုက်ပြီးဘဏ်တစ်ခုပြိုလဲသွားပါက ဘဏ်အစုရှယ်ယာများသာမက
ပြည်သူတစ်ဦးချင်း၏ စီးပွားရေးကိုပါထိခိုက်ပြီး တိုင်းပြည်၏စီးပွားရေး
ကိုပါထိခိုက်နိုင်ပါသည်။

တိုင်းတရားရုံး၊ခရိုင်တရားရုံး၊ပြည် နယ်တရားရုံးများတွင် အမှုစုစုပေါင်း ၃ သောင်းမှ၅သောင်းဝန်းကျင်ခန့်ထိ အမှု များဖောင်းပွနေသဖြင့် ၀ရမ်းကပ်ထား သော အမှုများ၊ပစ္စည်းရှာမတွေ့သော အမှုများအား တရားရုံးချုပ် ညွှန်ကြား ချက်(၄/၂၀၀၈)ထုတ်ပြန်၍ ခေတ္တပိတ် သိမ်းခိုင်းသဖြင့် အမှုထောင်ပေါင်းမြောက် မြားစွာပိတ်သိမ်းခဲ့ရပြီး အမှုများမပြီးပြတ် ခဲ့ပါ။ 

အနိုင်ဒီကရီသာရရှိပြီးဘာမှ ဖြစ် မလာသောကြောင့် တရားရုံးများကို
ပြည်သူလူထုက အယုံအကြည်နည်းပါး လာခဲ့ပါသည်။ ကုမ္ပဏီများဘက်မှ
ဥပဒေအရ အကာအကွယ်ယူ၍မိမိအကျိုးအတွက် လုပ်ချင်သလို လုပ်နေသောကြောင့် ပင်စင် သမားများ၊၀န်ထမ်းများနှင့်ပြည်သူများ
နှစ်သိန်းငါးသောင်းကျော် သုံးသိန်းခန့် ကုမ္ပဏီများထံတွင်ငွေထည့်ဝင်ပြီး တရား စွဲဆိုသော်လည်း ဘာမှဖြစ်မလာခဲ့ပါ။ 

ကုမ္ပဏီပိုင်ပစ္စည်းများအားလည်း အာ ဏာပိုင်များအကူအညီဖြင့်
ဖျောက်ဖျက် နေကြောင်းသိရှိရပါသည်။ တရားစွဲဆိုရာတွင် အချိန်ကုန်၊ငွေ ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်းပြီးဆုံးရှုံးသွား သောငွေကြေးများပြန်လည်မရရှိဘဲ ရုံး စရိတ်၊ရှေ့နေစရိတ်များပါ ထပ်မံကုန်ကျ ခံရပါသည်။ကုမ္ပဏီပိုင်ရှင်များ
ပြန်လည် ပေးဆပ်ခြင်းမပြုသဖြင့် လူဖမ်းဝရမ်းထုတ်  ဆင့်မှုများအားလည်း
ဆောင်ရွက်ခွင့်မရှိပါသောကြောင့် ကုမ္ပဏီအကျိုးဆောင်များမှ အသာစီးရနေပြီး ပြည်သူအများစု   မှာ နစ်နာပြီးနစ်နာနေရပါသည်။

၂၀၀၃ခုနှစ် ၂၀၁၃ခုနှစ်ထိ ဆယ်စု နှစ်တစ်ခုအထိ တရားရုံးများတွင် ယင်း အမှုများ မပြီးပြတ်ဘဲ ထောင်သောင်း မကမြောက်ြမားစွာ ကျန်ရှိနေပါသည်။
ယခုအခါ အများပိုင်ကုမ္ပဏီများ  ထူထောင်ကာ အစုရှယ်ယာများခေါ်ယူ
နေမှုများ ထပ်မံဆောင်ရွက်မှုများရှိလာပါသဖြင့် ၂၀၀၂ခုနှစ်မှကဲ့သို့
ပြည်သူလူ ထုထပ်မံမခံစားရရန်နှင့်ယင်းဂယက်မှ တဆင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးမှုအရှိန် အဟုန်ဖြင့်ဆောင်ရွက်နေချိန်တွင် မလိုလားအပ်သော အခြေအနေကြောင့် တိုင်း ပြည်စီးပွား၊ပြည်သူ့စီးပွားအကျိုးမထိခိုက်    မနစ်နာစေရလေအောင် စိတ်ရင်းစေတနာ  မှန်စွာဖြင့် အသိပေး တင်ပြအပ်ပါသည်။

ဆွေးဦး
ွှThe Hot News အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာ များ ထည့်ဝင်ကြရန် ဖိတ်ခေါ်နေမှုများနေ့စဉ်ထုတ်သတင်းစာ များ တွင် ဖော်ပြလာသည့်အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ မှုမရှိစေ န်နှင့်တာဝန်ရှိသူများ ကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြ အပ်ပါသည်။
၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့် အပြင်နိုင်ငံတော်

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း

Photo: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း
Monday, March 18, 2013 
   
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာပြီး နောက်နှစ်ရက် အကြာတွင် စီမံကိန်းအား ကန့်ကွက်ဆန္ဒ ဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဆန္ဒပြသူများ ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်
နေကြသည့် ဒေသခံများသည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေးရွာမှ ဖွင့်လှစ်ထားသည့် လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်း တစ်ခုကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း သိရှိရသည်။

“ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒေသခံတွေကို ပြောသွားတဲ့ ဆန္ဒပြမယ်ဆိုရင် ဥပဒေဘောင် အတွင်းကနေ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ ဥပဒေနဲ့ မညီရင်တော့ အရေးယူမှုတွေ ရှိမှာပဲဆိုတဲ့ စကားကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်းပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဥပဒေနဲ့အညီပဲ စီမံကိန်းကို ရပ်ဆိုင်းဖို့အတွက် ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ဒေသခံများက ပြောပြခဲ့ကြသည်။

သပိတ်စခန်း ဖွင့်လှစ်ခဲ့သော တုံရွာမမှ ဦးဇေယျက “ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက ရိုင်းပြစွာ ဆက်ဆံတဲ့သူ အချို့ကြောင့် ရွာနာမည်သမိုင်း မပျက်စေဖို့ တုံရွာက လက်မခံတဲ့သူတွေ ပေါင်းစုပြီး အဲဒီလူတစ်စု လုပ်ရပ်ကို ရှုတ်ချပွဲ ဒေါ်အောင်ဆန်းစုကြည်ကို
တောင်းပန်ထောက်ခံပွဲ ပြုလုပ်သွားဖို့  စီစဉ်နေပြီး သက်ဆိုင်ရာကို
ပြုလုပ်ခွင့် တင်ပြထားပါတယ်” ဟူ၍ ပြောပြခဲ့သည်။

Eleven Media Group လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာပြီး နောက်နှစ်ရက် အကြာတွင် စီမံကိန်း အား ကန့်ကွက်ဆန္ဒ ဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဆန္ဒပြ သူများ ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်နေကြ သည့် ဒေသခံများ သည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေး

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

Photo: အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား 
Monday, March 18, 2013 

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း 
ကျတဲ့နေရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။

အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ 
အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ ခရီးသွားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဓာတ်ပုံ - အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို
ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။

ဗွီအိုအေ
အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံ ခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေ ရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင် ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင် ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိ 

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ် ၁၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ အော့ကလန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိကြရာ နယူးဆောက်ဝေးလ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိ သူများ၊ ဝန်ကြီးချုပ်ရုံးနှင့် နိုင် ငံခြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် ဆစ်ဒနီမြို့မှ သြစတြေးလျ တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး ကင်ဘာရာမြို့ တပ်မတော် လေယာဉ်ကွင်းသို့ ရောက်ရှိကြ ရာ ဝန်ကြီးချုပ် ရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ကြိုဆို ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့များသည် ခေတ္တ တည်းခိုမည့် ကင်ဘာရာ မြို့ရှိ ဟိုင်းယပ် ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ ကြသည်။

ညပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သြစတြေးလျ နိုင်ငံရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး နှင့်သံရုံး မိသားစု ဝင်များ၊ သြစတြေးလျ နိုင်ငံရောက် မြန်မာနိုင်ငံသား များ နှင့်တွေ့ဆုံ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

http://bit.ly/145Rdk7 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မတ် ၁၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နယူးဇီလန်နိုင်ငံ အော့ကလန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ ပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆစ်ဒနီမြို့ သို့ ရောက်ရှိကြရာ နယူးဆောက်ဝေးလ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။